မကြာမီ ပြန်စတော့မယ့် ဂျာမန်ဘွန်ဒက်လီဂါ အမှတ်ပေး ဘောလုံးပွဲစဉ်များ ကမ္ဘာပေါ်မှာ ကွင်းတွင်း ပရိတ်သတ် ဝင်ရောက် ကြည့်ရှုမှု အများဆုံး ဂျာမနီ ပြည်တွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဘွန်ဒက်လီဂါ ပွဲစဉ်တွေ လာမယ့် သြဂုတ် ၁၈ ရက်နေ့မှာ ပြန်စပါတော့မယ်။ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေထက် တပွဲပျမ်းမျှ ကြည့်ရှုသူ ပရိတ်သတ် ပိုများပါတယ်။ ဥရောပမှာ အီတလီ၊ ပြင်သစ်၊ အင်္ဂလန်၊ စပိန်နဲ့ ဂျာမနီပြည်တွင်း အမှတ်ပေး ဖလားပြိုင်ပွဲတွေက လူကြိုက် အများဆုံး ဖြစ်သလို ဘွန်ဒက်ဘီဂာကတော့ အသင်း ၁၈ သင်းပဲ ကစားတာ ဖြစ်ပါတယ်။ အသင်းလည်း နည်းတာကြောင့် ရာသီဖွင့်ပွဲ ကစားရက်ကလည်း ပုံမှန်ထက် နည်းနည်း နောက်ကျပါတယ်။ အခုနှစ် ဘွန်ဒက်လီဂါအကြောင်း မပြောခင် အရင်နှစ် ရာသီသိမ်းအခြေအနေကို ပြန်ကြည့်ရအောင်ပါ။ ၅၄ ကြိမ်မြောက် ကျင်းပတဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီ ဘွန်ဒက်လီဂါ ပွဲစဉ်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ကနေ ၂၀၁၇ ခုနှစ် မေလ ၂၀ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။ အင်အားကြီး အသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကပဲ ၂၆ ကြိမ်မြေက် ချန်ပီယံ ဖလားကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဥရောပရဲ့ အမြင့်ဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲကို ဘိုင်ယန်နဲ့ အတူ အခြား စုစုပေါင်း ၄ သင်း ဝင်ခွင့်ရတယ်၊ ဒုတိယ အဆင့် အမြင့်ဆုံး ယူရိုပါလိဂ်ကို ကိုလုံး၊ ဟာသာဘာလင်နဲ့ ဖရိုင်းဘက်တွေ ဝင်ခွင့်ရခဲ့ပါတယ်။ တရာသီ အတွင်း ကစားပွဲပေါင်း ၃၀၆ ပွဲ ကစားတယ်၊ တပွဲကို ပျမ်းမျှ ၂ ဒသမ ၈၇ ဂိုးသွင်းတယ်၊ စုစုပေါင်း ၈၇၇ ဂိုး သွင်းတယ်၊ ဂိုးသွင်းဘုရင် အဖြစ် Pierre Emerick Aubameyang က ၃၁ ဂိုးသွင်းတယ်၊ အိမ်ကွင်း ဂိုးပြတ်နိုင်ပွဲ အဖြစ် ဘိုင်ယန်က ဟမ်းဘတ်ကို ၈ ဂိုး ဂိုးမရှိနဲ့ နိုင်တယ်၊ အဝေးကွင်းနိုင်ပွဲ အကြီးဆုံး အဖြစ် ဝုဖ်ဘတ်အိမ်ကွင်းမှာ ဘိုင်ယန်က ၆ ဂိုး ဂိုးမရှိနဲ့ နိုင်တယ်၊ တပွဲ ပျမ်းမျှ ပရိတ်သတ် ၄၁၅၁၈ ဦး ရှိခဲ့ပြီး တနှစ်လုံး ပရိတ်သတ် ၁၂ ဒသမ ၇ သန်းလောက် ရှိခဲ့ပါတယ်။ အခုနှစ် ဘွန်ဒက်လီဂါကိုတော့ လာမယ့် သြဂုတ်လ ၁၈ ရက်နေ့မှာ စတင် ကစားမှာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလ ၁၂ ရက်ထိ ဖြစ်ပါတယ်။ ပွဲစဉ်ဇယားကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတည်းက ထုတ်ပြန် ကြေငြာထားတာ တွေ့ရပါတယ်။ အခုနှစ်မှာတော့ အသင်းကြီး စတုဂတ်နဲ့ ဟန်နိုဗာတွေ တန်းပြန်တက်လာတာ တွေ့ရပါတယ်။ အိမ်ကွင်းတွေ အနေနဲ့ အော့ဘတ်စ်က WWK Arena ကွင်းမှာ လက်ခံကစားမယ်၊ ၃၀၆၆၀ ဦး ဝင်ဆံ့တဲ့ ကစားကွင်းပါ၊ ဟာသာဘာလင် အသင်းက ၇၄၄၇၅ ဦးဆံ့တဲ့ Olympiastadion ကွင်းမှာ လက်ခံကစားမယ်၊ ဝါဒါဘရီမင်က ၄၂၁၀၀ ဦးဆံ့တဲ့ Weser-Stadion မှာ လက်ခံကစားမယ်၊ ဒေါ့မန်အသင်းက ပရိတ်သတ် ၈၁၃၆၀ ဦး ဆံ့တဲ့ Signal Iduna Park မှာ လက်ခံကစားမယ်၊ ဖရန့်ဖတ်အိမ်ကွင်း Commerzbank-Arena က ၅၁၅၀၀ ဦးဆံ့တယ်၊ ဖရိုင်းဘတ်အိမ်ကွင်း Schwarzwald-Stadion က ပရိတ်သတ် ၂၄၀၀၀ ပဲ ဆံ့တယ်။ ဟမ်းဘက်အိမ်ကွင်း Volksparkstadion က ၅၇၀၀၀ ဦးထိအောင် ဆံ့တယ်၊ တန်းတက် ဟန်နိုဗာကတော့ ပရိတ်သတ် ၄၉၀၀၀ ဆံ့တဲ့ HDI-Arena ကွင်းမှာ လက်ခံကစားမယ်၊ ဟော့ဖန်ဟိမ်းဆိုရင် အိမ်ကွင်း Wirsol Rhein-Neckar-Arena ကွင်းမှာ လက်ခံကစားမှာ ဖြစ်ပြီး ပရိတ်သတ် ၃၀၁၅၀ဆံ့တယ်၊ ကိုလုံးကတော့ RheinEnergieStadion မှာ ပရိတ်သတ် ၄၉၉၆၈ နဲ့ လက်ခံကစားမယ်၊ လိုက်ဇက်အိမ်ကွင်း Red Bull Arena က ပရိတ်သတ် ၄၂၅၅၈ ဦး ဆံ့တယ်၊ လေဗာကူဆင် အသင်းက BayArena ကွင်းက ပရိတ်သတ် ၃၀၀၀၀ ပဲ ဆံ့တယ်။ မိန့်အိမ်ကွင်း Opel Arena က ပရိတ်သတ် ၃၄၀၀၀ ဆံ့တယ်၊ မိုချန်ဂလာဘတ်အသင်းက အိမ်ကွင်း Borussia-Park ဖြစ်ပြီး သူက ပရိတ်သတ် ၅၄၀၁၄ ဦး ဆံ့တယ်၊ ချန်ပီယံ ဘိုင်ယန်မြူးနစ်က Allianz Arena အိမ်ကွင်း ဖြစ်ပြီး ပရိတ်သတ် ၇၅၀၀၀ ဆံ့တယ်၊ ရှော်ကေးအိမ်ကွင်း Veltins-Arena က ပရိတ်သတ် ၆၂၂၇၁ ဆံ့တယ်၊ တန်းတက် စတုဂတ်ရဲ့ အိမ်ကွင်း Mercedes-Benz Arena ကတော့ ပရိတ်သတ် ၆၀၄၄၉ ဦး ဆံ့ပြီး ဝုဖ်ဘတ်ကတော့ ပရိတ်သတ် ၃၀၀၀၀ ပဲ ဆံ့တဲ့ အိမ်ကွင်း Volkswagen Arena မှာ အသီးသီး လက်ခံကစားကြမှာ ဖြစ်ပါတယ်။ အခုနှစ် ဘွန်ဒက်လီဂါမှာ အသင်း ၄ သင်းပဲ နည်းပြအသစ် အပြောင်းအလဲ ရှိပြီး ကျန်အသင်းတွေကတော့ အရင်နှစ်က နည်းပြတွေနဲ့ ဆက်ကစားမှာပါ။ မိန့် အသင်းကိုတော့ နည်းပြသစ် Sandro Schwarz က မေလ ၃၁ ရက်နေ့က ရောက်လာတယ်၊ ဒေါ့မန်နည်းပြသစ် အဖြစ် Peter Bosz က ဇွန်လ ၆ ရက်နေ့က ပြောင်းလာတယ်၊ လေဗာကူဆင် နည်းပြသစ် Heiko Herrlich ကလည်း ဇွန်လ ၉ ရက်နေ့ကမှ ရောက်လာတယ်၊ ရှော်ကေးနည်းပြသစ် Domenico Tedesco ကလည်း ဇွန်လ ၉ ရက်နေ့ကမှ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ။ Ref: http://ift.tt/1nTw5C9 The post မကြာမီ ပြန်စတော့မယ့် ဂျာမန်ဘွန်ဒက်လီဂါ အမှတ်ပေး ဘောလုံးပွဲစဉ်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2u9Y37Z
via IFTTT
No comments:
Post a Comment