မြောက်ကိုရီးယားနဲ့ဆွေးနွေးဖို့ အမေရိကန်လိုလား အမေရိကန်အနေနဲ့ မြောက်ကိုရီးယားနဲ့ သံတမန်ရေးရာ ဆွေးနွေးမှု ပြုလုပ်ဖို့ လိုလားနေပြီး၊ သူတို့ အနေနဲ့ မြောက်ကိုရီးယား အစိုးရ ပြုတ်ကျသွားအောင် လုပ်မှာမဟုတ်ဘူး၊ ရန်သူတွေမဟုတ်ဘူး လို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ရက်ဇ် တဲလားဆွန်းက ပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ်တဲလားဆွန်းက “ကျနော်တို့က မြောက်ကိုရီးယား အစိုးရ ပြောင်းလဲသွားဖို့၊ ပြုတ်ကျသွားဖို့ လုပ်ဆောင်နေတာ မဟုတ်ဘူး၊ အလားတူ ကိုရီးယားကျွန်းဆွယ် ပြန်လည်း ပေါင်းစည်းရေးလည်း လုပ်နေတာမဟုတ်ဘူး၊ တပ် တွေကိုလည်း မြောက်ကိုရီးယားရဲ့ ၃၈ မျဉ်းပြိုင်ကို ကျော်ပြီးတော့ ပို့မှမဟုတ်ဘူးလို့” ဝါရှင်တန်မြို့မှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။ ဒါအပြင် မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ ရန်သူမဟုတ်ကြောင်း၊ ဒါပေမယ့် လက်မခံနိုင်တဲ့ ခြိမ်းခြောက်တွေကို မြောက်ကိုရီးယားက လုပ်ဆောင်နေကြောင်း၊ မြောက်ကိုရီးယားနဲ့ ဆွေးနွေး မှုတွေကို ပြုလုပ်ချင်တယ်လို့ ဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံအပြင် ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်အောင်လည်း ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပြီး၊ မကြာခင်မှာ နျူကလီးယား စမ်းသပ်မှုပြုလုပ်လာနိုင်သလို၊ တိုက်ချင်းပစ် ဒုံးပျံစမ်းသပ်မှုကိုလည်း လုပ်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။ သမ္မတဒေါ်နယ်ထရမ့် အာဏာရကာစက မြောက်ကိုုရီးယား အရေးနဲ့ပတ်သက်ပြီး ကိုရီးယား ကျွန်းဆွယ် ရေပြင်ကို လေယာဉ်တင်သင်္ဘောများ စေလွှတ်ကာ အင်အားပြသမှုတွေ ပြုလုပ်ခဲ့ပါ သေးတယ်။ The post မြောက်ကိုရီးယားနဲ့ဆွေးနွေးဖို့ အမေရိကန်လိုလား appeared first on ဧရာဝတီ.
Source : http://ift.tt/2f8aXRr
via IFTTT
No comments:
Post a Comment