Saturday, August 19, 2017


ကျန်းမာရေးအတွက် ပျင်းတတ်သူများ သတိထား သင့်ကိုယ်သင် ပြန်စဉ်းစားကြည့်ပါ။ တရက်တရက်ကို ဘယ်လောက်ထိအောင် ကိုယ်လက်လှုပ်ရှား လုပ်ဖြစ်သလဲဆိုတာ။ သင့်ရဲ့အဖြေထဲမှာ သင် ကျန်းကျန်းမာမာ နေထိုင်ရမယ့် အသက်ရှည်မှု နှစ်ပမာဏ ပါလာနိုင်ပါတယ်။ Health Psychologyရဲ့လေ့လာချက်အသစ်နဲ့ ဖော်ပြချက်မှာ အားကစားကောင်းကောင်းလည်း မလုပ်ဘူး၊ Gym လို အချိန် ပေးကစားမှုလည်း မရှိဘူး၊ ပျင်းနေမယ်၊ အထိုင်များမယ် ဒါဆိုရင်တော့ ကျန်းမာရေးအတွက် သိပ်မကောင်းနိုင်တော့ဘူးလို့ ဆိုလာပါတယ်။ စတန်းဖို့ တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ရယူဖို့ ကျမ်းပြုစုနေတဲ့ လေ့လာသူ Ocavia H. Zahrt က သူနဲ့ တွဲဖက် ဒေါက်တာဘွဲ့ သင်တန်း တက်ရောက်နေသူတဦးဖြစ်တဲ့ Alia J. Crumနဲ့ တွဲဖက်ပြီး အမေရိကန်မှာရှိတဲ့ အရွယ်ရောက်လူဦးရေ ၆၁၁၄၁ ဦး ကို လေ့လာချက်လုပ်ပြီး အခုလို ထုတ်ပြန်ရေးသားမှု လုပ်ဆောင်တာ ဖြစ်ပါတယ်။ Zahrt အနေနဲ့ အခု လေ့လာချက်စာတမ်းအတွက် ၁၉၉၀ ခုနှစ်ကနေ ၂၀၀၆ခုနှစ် အတွင်းထိအောင် အချိန် ၁၀နှစ်ပေးပြီး လုပ် ဆောင်ထားတာ ဖြစ်ပြီး သူက လူတွေရဲ့အခြေခံကျန်းမာရေးဆိုင်ရာ ရလဒ်နဲ့ တဦးတယောက်ချင်းစီရဲ့နေထိုင်မှုပုံစံတွေကို လေ့လာခဲ့တာလည်း ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမှုမှာ မေးခွန်းဖြေဆိုစေမှုတွေ ပါဝင်ခဲ့ပြီး အဆိုပါ မေးခွန်းတွေထဲမှာ အရင်က နေ့စဉ်အချိန်တွေကို ဘယ် လို ကုန်ဆုံးစေသလဲ၊ လေ့ကျင့်ခန်း ဘယ်လောက် လုပ်ဖြစ်သလဲ၊ စိတ်အခြေအနေ၊ ကျန်းမာရေး အခြေအနေတွေကို မေးမြန်း ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရလဒ်အနေနဲ့က အပျင်းထူပြီး လေ့ကျင့်ခန်းနည်းသူတွေ၊ အထိုင်အထ နည်းသူတွေမှာ ကျန်းမာရေး ရ လဒ် မကောင်းတာတွေ တွေ့လာရတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာတော့ အလုပ်မလုပ်သူလောက်ကိုပဲ အပျင်းထူတယ်လို့ ဆိုချင်ကြပြီး လှဲနေ၊ အခန်းအောင်းနေသူတွေကိုတော့ သိပ်ပြီး အပြစ်မပြောကြပေမယ့် အခု စစ်တမ်းအရ အပျင်းထူသူဆိုတာကတော့ လုပ်ငန်းခွင်ထဲကသူတွေလည်း ပါနိုင်ပြီး အထိုင်အထ အရမ်းနည်းသူတွေ၊ အိပ်ရာထ ပျင်းသူတွေ၊ လေ့ကျင့်ခန်းနည်းသူတွေကို အပျင်းထူသူတွေအဖြစ် သတ်မှတ်ပြီး အဆိုပါ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းနဲ့အတူ ကျန်းမာရေး ချို့တဲ့ အားနည်းလာကြတာပဲ ဖြစ်ပါတယ်။ ဘဝအနေအထား၊ စားသောက်မှု၊ ခန္ဓာကိုယ်အနေအထား ဆင်တူတဲ့သူတွေထိအောင် အခုလို အပျင်းထူပြီး အထိုင်အထ နည်း ရင် စောစီးစွာ အသက်သေဆုံးနိုင်ခြေက ၇၁ ရာခိုင်နှုန်းလောက်ထိအောင် ပိုလာတာကို တွေ့ရတယ်လို့ Zahrt က ဆို ပါတယ်။ ဖျားနာခြင်းနဲ့ အခြားရောဂါတွေ ဝင်ရောက်ကူးစက်ခံရပြီ ဆိုရင်တော့ ဖြစ်နိုင်ခြေ (အသက်သေဆုံးနိုင်ခြေ)က ပိုများလာပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ဆောင်ပေးဖို့ လိုအပ်လာတယ်လို့ ဆိုထားပါတယ်။ ဒါအပြင် အဆိုပါ အထိုင်အထ နည်းသူတွေက စိတ်ကျန်းမာရေးပိုင်းမှာလည်း ပိုမို အားနည်း အားငယ်တတ်ကြပြီး တပါးသူ ကို မှီခိုလိုစိတ်၊ ကြောက်ရွံ့စိတ်တွေ များတာကြောင့် လူမှုဘဝမှာလည်း အကောင်းဆုံး ရပ်တည်ရှင်သန်နိုင်မှု နည်းပါးတယ် လို့ စစ်တမ်းအရ သိလာရပါတယ်။ အများဆုံး အပျင်းထူသူ (ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူ) တွေက အလုပ်မရှိတဲ့ အလုပ်လက်မဲ့တွေ ဖြစ်ပြီး လုပ်ငန်းခွင် ဝင် သူတွေကတော့ အလုပ် အသွားအပြန်နဲ့အတူ လမ်းလျှောက်ဖြစ်မှုတွေက လေ့ကျင့်ခန်းပုံစံ ဖြစ်စေပြီး ကျန်းမာရေး ကောင်း မွန်ပေမယ့် အလုပ်လက်မဲ့တွေအနေနဲ့ အထိုင်အထ နည်းလာပြီး အဝလွန်လာမယ်၊ စိတ်ဓာတ်ကျဆင်းလာပြီး လူရောစိတ်ပါ ကျန်းမာမှု နည်းလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Zahrt ကပဲ အိမ်မှာ အပျင်းမထူနဲ့၊ အလုပ်လုပ်ဖို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှု ရှိစေချင် တာပါ၊ အလုပ်သွားရင်း လမ်းလျှောက်လို့လည်း ရတယ်၊ အားကစားလေ့ကျင့်ခန်း လုပ်လို့လည်း ရတယ်၊ ဒီလိုမှ မဟုတ် လည်း အိမ်မှာ အပင်စိုက်၊ သန့်ရှင်းရေး လုပ်ဆောင်ပြီး ကိုယ်လက်လှုပ်ရှားမှု ရှိနေစေရင် အဆင်ပြေပါတယ်လို့ ရှင်းပြပါ တယ်။ တွဲဖက် Crum ကလည်း လူတွေမှာ နောက်ပိုင်း ကျန်မာရေးချို့တဲ့ပြီး အသက်တိုတယ် ဆိုတာထက် လုပ်အားစွမ်းဆောင် ရည်ဆုံးရှုံးမှု၊ စိုးရွံ့လာမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းလာခြင်းတွေလည်း ခံစားရနိုင်ပြီး လူကို လန်းဆန်း အောင် လှုပ်လှုပ်ရှားရှားနေ၊ စိတ်ကိုလည်း ပျော်အောင်နေရင် အသက်လည်း ရှည်မယ်၊ အလုပ်လည်း အဆင်ပြေ ပျော်ရွှင် ရမှာပါလို့ ပြောပါတယ်။ Crum ကပဲ ဆက်ပြီး ကျနော်တို့ရဲ့ထိုင်ချိန်တွေကို လျှော့ချလိုက်မယ်၊ ဖြစ်နိုင်ရင် လမ်းလျှောက်မယ်၊ လေ့ကျင့်ခန်း လုပ်နိုင် ရင်လည်း လုပ်မယ်။ သေချာတာကတော့ ကျနော်တို့ ကျန်းမာရေးအတွက် အကျိုးရှိမယ်။ ကျန်းမာစေမှာပါလို့ အကြံပေးစကား ပြောပါတယ်။ www.rd.com The post ကျန်းမာရေးအတွက် ပျင်းတတ်သူများ သတိထား appeared first on ဧရာဝတီ.
Source : http://ift.tt/2v0xHWq
via IFTTT

No comments:

Post a Comment