Tuesday, June 5, 2018


ခိုင်မြဲတဲ့ ချစ်ခြင်းအတွက် ပြုလုပ်သင့်တဲ့ နည်းလမ်း ၄ ခု တဦးနဲ့တဦး နှစ်တွေအကြာကြီး လက်တွဲသွားချင်တယ် ဆိုသူတွေအတွက် အဆက်အသွယ်က မရှိမဖြစ် အရေးပါပါတယ်။ တွဲလာတာကြာတဲ့အခါ ဘာရယ်မဟုတ် သူ့ဘက် ကိုယ့်ဘက်က လုပ်ဆောင်ရမယ့် အရာတွေ ပျက်ကွက်လာတာက မရည်ရွယ်လိုက်ပေမယ့် တဖက်သားက စိတ်ခုသွားတဲ့အခါ ပြသနာအကြီးကြီးတွေ ဖြစ်လာရပါတယ်။ တခါတရံမှာ အဆက်အသွယ်မလုပ်တဲ့ ပြဿနာက နှစ်ဦးသား လမ်းခွဲရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချစ်သူ နှစ်ဦးရဲ့ သံယောဇဉ်ကြိုးကို ဆွဲဆန့်ပေးနိုင်မယ့် အဆက်အသွယ်လုပ်ဖို့ နည်းလမ်းကောင်းတွေ ဝေမျှလိုက်ပါတယ်။ (၁) မာနကို ဖယ်ထားလိုက်ပါ သူ့ဘက်ကပဲ အမြဲဖုန်းဆက်တာမျိုးကို စောင့်မနေပါနဲ့။ သတိရတဲ့သူက အရင်ဆက်သွယ်လိုက်တာက သင်တို့ချစ်ခြင်းကြား အဖုအထစ် ကင်းစေမှာပါ။ ယောကျာ်းလေး၊ မိန်းကလေး မခွဲခြားဘဲ အလုပ်အားနေတဲ့သူ၊ သတိရတဲ့သူက ဆက်သွယ်ကြည့်ပါ။ တနေ့ကို ဖုန်းခဏခဏ ခေါ်လို့လည်း သင့်မာန ထိခိုက်မှာ စိတ်ပူစရာ မလိုပါဘူး။ (၂) အချိန်ပေးပါ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်၊ ပင်ပန်းပါစေ ဖုန်းဆက်ဖို့ ၅ မိနစ်လောက်တော့ အချိန်ပေးလိုက်ပါ။ လူချင်း မတွေ့ဖြစ်ရင် တောင် ဖုန်းနဲ့ အဆက်အသွယ် အမြဲရှိနေပါစေ။ တခါတလေမှာ အချိန်ခဏလေးနဲ့ ဖုန်းမပြောချင်ဘူးဆိုရင် စာတိုလေးတွေ မပျက်မကွက် ပို့ပေးသင့်ပါတယ်။ (၃) သင့်ဘက်က အပေး ပိုများပါစေ တခါတရံမှာ သူ့ဘက်ကိုပဲ မျှော်လင့်နေတာထက် သင့်ဘက်ကစပြီး ပေးလိုက်ပါ။ သူဖုန်းခေါ်တာမျိုးကို စောင့်နေမယ့်အစား သင်ကအရင် စခေါ်ကြည့်လိုက်ပါ။ မိန်းကလေး ဖြစ်နေလို့ မူမယ့်အစား စတွေ့ဖို့ကို တခါတလေမှာ ကိုယ့်ဘက်ကစပြောကြည့်ပါ။ (၄) ခွင့်လွှတ်တတ်ပါစေ သူ့ဘက်က အလုပ်တွေ ရှုပ်နေလို့ ဖုန်းမခေါ်အားတဲ့အခါ သင့်ဘက်က နားလည် ပေးကြည့်ပါ။ နားလည်မှု မပေးဘဲနဲ့ ဖုန်း မဆက်တိုင်း ပြဿနာ ရှာတာမျိုး၊ လမ်းခွဲဖို့ ခြိမ်းခြောက်တာမျိုး မလုပ်မိပါစေနဲ့။ ဒါဟာ သင့်အနေနဲ့ တဖက်သားကို အလေးထားရာ ရောက်သလို နှစ်ဦးသား ရင်ခုန်သံတွေ အေးစက် မသွားအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် ချစ်သူတွေကြားမှာ အဓိကကျတဲ့ အဆက်အသွယ် အမြဲရှိစေဖို့ ဒီလို နည်းလမ်းလေး ၂ ခုကိုသာ သုံးကြည့် လိုက်ပါ။ The post ခိုင်မြဲတဲ့ ချစ်ခြင်းအတွက် ပြုလုပ်သင့်တဲ့ နည်းလမ်း ၄ ခု appeared first on ဧရာဝတီ.
Source : https://ift.tt/2JadRTQ
via IFTTT

No comments:

Post a Comment