ကတ်ဖြင့် ငွေပေးချေသည့် စနစ်အား YBS အပြင် Water Taxi နှင့် မြို့ပတ်ရထားတို့တွင် တစ်ပြေးညီ အသုံးပြုနိုင်ရန် ဆောင်ရွက်နေ ကတ်ဖြင့် ငွေပေးချေသည့် စနစ်အား YBS အပြင် Water Taxi နှင့် မြို့ပတ်ရထားတို့တွင် တစ်ပြေးညီ အသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။ “ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကတ်စနစ်နဲ့ ငွေပေးချေမူစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် အဆိုပြု တင်ဒါခေါ်ယူခဲ့ရာမှာ YBS ယာဉ်လိုင်းတွေအပြင် Water Taxi နဲ့ မြို့ပတ်ရထား ပို့ဆောင်ရေးကဏ္ဍတွေမှာပါ တစ်ပြေးညီ အသုံးပြုနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။ YBS စနစ်တွင် ကတ်စနစ်ဖြင့် ငွေပေးချေမှုများကို လာမည့်နှစ် ဖေဖော်ဝါရီလခန့်မှသာ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဩဂုတ် ၁ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် YBS တင်ဒါခေါ်ယူမှုအတွက် တင်ဒါလုပ်ငန်းစဉ်များ ရှင်းလင်းပွဲမှ သိရသည်။ 00:00 / 00:00 00:00 “နောင်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်မှာ ယာဉ်လိုင်းတစ်လိုင်းချင်းစီမှာ ကတ်စနစ်ကို စပြီးတော့ ကျင့်သုံးနိုင်အောင် ပြည်သူက ကတ်ကိုသုံးဖို့ အဆင်မပြေသေးဘူးဆိုရင် ကတ်နဲ့ Cash နဲ့တွဲပြီး အသုံးပြုရတဲ့ အခြေအနေမျိုးတွေလည်း ရှိတယ်။ ကတ်မေ့ကျန်ခဲ့တယ်။ ပျောက်သွားတယ်။ Cash ပေးလို့ရမယ်” ဟု တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။ ရန်ကုန်ငွေပေးချေမှုစနစ်နှင့် ပတ်သက်ပြီး တင်ဒါခေါ်ယူခြင်းကို ဩဂုတ် ၉ ရက်က စတင်ခေါ်ယူခဲ့ပြီး အဆိုပြုလွှာ စတင်လက်ခံခြင်းကို ဩဂုတ် ၂၅ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းငွေပေးချေမှုအတွက် ရွေးချယ်ခြင်းများကို အဆင့်ဆင့် စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။ “တင်ဒါစိစစ်ရေးအဖွဲ့ကို ဝန်ကြီးသုံးဦးနှင့် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကကုမ္ပဏီများမှ တာဝန်ရှိသူများစသည့် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ ရန်ကုန်ငွေပေးချေမှုစနစ်နှင့် ပတ်သက်သည့် နောက်ဆုံးအဆင့် ဆုံးဖြတ်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးကိုးဦးက ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းစနစ်နှင့်ပတ်သက်သည့် စာချုပ်ချုပ်ဆိုခြင်းကို ယခုနှစ် ဒီဇင်ဘာခန့်တွင် စာချုပ်ချုပ်မည်ဖြစ်ပြီး ယာဉ်လိုင်းအားလုံးတွင် တစ်ပြိုင်တည်း စတင်အကောင်အထည်ဖော်မည် မဟုတ်ဘဲ လိုင်းတစ်လိုင်းချင်းစီတွင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
Source : http://ift.tt/2vRf1d7
via IFTTT
No comments:
Post a Comment