Wednesday, June 6, 2018

Mizzima - News in Burmese

ပြင်ဦးလွင်တွင် တပ်မတော်အရာရှိအား စကေဘာဖြင့်ထိုးမှု တွင် ကျူးလွန်သူ လူငယ် ၇ ဦးအား ဖမ်းဆီးရမိထားတယ်လို့ ပြင်ဦးလွင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့၊ည ၁ဝ နာရီခန့်က ပြင်ဦးလွင်မြို့၊ ရပ်​ကွက်​ကြီး ၅၊ စန္ဒာမြိ်ုင်လမ်​း မှာ ခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်အား စကေဘာနဲ့ထိုးပြီး ထွက်ပြေးသွားတဲ့ တရားခံလို့ သံသယရှိသူတွေကို ဇွန်လ ၆ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဥ်မှာ ဒုတိယဗိုလ်​မှူးကြီးမိုးမြတ်​​အောင်​ ​မောင်​းနှင်​လာတဲ့ ကား​နဲ့ ဆိုင်ကယ်စတန့်ပြုလုပ်နေတဲ့ ဆိုင်ကယ်နဲ့ပွတ်တိုက်မိရာကနေ ဆိုင်ကယ်သမားလူငယ် ၇ ဦးက စကေဘာနဲ့ထိုးခဲ့ခြင်းဖြစ်ပါတယ်။ "သံသယရှိသူ ရှစ်ဦးထဲက မ​နေ့ညက ၇ ဦး ဖမ်းဆီးထားပြီးဖြစ်တယ်"လို့ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်မှူးကပြောပါတယ်။ ဖမ်းဆီးရမိထားတဲ့ နေလင်းဖြိုး၊ သန့်ဇေယျာအောင်၊ ချစ်ကို၊ဇေယျာဖြိုး၊ ပေါက်စ(ခ)အန့်မော်ကွန်း၊ ကောင်းမြတ်ပိုင် တို့ကို စစ်ဆေးနေပြီး ပြင်ဦးလွင်မြို့မရဲစခန်းမှာ (ပ) ၁၂၇/၂ဝ၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၁၁၄ အရ အမှုဖွင့်ထားပါတယ်။ Tags: ပြင်ဦးလွင် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်
Source : https://ift.tt/2JdvRfX
via IFTTT

No comments:

Post a Comment