Tuesday, June 5, 2018


GitHub ကို အမေရိကန်ဒေါ်လာ ၇ ဒဿမ ၅ ဘီလီယံနဲ့ ဝယ်ယူလိုက်တဲ့ Microsoft Software Developers တိုင်း လိုလိုရဲ့ အားထားရာ Development Platform တခုဖြစ်တဲ့ GitHub ကို Microsoft ကုမ္ပဏီက ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။ Microsoft အနေနဲ့ GitHub ကို ဝယ်ယူဖို့ ဆွေးနွေးနေကြောင်း လွန်ခဲ့တဲ့ ၂ ရက် လောက်က စတင် သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး၊ ယနေ့မှာ တရားဝင် ဝယ်ယူလိုက်နိုင်ပြီ ဖြစ်ကြောင်း Microsoft ကိုယ်တိုင်က သတင်းထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ GitHub ကို ဝယ်ယူလိုက်မှုဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က LinkedIn ကို ကန်ဒေါ်လာ ၂၆ ဒဿမ ၂ ဘီလီယံနဲ့ ဝယ်ယူမှု ပြီးနောက် Microsoft CEO Satya Nadella လက်ထက် ဒုတိယမြောက် ဈေးအမြင့်ဆုံး ဝယ်ယူမှုအဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ GitHub ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကန်ဒေါ်လာ ၂ ဘီလီယံလောက် တန်ကြေးရှိပြီး၊ Microsoft က ကန်ဒေါ်လာ ၇ ဒဿမ ၅ ဘီလီယံအထိ ပေးပြီး ဝယ်ယူ လိုက်တာပါ။ GitHub ဟာ Developers တွေ အကြားမှာ နာမည်အကြီးဆုံး Code Repository တခုဖြစ်ပြီး၊ Apple, Amazon, Google အပါအဝင် နည်းပညာ ကုမ္ပဏီကြီးတွေ တော်တော်များများကလည်း သူတို့ရဲ့ Projects တွေ၊ Documentation တွေနဲ့ Code တွေကို GitHub မှာ Hosting လုပ်ထားကြပါတယ်။ GitHub ကို Microsoft ကပဲ ဝယ်ယူထားတဲ့ Xamarin ဆော့ဖ်ဝဲ ကုမ္ပဏီကို တည်ထောင်ခဲ့သူ Nat Friedman က ဦးဆောင်မှာ ဖြစ်ပြီး၊ Microsoft ရဲ့ Cloud and AI ဌာနအကြီးအကဲ Scott Guthrie ကို Report ပြုလုပ်ရမှာ ဖြစ်ပါတယ်။ GitHub ပူးတွဲတည်ထောင်သူနဲ့ လက်ရှိ CEO ဖြစ်တဲ့ Chris Wanstrath လည်း Microsoft မှာ နည်းပညာပိုင်းဆိုင်ရာ အကြီးအကဲ တယောက်အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။ Microsoft ဟာ GitHub ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Codeplex ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ရပ်ဆိုင်းပစ်ခဲ့ပြီး၊ လက်ရှိ မှာလည်း GitHub ရဲ့ ထိပ်တန်း Contributor တဦး ဖြစ်ပါတယ်။ GitHub ကို ဝယ်ယူလိုက်တာဟာ Developers တွေအကြားမှာ ယုံကြည်မှုတခု ပြန်တည်ဆောက်နိုင်ဖို့အတွက် ဖြစ်ပေမယ့်၊ Microsoft ရဲ့ အရင်လုပ်ရပ်တွေကြောင့် ယခုဝယ်ယူမှုကို သဘောမကျတဲ့ Developers တွေလည်း အများအပြား ရှိနေပါတယ်။ Microsoft ကတော့ သူတို့အတွက် ကြီးမားတဲ့ တာဝန်တခု ဖြစ်လာပြီကို ကောင်းကောင်း သိရှိထားကြောင်းနဲ့ GitHub ရဲ့ Developer ကျင့်ဝတ်တွေကို ဆက်လက် စောင့်ထိန်းသွားမှာဖြစ်ကာ GitHub ကို Open Platform တခုအနေနဲ့ လွတ်လပ်စွာ လည်ပတ်ခွင့်ပြုမယ်လို့ ပြောကြားထားပါတယ်။ Developers တွေရဲ့ Feedback တွေကိုလည်း ဦးစားပေး နားဆင်သွားမှာဖြစ်ပြီး၊ အခြေခံ လိုအပ်ချက်တွေကော စွမ်းဆောင်ရည် အသစ်တွေပါ ဖြည့်ဆည်းပေးသွားမယ်လို့ ဆိုပါတယ်။ Ref: The Verge, Tech Radar The post GitHub ကို အမေရိကန်ဒေါ်လာ ၇ ဒဿမ ၅ ဘီလီယံနဲ့ ဝယ်ယူလိုက်တဲ့ Microsoft appeared first on ဧရာဝတီ.
Source : https://ift.tt/2JtWnBm
via IFTTT

No comments:

Post a Comment