မာရီလင်မွန်ရိုးရဲ့ ထူးခြားတဲ့အလှအပနည်းလမ်းတွေ ================= ဆွဲဆောင်မှုပြင်းတဲ့ ကမ္ဘာကျော် ဂန္ထဝင်မင်းသမီးကြီး တစ်ယောက်အဖို့ အလှအပရေးရာမှာ လူတကာနဲ့ မတူနဲ့ နည်းလမ်းကလေးတွေ ရှိခဲ့တာဟာ တကယ်တော့ မထူးဆန်းလှပါဘူး။ မာရီလင်မွန်ရိုးဟာ အလှအပနဲ့ ပတ်သက်ပြီး သူကျင့်သုံးလေ့ရှိတာတွေ အများကြီး ပြောခဲ့တဲ့အထဲက ထူးခြားတာ တချို့ကို ပြန်လည် ဝေမျှချင်ပါတယ်။ လူ တော်တော်များများဟာ ပြင်ဆင်ဝတ်စားပြီး အပြင်ထွက်တဲ့အခါ ရေမွှေးဆွတ်လေ့ ရှိပေမယ့် မွန်ရိုးကတော့ သူဟာ Chanel No.5 ရေမွှေးဆွတ်ပြီးမှ အမြဲတမ်း ညအိပ်ရာ ဝင်တယ်လို့ ဆိုပါတယ်။ ဒါဟာ သူ့ရဲ့ကျော်ကြားတဲ့ စကားတစ်ခွန်းလည်း ဖြစ်ပါတယ်။ နောက်တစ်ခုက မွန်ရိုးမှာ သိသိသာသာ မြင်ရတဲ့ နှုတ်ခမ်းမွှေးလေးတွေ ရှိပေမယ့် သူက တစ်ခါမှ မဖယ်ရှားခဲ့ပါဘူး။ အဲဒီ နှုတ်ခမ်းမွှေးလေးတွေကြောင့် ဖန်သားပြင်ပေါ်မှာ ဓာတ်ပုံတွေထဲမှာ ဘာအကူအညီမှ မလိုဘဲ စိမ်းဖန့်ဖန့် အရောင်ကလေး ရတယ်လို့ သူက ဆိုပါတယ်။ မွန်ရိုးက ခေါင်း ခဏခဏ လျှော်တာကို ဆန့်ကျင်တဲ့သူပါ။ သူ့ရဲ့ ရွှေအိုရောင်သန်းတဲ့ ငွေရောင်ဆံပင်တွေဟာ အရောင်ချွတ်ထားတာ ဖြစ်လို့ ခေါင်း ခဏခဏ လျှော်ရင် အရောင်မှိန် သွားလိမ့်မယ်လို့ ဆိုပါတယ်။ သူက ခေါင်း မလျှော်ချင်တဲ့ အချိန်တွေမှာ ဆံပင်အရင်း ဦးရေပြားပေါ်မှာ ကလေးငယ်တွေ လိမ်းတဲ့ ပေါင်ဒါမှုန့်တွေကို ဖြူးထားတတ်ပါတယ်။
Source : http://goo.gl/PC0zyz
via IFTTT
Wednesday, August 3, 2016
မြန်မာပြည်ထွက် ပဲ တန်ချိန် ၅ သောင်း အိန္ဒိယ ဝယ်မည် (မြတ်ပြည့်ဖြိုး) ================== အိန္ဒိယအစိုးရက ပြည်တွင်း စားသုံးမှု ဖူလုံရန်နှင့် ပဲဈေးကွက်ကို ထိန်းနိုင်ရန် အတွက် မြန်မာပဲတန်ချိန် ၅ သောင်းကို လာမည့်နှစ်တွင် တရားဝင် ဝယ်ယူမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက “အိန္ဒိယဘက်က ဝယ်ဖို့ စတင်ကမ်းလှမ်းလာတယ်။ အဲဒီအတွက် သဘောတူညီချက် နားလည်မှု စာချွန်လွှာ ထိုးဖို့ နှစ်နိုင်ငံ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။ အိန္ဒိယနိုင်ငံသည် ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ပဲအထွက်နှုန်း လျော့ကျခြင်း၊ ပြည်တွင်းသို့ ပဲတင်သွင်းသည့် ကုမ္ပဏီများက ဈေးကစားသည့်အတွက် ပဲဈေးကြီးမြင့် ခြင်းများကို ထိန်းချုပ်နိုင်ရန် အတွက် မြန်မာနှင့် အာဖရိကနိုင်ငံများမှ ပဲများ ဝယ်ယူသွားမည်ဟု သိရသည်။ နှစ်နိုင်ငံ အစိုးရ အချင်းချင်း ချိတ်ဆက်ကာ ဆောင်ရွက်မည်ဖြစ်ပြီး၂၀၁၆ ခုနှစ်တွင် မတ်ပဲ နှင့် ပဲစင်းငုံ တန်ချိန် ၂၅၀၀၀ စီ ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရက တရား၀င် ရောင်းချပေးနိုင်ရန် ကုမ္ပဏီမရှိသဖြင့် ပုဂ္ဂလိကဘက်မှ ရောင်းချပေးရမည် ဖြစ်ရာ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းကို ရောင်းချပေးရန် တာဝန်ပေးထားကြောင်း အဆိုပါအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ရှင်းပြသည်။ ဦးမင်းကိုဦးက “အိန္ဒိယက ဝယ်ဖို့ စကမ်းလှမ်းတာကတော့ ဒီနှစ် အစပိုင်း ကတည်းကပါ၊ ကျနော်တို့ဘက်က ဒီနှစ်ပြည်တွင်းပဲ လက်ကျန်နည်းနေတာရယ်၊ Government to Government ရောင်းချဖို့ ချက်ချင်းကြီး ပြင်ဆင်ရမှာ နည်းနည်းအခက်အခဲ ရှိတာကြောင့် နောက်နှစ် ပဲစပေါ်ချိန်ကစပြီး ရောင်းချမယ်ဆိုပြီး ညှိနှိုင်းလိုက်တာပါ” ဟု ပြောသည်။ နှစ်နိုင်ငံအစိုးရချင်း တရားဝင်ရောင်းချမည့် ပုံစံဖြစ်သော်လည်း အဓိကအားဖြင့် ငွေပေးငွေယူကိစ္စ၊ တင်ဒါစနစ်ဖြင့် ရောင်းချမည့်ကိစ္စနှင့် FOB တန်ဖိုးများ သတ်မှတ်ခြင်းကိစ္စတွင် မြန်မာကုန်သည်များ အဆင်ပြေ လက်ခံနိုင်မည့်အချက်များအား ညှိနှိုင်း ဆွေးနွေးဆဲဖြစ်ကြောင်း သိရသည်။ “အိန္ဒိယဘက်က ဘဏ်တခုနှင့်တခု အချက်အလက် ပြည့်စုံလျှင် ငွေလွှဲတန်ဖိုးအရ ငွေပေးချေရန် ကတိက၀တ်ပြုတဲ့ ငွေလွှဲစာတမ်း စနစ်ကို သုံးချင်တယ်၊ ကုန်သည်တွေက အဲဒီစနစ်နဲ့ သိပ်အကျွမ်းတဝင် မရှိဘူး။ အဲဒါကြောင့် ဒီမှာ သုံးနေကျဖြစ်တဲ့ ငွေယူပြီးမှ ပစ္စည်းတင်ပေးတဲ့ စနစ်ဆိုရင် ကုန်သည်တွေအတွက် ပိုအဆင်ပြေမယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည် ဒေါက်တာ မြတ်စိုးက ပြောသည်။ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသော အချက်အလက်များအရ လက်ရှိဈေးကွက်တွင် မတ်ပဲ တတန်လျှင် ၁၆ သိန်း၊ ပဲစင်းငုံတတန်လျှင် ၁၃ သိန်းဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်နေပြီး ပြီးခဲ့သည့် ဇူလိုင်တလလုံး အိန္ဒိယဘက်က အဝယ်ရပ်သွားသဖြင့် တတန်လျှင် မတ်ပဲ ၁၈ ဒဿမ ၅ သိန်းမှ ထိုးကျခဲ့သွားသည့် ဈေးနှုန်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ တို့ကို အိန္ဒိယနိုင်ငံသို့ နှစ်စဉ် ပုံမှန်တင်ပို့ရောင်းချလျက်ရှိပြီး ယခုနှစ်တွင် အိန္ဒိယအစိုးရက မြန်မာနိုုင်ငံထွက် ပဲအား တရားဝင် ဝယ်ယူရန် ပထမဆုံးအကြိမ် ကမ်းလှမ်းခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၁၂ သန်းခန့် ရှိခဲ့သည့်အနက် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၀၄ သန်းခန့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောငး်၀ယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။
Source : http://goo.gl/KVj7o9
via IFTTT
Source : http://goo.gl/KVj7o9
via IFTTT
ISIS အဖွဲ့က မလေးရှား ခေါင်းဆောင်များကို ခြိမ်းခြောက်သည့် စာထဲတွင် ဒေါ်အောင်ဆန်းစုကြည်အမည်လည
IS ခြိမ်းခြောက်စာတွင် မလေးရှား ခေါင်းဆောင်များအပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်လည်း ပါဝင် ======================= မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် အပါအဝင် မလေးရှား အစိုးရအဖွဲ့ခေါင်းဆောင်များကို အစွန်းရောက် အကြမ်းဖက်အဖွဲ့ ISIS က ခြိမ်းခြောက်ထားသည့် စာထဲတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ အမည်လည်း ပါဝင်လျက် ရှိသည်ဟု မလေးရှားရဲတပ်ဖွဲ့က ယနေ့ ပြောကြားလိုက်ကြောင်း Strait Times သတင်းဌာနတွင် ဖော်ပြထားသည်။ နီဂရီဆမ်ဘီလန် ရဲစခန်းသို့ ရောက်ရှိလာသော ခြိမ်းခြောက်စာမှာ မည်မျှအထိ စစ်မှန်သည်ကို စစ်ဆေးလျှက် ရှိသည်ဟု မလေးရှား ရဲတပ်ဖွဲ့က ပြောကြားသည်။ ယင်းခြိမ်းခြောက်စာထဲတွင် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၊ ဒုဝန်ကြီးချုပ်၊ ရှေ့နေချုပ်၊ ရဲချုပ်တို့အပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် ဒုဝန်ကြီး အချို့လည်း ပါဝင်လျှက်ရှိသည်။ IS ခြိမ်းခြောက်မှုဟု ခေါင်းစဉ်တပ်ထားပြီး စာမျက်နှာ ၂ မျက်နှာ ပါဝင်သည့် ယင်းခြိမ်းခြောက်စာတွင် မလေးရှား ခေါင်းဆောင်များအပြင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကိုလည်း ထည့်သွင်း ဖော်ပြထားကြောင်း မလေးရှား ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းစာထဲတွင် အမည်ပါဝင်နေသည့် ခေါင်းဆောင်များ၏ ဓါတ်ပုံများကိုလည်း တွဲထည့်ပေးထားပြီး မလေးရှားနိုင်ငံ၊ နီဂရီဆမ်ဘီလန် ပြည်နယ်တွင် IS တပ်သား ၇၀၀ ခန့် ရောက်ရှိနေပြီဟုလည်း ခြိမ်းခြောက်ထားသေးသည်။ သို့ရာတွင် မလေးရှား ရဲတပ်ဖွဲ့ကမူ အဆိုပါ ခြိမ်းခြောက်မှုကို အခြေအမြစ် မရှိသော ခြိမ်းခြောက်မှုဟု ပြောကြားထားပြီး စာပို့သူက မလေးရှားတွင် ISIS အဖွဲ့၏ လွှမ်းမိုးမှု ကြီးမားလာအောင် ကြိုးစားခြင်းသာ ဖြစ်သည်ဟု ယူဆလျှက်ရှိသည်။
Source : http://goo.gl/BoRqGx
via IFTTT
Source : http://goo.gl/BoRqGx
via IFTTT
Tuesday, August 2, 2016
ယနေ့ထွက် ထိုင်းထီ ဘတ်ငွေ ၆ သန်းဆုအား မြန်မာအလုပ်သမ တစ်ဦး ဆွတ်ခူး
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဘန်ခွန်ထီယန်နယ်မြေ ထီယန်ထလေလမ်းမှာ နေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ဦး မအိလေး အသက် ၂၆နှစ်ဆိုသူ ဒီနေ့သြဂုတ်လ ၁ရက်နေ့ 272932ထွက် ထိုင်းအောင်ဘာလေသိန်းထီပထမဆု၂စောင်တွဲတစ်စုံပေါက်လို့ ဘတ်ငွေ ၆သန်းရှိခဲ့ပါတယ်၊ ထီပေါက်ကြောင်း သက်ဆိုင်ရာရဲစခန်းသို့သွားရောက် မှတ်တမ်းတင် အကြောင်းကြား ထားပါတယ်။
Source : http://dlvr.it/Lx99mK
via IFTTT
Source : http://dlvr.it/Lx99mK
via IFTTT
Monday, August 1, 2016
Eleven Broadcasting
ရန်ကုန်တွင်ပြုလုပ်သည့်အလုပ်သမားဆန္ဒပြပွဲ ရဲတပ်ဖွဲ့၏ တားမြစ်မှုကြောင့် ဆန္ဒပြမှုရပ်ဆိုင်းခဲ့ရ (ရုပ်သံ) ခုံသမာဓိကောင်စီနဲ့ ခုံသမာဓိအဖွဲ့ အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ပွဲကို မကျေနပ်တဲ့အတွက် ဇူလိုင်လ ၃၁ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မှာ အလုပ်သမားတွေရဲ့ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က ခွင့်ပြုပေးတဲ့ နေရာ မဟုတ်တဲ့အတွက် တားဆီးခဲ့မှုကြောင့် အလုပ်သမားတွေက ဆန္ဒပြမှုကိုရုတ်သိမ်းခဲ့ရပါတယ်။ အလုပ်သမားတွေအနေနဲ့ ဇူလိုင်လ ၈ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးခုံသမာဓိအဖွဲ့ အလုပ်သမား ကိုယ်စားလှယ်ရွေးချယ်ပွဲနဲ့ ဇူလိုင် ၁၂ ရက်က ပြုလုပ်တဲ့ ခုံသမာဓိကောင်စီ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲတွေမှာ အလုပ်သမား ၀န်ကြီးဌာနက အလုပ်သမားအဖွဲ့အစည်းများ အားလုံးပါ၀င်စေဖို့ ဖိတ်ကြားမှု မရှိတာဟာ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တရားမျှတမှုမရှိခြင်း၊ အားလုံးပါ၀င်ခွင့်မရှိခြင်းတို့အတွက် အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲ အသစ်ပြုလုပ်ပေးဖို့ ဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။
Source : http://ift.tt/2amWSxx
via IFTTT
Source : http://ift.tt/2amWSxx
via IFTTT
Eleven Broadcasting
ဟယ်ရီပေါ်တာစာအုပ်အသစ် ထွက်ရှိမည် (ရုပ်သံ) စာဖတ်ပရိသတ်တွေနဲ့ ရုပ်ရှင်ပရိသတ်များစွာကိုဖမ်းစားနိုင်ခဲ့တဲ့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ Harry Potter and the Cursed Child စာအုပ်ဟာ ဇူလိုင် ၃၁ ရက်မှာစတင်ထွက်ရှိ နေပြီဖြစ်ပါတယ်။ အခုလိုအသစ်ထွက်ရှိလာတဲ့ ဟယ်ရီပေါ်တာ၀တ္ထုကို၀ယ်ယူဖို့အတွက် ကမ္ဘာတစ်၀ှမ်းမှာရှိတဲ့ ပရိသတ်များစွာဟာ အလုအယက်စောင့်ဆိုင်းနေကြပါတယ်။
Source : http://ift.tt/2aJk6dH
via IFTTT
Source : http://ift.tt/2aJk6dH
via IFTTT
အမ်ပီတီဆင်းမ်ကတ်ဘီလ်ဖြတ်တောက်မှုပြဿနာကို ထပ်ဆောင်းဝန်ဆောင်မှုကုမ္ပဏီများနှင့် တွေ့ဆုံအေ�
အမ်ပီတီဆင်းမ်ကတ်ဘီလ်ဖြတ်တောက်မှုပြဿနာကို ထပ်ဆောင်း၀န်ဆောင်မှုကုမ္ပဏီများနှင့် တွေ့ဆုံအဖြေရှာမည် (ထက်အာကာကျော်) ======================== အမ်ပီတီဆင်းမ်ကတ်သုံး စွဲသူများအကြား ဖြစ်ပေါ်နေသော အလိုအလျောက် ဖုန်းဘီလ်ဖြတ် တောက်မှုများနှင့် ပတ်သက်၍ ထပ်ဆောင်း၀န်ဆောင်မှု (VAS) ကုမ္ပဏီများနှင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာရန် စီစဉ်ထားသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း အမ်ပီ တီသုံးစွဲသူအချို့က ဖုန်းပြောဆို ခြင်း၊ အင်တာနက်သုံးစွဲခြင်းမရှိဘဲ ဖုန်းဘီလ်များ အလိုအလျောက် ကုန်ဆုံးမှုများဖြစ်ပေါ်နေကြောင်း ၎င်းတို့၏လူမှုကွန်ရက်တွင် တင် ထားသဖြင့် ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ထပ်ဆောင်း၀န် ဆောင်မှုပေးနေသော ကုမ္ပဏီ ငါးခုနှင့် ဩဂုတ် ၁ ရက်၌ တွေ့ဆုံ ရန်စီစဉ်ထားကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ အကြီးတန်း တာ၀န်ရှိသူတစ်ဦးက ပြောသည်။ ‘‘အတိအကျမသိရသေးဘူး။ (ဘာကြောင့်ဖြစ်လဲဆိုတာ) VAS ပါတနာတွေကို ခေါ်ထားတယ်။ တနင်္လာနေ့မှာ သွားတွေ့မယ်။ သူ တို့နဲ့ ဆွေးနွေးအဖြေရှာရမှာဖြစ်မှာ ပေါ့။ ဆရာတို့က Voice နဲ့ Data မသုံးဘဲ ဖြတ်မှ မဖြတ်တာ’’ဟု အ ထက်ပါ တာ၀န်ရှိသူက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၏ ထပ်ဆောင်း၀န်ဆောင်မှု များကို M 188, King Royal Technologies Co.,Ltd, Golden TMH Telecom Co.,Ltd, Contents Hub Co.,Ltd နှင့် eTrade Myanmar Co.,Ltd စ သည့် ပြည်တွင်းကုမ္ပဏီ ငါးခုက ပူးပေါင်း လုပ်ဆောင်နေကြောင်း အမ်ပီတီ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ သီချင်းရယူခြင်း၊ နေ့စဉ် သ တင်းဖတ်ရှုခြင်း၊ ဗေဒင်မေးမြန်း နိုင်ခြင်း အစရှိသော ထပ်ဆောင်း ၀န်ဆောင်မှု ၃၀ ကျော်ရှိပြီး ယင်း ၀န်ဆောင်မှုများကို အမ်ပီတီသုံးစွဲ သူများက ရယူလိုက်သော ၀န် ဆောင်မှုတန်ဖိုးအတိုင်း ဖုန်းဘီလ်ထဲမှ ငွေကြေးဖြတ်တောက်ခြင်းဖြစ်ကြောင်း MPT Call Center 106 က ဖြေကြားသည်။ အမ်ပီတီဆင်းမ်ကတ်သုံးစွဲ သူအချို့ကမူ ၎င်းတို့အနေဖြင့် မည်သည့်၀န်ဆောင်မှုကိုမျှ ရယူ ခြင်းမရှိဘဲ ဖုန်းဘီလ်ထဲမှ အလို အလျောက်ဖြတ်တောက် ခံနေ ရကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တရား၀င် ဖေ့စ်ဘွတ်ခ် စာမျက်နှာနှင့် လူမှုကွန်ရက်တွင် ရေးသားထားကြသည်။
Source : http://ift.tt/2arlS1E
via IFTTT
Source : http://ift.tt/2arlS1E
via IFTTT
Subscribe to:
Posts (Atom)