ဧရာဝတီမြစ်ရေ ဆက်တက်မည် ရန်ကုန်၊ ဩဂုတ် ၂၄ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် (၂)ပေခန့်နှင့် ညောင်ဦးမြို့တို့တွင် (၃) ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ပေဝက်ခန့်စီ ကျဆင်းနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက် တည်ရှိနိုင်သည်။ ထို့ပြင် ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေပြီး နောက်သုံးရက်အတွင်း ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁) ပေခွဲခန့်စီ ဆက်လက် မြင့်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက် တည်ရှိနိုင်သည်။ အလားတူ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး နောက်သုံးရက်အတွင်း တစ်ပေခန့် ဆက်လက် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။ ယင်းသို့မြစ်ရေ မြင့်တက်လာနိုင်သည့်အတွက် ဧရာဝတီမြစ်ရှိ ပခုက္ကူမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်များနှင့် ငဝန်မြစ်ရှိ ငါးသိုင်းချောင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။
Source : https://goo.gl/hF157u
via IFTTT
No comments:
Post a Comment