ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တဲ့ ချဲလ်ဆီးဂိုးသမား ကော့တွိုက်စ် ချဲလ်ဆီးအသင်းဟာ ယခုနှစ်ရာသီမှာ နည်းပြအပြောင်းအလဲ ကိစ္စတွေနဲ့ လုံးပမ်းနေခဲ့ရပြီး အသင်းပိုင်ရှင် အီဗရာမိုဗစ်ဟာလည်း ဂိုးသမား ကော့တွိုက်စ်နဲ့ စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ ယနေ့မနက် သတင်းတွေမှာ အခိုင်အမာ ဖော်ပြချက်အရ သိရပါတယ်။ ချဲလ်ဆီးအသင်းနဲ့ အဆိုပါဂိုးသမားတို့ရဲ့ စာချုပ်သက်တမ်း ဟာ တစ်နှစ်သာ ကျန်တော့တာဖြစ်ပြီး ချဲလ်ဆီးအသင်းအနေနဲ့ အဆိုပါ ဂိုးသမားကို ထပ်မံ ပိုင်ဆိုင်လိုပါက ယခုအချိန်မှာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။ အခုလို စာချုပ်ကိစ္စဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်မှာတော့ အဆိုပါ ဂိုးသမားဟာ ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖို့သေချာနေပြီလားဆိုတဲ့ သုံးသပ်ပြောကြားမှုတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။ စပိန်သတင်းတစ်ခုမှာ ဖော်ပြေထားချက်အရ အဆိုပါကစားသမားကို ပီအက်စ်ဂျီအသင်းက အလိုရှိနေပေမယ့် ကစားသမား ကိုယ်တိုင်က မက်ဒရစ်ကိုသာ ပြန်လည် အခြေချလိုနေတာကြောင့် ၎င်းကို ခေါ်ယူဖို့ စပိန်ကလပ် အသင်းတွေက စောင့်မျှော်နေကြတယ်လို့ သိရပြီး စပိန်နာမည်ကြီးကလပ် ရီးရဲလ်မက်ဒရစ်ကလည်း ၎င်းကို ခေါ်ယူဖို့ အသင့်စောင့်ဆိုင်း နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အက်သလက်တီကို မက်ဒရစ်အသင်းကလည်း အကယ်၍ ၎င်းတို့ ဂိုးသမား အော့ဘလတ်အနေနဲ့ အသင်းမှထွက်ခွာခဲ့ပါက ၎င်းကိုခေါ်ယူသွားဖို့ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာလည်း ကော့စ်တွိုက်နေရာမှာ အစားထိုးဖို့အတွက် ရိုးမားဂိုးသမား အလီဆွန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အဆိုပါဂိုးသမားရဲ့ အေးဂျင့်ဟာလည်း မကြာခင်က ထွက်ပေါ်ထားတဲ့ အဆိုပါ ဂိုးသမားအနေနဲ့ ရီးရဲလ်ကိုသာ ပြောင်းရွှေ့လိုတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားတာကြောင့် အလီဆွန်ကို ပိုင်ဆိုင်နိုင်ဖို့ ချဲလ်ဆီးအသင်းအနေနဲ့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ ဒါ့အပြင် အလီဆွန်ဟာ ယခုအချိန်ထိ ရိုးမားနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှု ပြုလုပ်ထားခြင်း မရှိသေးတာကြောင့် ယခုနွေရာသီမှာ ၎င်းရဲ့အပြောင်းအရွှေ့ဟာ လှုပ်ခတ်လာနိုင်ချေ များနေပါတယ်။ The Ladies News
Source : https://ift.tt/2J3nuUn
via IFTTT
No comments:
Post a Comment