Thursday, August 24, 2017


အစိုးရဟောင်း၏ MOU စာချုပ်များကို ပြန်စစ်ရန် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြား အစိုးရဟောင်းလက်ထက် သဘောတူစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များကို ပြန်လည်စိစစ်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်းဆန်းစုကြည်က ညွန်ကြားထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဧရာဝတီသို့ ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သြဂုတ် ၂၃ ရက်နေ့က မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် များနှင့် အွန်လိုင်းဗီဒီယိုခေါ်ဆိုကာ ဆွေးနွေးရာတွင် အထက်ပါအတိုင်း ညွန်ကြားခဲ့ခြင်းဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက် ရာတွင်လည်း ပြဿနာများကို မြန်မြန်ဖြေရှင်းဆောင်ရွက် ကြရန်လည်း ညွန်ကြားခဲ့သည်ဟုဆိုသည်။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က “အဓိကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို မြန်မြန်ဆောင်ရွက်ဖို့ပြောတယ်။ အရင်အစိုးရ လက်ထက် သဘောတူစာချုပ် MOU ရေးထိုးထားတာတွေကို ပြန်လည်စိစစ်ဖို့ ပြောသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ဒေါ်အောင်းဆန်းစုကြည်နှင့် ပြောဆိုရာတွင် စစ်ကိုင်းတိုင်းဒေသကြီနှင့် မန္တလေးတိုင်းဒေသကြီးတို့အနေဖြင့် လယ်ယာ ကဏ္ဍအား တိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ပြောင်းလဲရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးကို ပိုမိုဆောင်ရွက်ရန်၊ လျှပ်စစ်မီးရရှိရေး အကောင်အထည်ဖော်မည့် နည်လမ်းများနှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို တင်ပြခဲ့ကြောင်း ဒေါက်တာမြင့်နိုင်က ရှင်းပြသည်။ ဒေါ်အောင်ဆန်းစုကြည်မှ ယခုကဲ့သို့ အွန်လိုင်း ဗီဒီယိုခေါ်ဆိုကာ ပြောကြားခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပြီး လတ်တလော မကွေးတိုင်းအတွင်း တွေ့ရှိထားသည့် ရေနံမြေအသစ်တခုအား စမ်းသပ်တိုင်းတာခြင်းများ ဆောင်ရွက်ရန်လည်း ဆက်လက် ညွန်းကြားလိမ့်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။ ဒေါက်တာအောင်မိုးညို က “လုပ်ငန်းတွေ မြန်မြန်ဆောင်ရွက်ကြဖို့၊ နောက်ပြီး တိုင်းနဲ့ပြည်နယ်တွေရဲ့ ရန်ပုံငွေတွေကိုလည်း ပြန်လည် စစ်ဆေးနေတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။ မကွေးတိုင်းဒေသကြီး အတွင်းရှိ မန်းရေနံမြေအတွင်းတွင် အလျားမိုင် ၂၀၊ အနံ ၃ မိုင်ခန့်ရှိသည့် အလားအလာ ကောင်းသော ရေနံမြေအသစ်ကို တွေ့ရှိထားပြီး စေတုတ္တရာမြို့နှင့် ကန်ပက်လက်မြို့အနီးတွင်လည်း သတ္တုသိုက် ဖြစ်နိုင်သည့် အထောက်အထားများ တွေ့ရှိထားပြီး စမ်းသပ်တူးဖော်ခြင်းများ လုပ်ဆောင်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။ အစိုးရအဖွဲ့ဟောင်းထံမှ ပြန်လည်ရရှိထားသည့် ရန်ပုံငွေကျပ်သန်းပေါင်း ၃၂၇၉.၁၁၅ ကို ဒေသတွင်း မီးသတ် ယာဉ်များ ဝယ်ယူရေး၊ အမှိုက်သိမ်းယာဉ်များ၊ ဌာနဆိုင်ရာများ လုပ်ငန်းတွင်ကျယ် ထိရောက်ရေးအတွက် လိုအပ်သည့် ယာဉ်နှင့် ပစ္စည်းများ ဝယ်ယူရန် တင်ပြဆောင်ရွက်လျှက်ရှိကြောင်း ဒေါက်တာ အောင်မိုးညို ကပြောသည်။ မကွေးတိုင်းဒေသကြီး အတွင်း ရန်ပုံငွေအရှုပ်အရှင်းများ ပေါ်ပေါက်ခဲ့ပြီးနောက် အစိုးရသစ်လက်ထက်သို့ အာဏာ မလွဲပြောင်းမီ အစိုးရအဖွဲ့ဟောင်းများမှ စီမံခန့်ခွဲသုံးစွဲခဲ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ စာရင်းဇယားများကို သမ္မတရုံး၏ ညွန်ကြားချက်ဖြင့် ပြန်လည် စစ်ဆေးနေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက မီဒီယာများသို့ပြောကြားထားသည်။ အစိုးရအဖွဲ့ဟောင်းများ၏ ရန်ပုံငွေများကို ပြန်လည်စစ်ဆေးရာတွင် တွေ့ရှိချက်များကို နိုင်ငံတော်သမ္မတထံ တင်ပြရမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်တွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားကြောင်း ဦးမော်သန်းက ပြောထားသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေ၏ လက်အောက်တွင် ရန်ပုံငွေကျပ် သန်း ၃ ထောင်ကျော် အရှုတ်အရှင်းဖြစ်ခဲ့မှု NLD အစိုးရ လက်ထက်တွင် စိစစ်တွေ့ရှိခဲ့ပြီးနောက် ဦးဘုန်းမော်ရွှေက ရန်ပုံငွေကျပ်သန်း သုံးထောင်ကျော်ကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ပြန်လည်ပေးအပ်မည်ဟု ဆိုသဖြင့် ပြေလည်မှုရရှိသွားခဲ့သည်။ NLD အစိုးရ၏ စိစစ်ချက်အရ ထိုငွေကြေး အရှုတ်တော်ပုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး) အတွက် သုံးစွဲခဲ့သည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းပိုင် ကျပ်သန်းပေါင်း ၁၇၀၀ ၊ ငွေချေးလုပ်ငန်းကို လွှဲပြောင်းပေးခဲ့သည့် ကျပ် ၁၅၇၀ သန်း နှင့် မော်တော်ယာဉ် ၄ စီး၊ ဘတ်ဟိုး ၁ စီး၊ ပဲ့ထောင်ရေယာဉ် ၂ စီး တို့ ဖြစ်ကြောင်း သိရသည်။ The post အစိုးရဟောင်း၏ MOU စာချုပ်များကို ပြန်စစ်ရန် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြား appeared first on ဧရာဝတီ.
Source : http://ift.tt/2w0VNU6
via IFTTT

No comments:

Post a Comment