Tuesday, June 5, 2018

The Voice

အရက်မူးသည့် ရဟန်းနှစ်ပါးကို သိက္ခာချလူဝတ်လဲ၍ အရေးယူ ရန်ကုန်၊ ဇွန် ၄ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ အနောက်ရပ်ကွက်ရှိ ကျောင်းတိုက်တစ်ခုတွင် ဇွန်လ ၄ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က အရက်သေစာသောက်စားပြီး မူးယစ်နေသည့် ရဟန်းနှစ်ပါးကို သိက္ခာချလူဝတ်လဲ၍ အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ သိက္ခာချ လူဝတ်လဲခံရသည့် ရဟန်းနှစ်ပါးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သော သက်တော် ၃၅ နှစ်၊ ဝါတော် ၁၆ ဝါ ဦးဇာနေယျနှင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သော သက်တော် ၂၄ နှစ်၊ ဝါတော် ၄ ဝါ၊ ဦးပညာဝံသတို့သည် ကျောင်းတိုက်အတွင်း အရက်သေစာသောက်စားပြီးနောက် မူးယစ်ရမ်းကားသောင်းကျန်းနေသဖြင့် ယင်းကျောင်းတိုက်ရှိ သံဃာများက ထိန်းသိမ်းပြီး မြို့နယ် သံဃနာယကမှ တာဝန်ရှိသူထံသို့ ခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ အရက်မူးသောင်းကျန်းနေသည့် ရဟန်းနှစ်ပါးကို သိက္ခာချလူဝတ်လဲ၍ သာသနာညှိုးနွမ်းမှုဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ရန် စစ်ဆေးဆောင်ရွက်နေကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
Source : https://goo.gl/e4EQwt
via IFTTT

No comments:

Post a Comment