Wednesday, June 6, 2018

Kumudra

ညောင်လေးပင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ နဝမတန်းတက်ရောက်နေတဲ့ ကျောင်းသားအချင်းချင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူ မောင်ဟိန်းထက်ဝင်း အသက် (၁၅)နှစ်ဟာ နဝမတန်း (F)စာသင်ခန်းမှာ ပညာသင်ကြားနေပြီး ကျူးလွန်ခံရသူ မောင်နိုင်လင်းအောင် အသက် (၁၅)နှစ်မှ နဝမတန်း(E) စာသင်ခန်းမှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။ ဇွန်လ ၅ရက်နေ့ ညနေ ကျောင်းဆင်းချိန်က မောင်ဟိန်းထက်ဝင်းနဲ့ မောင်နိုင်လင်းအောင်တို့ အနည်းငယ်စကားများခဲ့ကြောင်းသိရပါတယ်။ “ နှစ်ယောက်စလုံးက နဝမတန်းကျောင်းသားတွေပါ။ မနေ့က ညနေကျောင်းဆင်းချိန်က ကျူးလွန်သူ မောင်ဟိန်းထက်ဝင်းက မောင်နိုင်လင်းအောင်ကို စက်ဘီးဖယ်ပေးခိုင်းတယ်။ ပြသနာက ကြီးကြီးမားမားကြီးလည်းမဟုတ်ပါဘူး။ဒီနေ့ရောက်တော့ မောင်နိုင်လင်းအောင်က အိမ်သာသွားတက်တယ်။ လမ်းမှာ မောင်ဟိန်းထက်ဝင်းနဲ့တွေ့တယ်။ မနေ့က ကိစ္စနဲ့ဘဲ မောင်ဟိန်းထက်ဝင်းက အသင့်ပါလာတဲ့ဓားမြောင်နဲ့ မောင်နိုင်လင်းအောင်ကို ထိုးခဲ့တာဖြစ်တယ်။”လို့ပြောပါတယ်။ မောင်ဟိန်းထက်ဝင်းဟာ အရိုး၃လက်မခန့် အသွား ၆လက်မခွဲခန့်ရှိဓားနဲ့ ထိုးခဲ့တာကြောင့် မောင်နိုင်လင်းအောင်မှ ဝဲရင်ညွှန့်အောက် ထိုးသွင်းဒဏ်ရာ ၁ချက်၊ ယာပေါင် ထိုးသွင်းဒဏ်ရာ ၁ချက်ရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ( စိုးရိမ်းရ)တင်ပို့ထားကြောင်းသိရပါတယ်။ ဒဏ်ရာရရှိသူ မောင်နိုင်လင်းအောင် မိခင်မှ မောင်ဟိန်းထက်ဝင်းကို ဥပဒေအရ အရေးယူပေးရန် တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် ညောင်လေးပင်မြို့မရဲစခန်းမှာ (ပ)၂၆၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ နှင်းနှင်း TAGS: ဓားထိုးမှု
Source : https://ift.tt/2JpzjjF
via IFTTT

No comments:

Post a Comment