အောင်ဆန်းကွင်းအား တစ်နှစ် ကျပ် သိန်း ၅၀ ဖြင့် ငှားရမ်းထား ရန်ကုန်မြို့က အောင်ဆန်းကွင်း၊ ပုဒုမ္မာကွင်းနဲ့ စလင်းကွင်းတွေကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံ နှစ် ၃၀ ငှားရမ်းထားပြီး တစ်နှစ်ငှားရမ်းခက ကျပ်သိန်း ၅၀ နဲ့ ကျပ်သိန်း ၃၀ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။ အောင်ဆန်းကွင်းနှင့် ပဒုမ္မကွင်း ငှားရမ်းခ ကျပ်သိန်း ၅၀ စီနှင့် စလင်းကွင်းငှားရမ်းခ ကျပ်သိန်း ၃၀ တို့ဖြင့် ငါးနှစ်တစ်ကြိမ် စာချုပ် ချုပ်ဆို ငှားရမ်းခြင်းဖြစ်ကာ ငှားရမ်းခငွေများကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် ပေးသွင်းရမယ်လို့ တိုင်းဒေသကြီးလွှတ်တော်မှာ သူက ယနေ့ ပြောကြားပါတယ်။ အဲဒီကွင်းတွေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က စတင်ကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံ ပြည်ထောင်စုအစိုးရက ကနဦး သုံးနှစ် အခမဲ့ ငှားရမ်းခဲ့ပြီးနောက် အခမဲ့ကာလ ကုန်ဆုံးဆုံးမှာ နှစ် ၃၀ ငှားရမ်းခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။ အဲဒီကွင်းတွေမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မြန်မာနေရှင်နယ်လိဂ်အပါအဝင် ဘောလုံးပွဲတွေကို လက်ခံကျင်းပနေပါတယ်။
Source : https://ift.tt/2kRi7Ji
via IFTTT
No comments:
Post a Comment