Friday, June 1, 2018

Eleven Media Group

အမေရိကန်၏ စည်းကြပ်ခွန်ချမှတ်မှုများက ဂျီ-၇ ကို ဒေါသထွက်စေခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲဖြစ်ရန် တာစူနေ အမေရိကန်က သံမဏိနှင့် အလူမီနီယမ် ကုန်ပစ္စည်းများအား စည်းကြပ်ခွန်များ ချမှတ်မှုသည် ဇွန် ၁ ရက်တွင် စတင်အာဏာသက်ဝင်ခဲ့ပြီး အမေရိကန်၏ အဓိကမဟာမိတ်များက လက်တုံ့ပြန်သွားမည်ဟု ကြေညာခဲ့စဉ် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ျားသည် ကျယ်ပြန့်သော ကုန်သွယ်ရေးစစ်ပွဲ၏ ချောက်ကမ်းပါးထိပ်သို့ ရောက်ရှိခဲ့ကြသည်။ အမေရိကန်သို့ အလူမီနီယမ်နှင့် သံမဏိများတင်သွင်းမှု အများဆုံးနိုင်ငံများဖြစ်ကြသော ကနေဒါနှင့် ဥရောပသမဂ္ဂတို့အား သွင်းကုန်စည်းကြပ်ခွန်များချမှတ်ထားမှုမှ ကင်းလွတ်ခွင့်ပေးထားမှုကို သက်တမ်းမတိုးရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့် က မေ ၃၁ ရက်တွင် ဆုံးဖြတ်ခဲ့ပြီးနောက် ကနေဒါ၌ ကျင်းပနေဆဲဖြစ်သော ဂျီ-၇ နိုင်ငံ ခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွင် ဆွေးနွေးမှုများကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် မက္ကဆီကိုတို့က အမေရိကန်ကုန်ပစ္စည်းများအား ဒေါ်လာဘီလျံနှင့်ချီ စည်းကြပ်ခွန်များ ပြန်လည်ပြဋ္ဌာန်း၍ တုံ့ပြန်သွားမည်ဟု ကတိပြုခဲ့ချိန်တွင် ပြင်သစ်က ထိုစည်းကြပ်ခွန်များ သက်ဝင်နေချိန်၌ မည်သည့်ညှိနှိုင်းမှုမျှ ဆောင်ရွက်မည်မဟုတ်ဟု ထုတ်ပြန်ခဲ့သည်။ ထရန့်၏ လုပ်ရပ်သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စတော့စျေးကွက်များကို ခြိမ်းခြောက်မှုဖြစ်သည်ဟု ၎င်း၏ ရီပက်ဘလီကင် ပါတီကပါ ရှုတ်ချခဲ့သည်။ အမေရိကန်၏ ယင်းစည်းကြပ်ခွန်များသည် တရားမဝင်ကြောင်း၊ ဥရောပက အခိုင်အမာနှင့် အချိုးကျကျ ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်က မေ ၃၁ ရက်နှောင်းပိုင်းတွင် ထရန့်နှင့်ဖုန်းဆက်မှု၌ ပြောကြားခဲ့သည်။ ကနေဒါနိုင်ငံ ကမ်းရိုးတန်းတောင်တန်း အပန်းဖြေစခန်းတစ်ခု၌ ဂျီ-၇ အဖွဲ့ဝင်များဖြစ်သော ကနေဒါ၊ ဂျာမနီနှင့် ဂျပန်တို့မှ ဘဏ္ဍာရေးဝန်ကြီးများနှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးစတီဗင်နူချင်က သီးခြားစီ ဆွေးနွေးခဲ့ကြသည်။ ပြီးခဲ့သောမတ်တွင် သံမဏိများနှင့် အလူမီနီယမ်သွင်းကုန်များအား စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အသီးသီးချမှတ်သွားမည်ဟု အမေရိကန်က ထုတ်ပြန်ခဲ့မှုသည် သံမဏိနှင့် ကြေးနီအလုပ်သမားထုနှင့် အလုပ်အကိုင်များအတွက် ကောင်းမွန်သော သက်ရောက်မှုများ ရှိခဲ့ကြောင်း အိမ်ဖြူတော်က မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဥရောပသမဂ္ဂနှင့် ဆွေးနွေးမှုများတွင် ဝါရှင်တန်သည် ထိုစည်းကြပ်ခွန်များ ချမှတ်မှုမှ ဥရောပသမဂ္ဂအား ဆက်လက်ကင်းလွတ်ခွင့်ပေးသင့်ကြောင်း ဝါရှင်တန်ကို လက်ခံလာစေရန် မစွမ်းဆောင်နိုင်ခဲ့ဟု အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဝီဘာရော့စ်ကလည်း ပြောကြားခဲ့သည်။ သက်တမ်း ၂၄ နှစ်ကြာမြင့်လာပြီဖြစ်သော မြောက်အမေရိက လွတ်လပ်စွာကုန် သွယ်ရေးသဘောတူညီချက် (NFTA) အား ပြန်လည်အသက်သွင်းရန်အတွက် ညှိနှိုင်းနေခြင်းကြောင့် မက္ကဆီကိုနှင့် ကနေဒါတို့အား ကင်းလွတ်ခွင့်ပေးထားမှုကိုလည်း ဝါရှင်တန်က ရုပ်သိမ်းခဲ့ကြောင်း ရော့စ်က ပြောကြားခဲ့သည်။ ကနေဒါက တုံ့ပြန်သည့်အနေဖြင့် သံမဏိနှင့် အလူမီနီယမ်တို့အပြင် အမဲသား၊ ကော်ဖီ၊ သကြားလုံးများ၊ အထပ်သား၊ မေပယ်သကာတို့အပါအဝင် အမေရိကန်ကုန်ပစ္စည်းများအား ဒေါ်လာ ၁၂ ဒသမ ၈ ဘီလျံ ရှိ စည်းကြပ်ခွန်များ ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မက္ကဆီကိုက သံမဏိအပါအဝင် မျိုးစုံသော အမေရိကန် ကုန်ပစ္စည်းများအား စည်းကြပ်ခွန်များ ပြန်လည်ချမှတ်သွားမည်ဟု ကြေညာခဲ့သည်။ ဥရောပသမဂ္ဂကလည်း တန်ပြန်အရေးယူမှုများကို မကြာမီ ကြေညာသွားမည်ဟု ထုတ်ပြန်ခဲ့သည်။ Ref; AFP
Source : https://ift.tt/2sxDYsU
via IFTTT

No comments:

Post a Comment