Thursday, August 24, 2017

7Day News Journal

စည်ပင်ဥပဒေ ရေးဆွဲပြီးပါက ရွေးကောက်ပွဲ အမြန်ပြုလုပ်မည်ဟု ကော်မတီဝင်ပြော ရန်ကုန်တိုင်း စည်ပင် သာယာဥပဒေမူကြမ်းနှင့် နည်း ဥပဒေကို ယခုနှစ်ကုန်တွင် ရေးဆွဲပြီးစီးနိုင်ပြီး ရေးဆွဲပြီးပါက စည်ပင်ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပမည်ဖြစ်ကြောင်း စည်ပင်ကော်မတီဝင်က ပြောသည်။ ယင်းဥပဒေရေးဆွဲအတည် ပြုပြီးပါက စည်ပင်ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သတ်မှတ်ကာ အမြန်ဆုံးပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဝင် ဒေါ်သန်းမြင့် အောင်က ပြောသည်။ ‘‘ရွေးကောက်ပွဲက မလုပ်လို့ မဖြစ်ဘူး။ ဒါလုပ်ကိုလုပ်ရမယ့် ကိစ္စပါ။ အမြန်ဆုံးလုပ်ရမှာပါ။ အမြန်ဆုံးပြီးအောင်လည်း လုပ်နေကြပါတယ်’’ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ရန်ကုန်တိုင်း စည်ပင်သာယာဥပဒေကျောရိုးကို စည်ပင်သာယာတာဝန်ရှိသူများ က ရေးဆွဲနေပြီး ယခုရက်ပိုင်းအ တွင်း ဥပဒေမူကြမ်းကို စတင်ရေး ဆွဲနိုင်တော့မည်ဖြစ်ကြောင်း စည် ပင်ဥပဒေရေးဆွဲရေးကော်မတီအ ဖွဲ့ဝင် တိုင်းလွှတ်တော်ကိုယ်စား လှယ် ဦးသိန်းမြင့်က ပြောသည်။ ရန်ကုန်တိုင်းတွင် စည်ပင် ရွေးကောက်ပွဲကို ၂၀၁၄ ကတစ် ကြိမ် ကျင်းပပြီး ယင်းနောက်ပိုင်း အစိုးရသစ်လက်ထက် တစ်နှစ် ကျော်သည်အထိ ရွေးကောက်ပွဲ ပြုလုပ်ခြင်းမရှိသေးပေ။ ၂၀၁၄ ရွေးကောက်ပွဲက ရွေးချယ်ခဲ့သည့် ရွေးကောက်ခံကိုယ် စားလှယ်များသည် အစိုးရသစ် တက်အချိန်တွင် တာဝန်ပြီးဆုံးခဲ့ပြီး လက်ရှိ၌ မြို့တော်စည်ပင် ကော်မတီဝင်လေးဦး၊ ခရိုင်လေး ခရိုင်မှ ကော်မတီဝင် ၁၂ ဦး၊ မြို့ နယ် ၃၃ မြို့နယ်မှ ကိုယ်စားလှယ် ၉၉ ဦး စုစုပေါင်း စည်ပင်ရွေး ကောက်ခံကိုယ်စားလှယ် ၁၀၅ ဦး လစ်လပ်နေသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီကို ဥက္ကဋ္ဌ (မြို့တော်ဝန်) အပါအဝင် ကော် မတီဝင်ကိုးဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်သော်လည်း ယခုအခါ အစိုးရ က ခန့်အပ်သည့် မြို့တော်ဝန်အပါအဝင် ကော်မတီဝင်ငါးဦးဖြင့်သာ ဖွဲ့စည်းထားနိုင်သည်။ ၂၀၁၄ စည်ပင်ရွေးကောက် ပွဲကို ကျပ်သိန်း ငါးထောင်ခန့် သုံးစွဲကာ ပြုလုပ်ခဲ့သည်။ ပြည်သူများ၏ လိုအပ်ချက် များ လုပ်ဆောင်ပေးနိုင်ရန် လစ် လပ်နေသည့် ရွေးကောက်ခံ ကိုယ်စားလှယ်များ ခန့်အပ်နိုင်ရေးစည်ပင်ရွေးကောက်ပွဲကို အမြန်ဆုံးပြုလုပ်ပေးသင့်ကြောင်း ယခင်စည်ပင်သာယာ ကော်မတီဝင်ဟောင်း ဒေါက်တာအေးမင်းက ဆိုသည်။ ‘‘အစိုးရဌာနရဲ့ ရည်မှန်း ချက်၊ ရည်ရွယ်ချက်တွေကလည်း ရှိတယ်။ ပြည်သူတွေရဲ့ လိုချင် တာတွေလည်းရှိတယ်။ အဲဒီနှစ်ခု ကြားမှာ ဟနေတဲ့အရာလေးတွေ ရှိတယ်။ အဲဒီဟနေတဲ့ အရာလေး တွေကို ရွေးကောက်ခံကိုယ်စား လှယ်တွေက ညှိနှိုင်းပေးရမှာ’’ဟု ၎င်းက ဆိုသည်။ ၂၀၁၃ ရန်ကုန်မြို့တော်စည် ပင်ဥပဒေတွင် ပြစ်ဒဏ်နည်းခြင်း အပါအဝင် အားနည်းချက်များရှိ နေ၍ ယင်းဥပဒေကို အခြေခံကာ ပြန်လည်ရေးဆွဲခြင်းဖြစ်သည်။
Source : http://ift.tt/2wpVAuC
via IFTTT

No comments:

Post a Comment