Friday, August 4, 2017


စီးပွားရေးလုပ်ဖို့လိုတယ် နိုင်ငံရေးတွေများနေပြီ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် သယံဇာတကြွယ်ဝပြီး အချမ်းသာဆုံး နိုင်ငံတွေထဲမှာ ရောက် နေရမည့် နိုင်ငံဖြစ်သည်။ လက်တွေ့မှာတော့ ထိုကဲ့သို့မဖြစ်၊ မြန်မာသည် ကမ္ဘာမှာ အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံဖြစ်နေဆဲ။ ပြည်သူတွေရွေးချယ်ခဲ့သော အစိုးရတက်ပြီးနောက် အနောက်နိုင်ငံ အထူးသဖြင့် အမေရိကန်နိုင်ငံက Sanction ဟုခေါ်သော ဒဏ်ခတ်ပိတ်ဆို့မှုများ အားလုံးနီးပါးကို ဖြေလျော့ပေးခဲ့ပြီဖြစ်သည်။ ထိုသို့ ပိတ်ဆို့မှုများ ရုပ်ပေးလိုက်၍ စီးပွားရေး အလိုလို အားကောင်းလာမည် Auto-Pilot နဲ့ သူ့အလို အလျောက်ဖြစ်လာမည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအများအပြား ဝင်လာမည်ဟု တချို့က တွေးထင် ခဲ့ကြမည်။ တကယ်တော့ ထိုသို့ မဖြစ်ခဲ့ပါ။ မဖြစ်သေးပါ။ ဒေါ်အောင်ဆန်းစုကြည်လက်ထက် NLD အစိုးရ တက်ချိန်တွင် စီးပွားရေးက နှေးကွေးလာသည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း ၂၀၁၆ တွင် ၂၂ ရာခိုင်နှုန်း (US ဒေါ်လာ ၂ ဘီလီယံ) ကျသွား ခဲ့သည်ဟု Wall Street Journal တွင်ရေးသားထား သည်။ NLD ပါတီ အာဏာရလာချိန်တွင် အဓိကရည်မှန်းချက်က ငြိမ်းချမ်းရေးဟုပြောခဲ့ပြီး ၂၁ ရာစု ပင်လုံ ညီလာခံကျင်းပရေး၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးတို့ကို ဇောင်းပေးလုပ်ဆောင်ခဲ့သည်။ ဒီနေ့ဒီအချိန်မှာတော့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေဆဲဖြစ်သည်။ စီးပွားရေးနဲ့ လူမှုရေးဘဝ ဖူလုံ ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရေးဖက်သို့ ဦးစားပေးရန် တိုက်တွန်းပြောဆိုနေသံများ ပို၍ကြားလာရသည်။ မကြာသေးခင်က မြန်မာပြည်မှ လုပ်ငန်းရှင်ကြီးတဦးဖြစ်သော Serge Pun ခေါ် ဦးသိန်းဝေက NLD အစိုးရသည် တိုင်းပြည်၏ စီးပွားရေးကို ဥပက္ခာပြုထားကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေး လုပ်ဆောင်ဖို့ သူက ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို တိုက်တွန်းလိုက်သည်။ သူကဲ့သို့ NLD အစိုးရကို ဝေဖန်နေသော လုပ်ငန်းရှင်ကြီးများ အများအပြား ရှိနေသည်ဆိုသည်မှာ သံသယရှိစရာမလိုပါ။ မြန်မာစကားပုံရှိသည် အူမတောင့်မှ သီလစောင့်နိုင်မည်ဆိုသောစကား၊ ဟုတ်ပါသည်။ တိုင်းပြည် ချမ်းသာ တိုးတက် စီးပွားရေးကောင်းမှ သီလစောင့်နိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းသာယာဝပြောမှုကို တည်ဆောက်နိုင်မည်၊ လက်ခမောင်းခတ်နိုင် မည်၊ ရင်ကော့ခေါင်းမော့၍ အများနှင့် တန်းတူ လျှောက်နိုင်မည်ဖြစ်သည်။ စင်ကာပူကို ကျော်ချင်လျင် စင်ကာပူထက်တော်သော စီးပွားရေးအမြင် နိုင်ငံတကာအမြင်ရှိသူများက တိုင်းပြည်၏ ဘဏ္ဍာ ရေး၊ စီးပွားရေး၊ စီမံကိန်း ဆုံးဖြတ်ချက်များကို ဦးဆောင်ရမည်ဖြစ်သည်။ ရပ်ကွက်ဘောလုံးအသင်းလောက်နှင့်တော့ စင်ကာပူကို ကျော်ဖို့မပြောနှင့် သူ့နောက်လိုက်ဖို့တောင် မလွယ်ပါ။ မကြာသေးခင်က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ဂျက်လေယာဉ်ပျံကြီး ပျံတက်တော့ မည်ဟု ကြုံးဝါးပြောဆိုခဲ့သည်။ သူပြောဆိုခဲ့တာ တကယ့် လက်တွေ့အမှန်တရားနှင့် ကင်းကွာနေ သလားဆိုတာ မိမိကိုယ်ကို မိမိဆန်းစစ်ဖို့ လိုနေပြီဖြစ်သည်။ ဂျက်လေယာဉ်ပျံကြီးကတော့ ပြေးလမ်းပေါ်မှာရှိနေသည်ဟုဆိုရမည်၊ ဒါပေမယ့် ပျံတက်ဖို့အတွက် ဆီက ဘယ်လောက် ရှိသလဲ၊ ဒီလေယာဉ်ပျံကြီးကို ထိန်းသိမ်းမောင်းနှင်မယ့် Pilot များကရော အရည်အချင်းအတွေ့အကြုံဘယ်လောက်ရှိသလဲ ဝေဖန်ဆန်းစစ်ရမည်ဖြစ်သည်။ အချုပ်ပြောရလျှင်တော့ စီးပွားရေးမတည်ငြိမ် မကောင်းမွန်လျှင် တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ မလွယ်၊ နိုင်ငံတကာတွင် လည်း စီးပွားရေးမတည်ငြိမ်မှု ဂယက်များက အုပ်ချုပ်သူ လူတန်းစားများ အစိုးရများကို ခြိမ်းခြောက် ဆွဲချသွားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉၈၈ခုနှစ် မြန်မာပြည်တွင် ကြုံခဲ့ရသော လူထုအုံကြွမှုသည်လည်း တိုင်းပြည်၏ အဖက်ဖက် ယိုယွင်းချွတ်ခြုံကျနေသော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးများနှင့် ဆက်စပ်နေသည်ကို အားလုံး မျက်မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ စစ်အစိုးရခေတ်မှာတော့ စီးပွားရေးနားမလည်သော ယူနီဖောင်းဝတ်များက အုပ်ချုပ်ခဲ့လို့ တိုင်းပြည် စီးပွားပျက်ခဲ့တာဟု စွပ်စွဲပြစ်တင်ခဲ့ ကြသည်။ အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း အာဏာ သိမ်းတော့လည်း သူက တကယ့်စီးပွားရေး သမားတွေ၊ နားလည်တတ်ကျွမ်းသူတွေကို မောင်းထုတ် ခဲ့ပြီး Hardware တွေကိုပဲ ဓားပြတိုက်အပိုင်စီးခဲ့တာဖြစ်သည်။ အဲ့ဒီ Hardware တွေကို မောင်းနှင် မယ့် Software တွေက သူမှာမရှိတော့ မြန်မာသည် အာရှကျားဖြစ်မသွားပဲ အဆင်းရဲဆုံး နိုင်ငံဘဝကို ရောက်ခဲ့ရသည်။ ယခု NLD အစိုးရရော စီးပွားရေးနှင့် လူမှုဘဝတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ရင်းနှီး မြှုပ်နှံမှုတွေ ရလာဖို့ အပေါင်းလက္ခဏာတွေ ပြလာဖို့ ပြည်သူပြည်သားတွေ စီးပွားရေးကောင်းပြီး ချမ်းသာလာဖို့ ဘယ်လိုအမြင်တွေရှိနေသလဲ အားလုံးက မေးနေကြသော သိချင်ကြသော မေးခွန်းများ ပဲဖြစ်သည်။ The post စီးပွားရေးလုပ်ဖို့လိုတယ် နိုင်ငံရေးတွေများနေပြီ appeared first on ဧရာဝတီ.
Source : http://ift.tt/2vwvOUq
via IFTTT

No comments:

Post a Comment