ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ပြင်ဆင်ရေး အမျိုးသားလွှတ်တော် အတည်ပြု ၆၆ (ဃ) ဆက်သွယ်ရေး ဥပဒေပုဒ်မ ပြင်ဆင်ဖို့အတွက် ဥပဒေကြမ်းကော်မတီက အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့တဲ့ ပြင်ဆင်ချက်တွေကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဥပဒေကြမ်းကော်မတီက ပေးပို့တဲ့ ပြင်ဆင်ချက်တွေက လွှတ်တော်က အတည်ပြု ခဲ့တာပါ။ အဲဒီပြင်ဆင်ချက်တွေထဲမှာ ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) နဲ့ အမှုဖွင့်ခံရသူတွေကို အာမခံပေးရန်၊ တရားစွဲဆိုရာမှာ နစ်နာသူကိုယ်တိုင်က တိုင်တန်းအမှုဖွင့်ရန် (ကြားလူ/ကိုယ်စား တရားစွဲဆိုခြင်းကို ခွင့်မပြုရန်) စတဲ့အချက်တွေ ပါဝင်တာဖြစ်ပါတယ်
Source : http://ift.tt/2w5uaqQ
via IFTTT
No comments:
Post a Comment