Friday, August 18, 2017


ငြိမ်းချမ်းရေးစင်တာ ဒါရိုက်တာဟောင်းကို ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် ညွှန်မှူးခန့်အပ် မြန်မာ့ငြိမ်းချမ်းရေး စင်တာ၏ ဒါရိုက်တာဟောင်း ဦးအောင်နိုင်ဦးကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ စောင့် ကြည့်ရေး ကော်မတီ (JMC – U) နည်းပညာ အထောက်အကူပြုရုံး (TSC) ၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး အဖြစ် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့က ခန့်အပ်ခဲ့သည်။ ယင်းသို့ ခန့်အပ်ရန် လွန်ခဲ့သောလက ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) တွင် ကျင်းပသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC – U) ၏ ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဦးအောင်နိုင်ဦးသည် မြန်မာငြိမ်းချမ်းရေးစင်တာ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အထိ ဦးဆောင် ပါဝင်ခဲ့ပြီး မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လက်မှတ် ရေးထိုးထားသော တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်း ညှိနှိုင်းဆွေးနွေးရာတွင်လည်း ပါဝင်ခဲ့သည်။ ယခင်က ဦးအောင်နိုုင်ဦးသည် ဗဟုဖွံ့ဖြိုးရေးအင်စတီကျု့၏ ဒုညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏ တောတွင်းတက္ကသိုလ် ကျောင်းအုပ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၏ နိုင်ငံခြား ရေးရာ ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ယခင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးသည် ဇူလိုင်လကုန်တွင် ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး ဦးအောင်နိုင်ဦးကို ခန့်အပ်ရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အကောင် အထည်ဖော်မှုကို စောင့်ကြည့် ကြီးကြပ်ရန် JMC – U ကို ဖွဲ့စည်းခဲ့ပြီး အစိုးရ၊ စစ်ဘက် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်သား ကိုယ်စားလှယ်များ ပါဝင်ခဲ့သည်။ ထို့ပြင် ပြည်နယ်အဆင့် ကော်မတီများကို ၂၀၁၆ခုနှစ် ဇန်နဝါရီလတွင် ကရင်၊ မွန်၊ ရှမ်းပြည်နယ်၊ ပဲခူးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့၌ ဖွဲ့စည်းခဲ့သည်။ JMC- U ,TSC လုုပ်ငန်းတာဝန်များ ဆောင်ရွက်နိုုင်ရန် ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေ ဒေါ်လာ ၆ ဒသမ ၅ သန်းကိုု နိုုင်ငံတော်၏ အတိုုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ (JCB) က နိုင်ငံတကာ အလှူရှင်များထံမှ ကောက်ခံခွင့်ပြုခဲ့သည်။ နိုုင်ငံတော်၏ အတိုုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ (JCB) က ပြည်ပအလှူရှင်များထံမှ ကောက်ခံရရှိသည့် ဒေါ်လာ ၆ ဒသမ ၅ သန်းကို JMC-TSC လုုပ်ငန်းတာဝန်များ ဆောင်ရွက် နိုုင်ရန် ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေ ချထားပေးခဲ့သည်။ JMC – TSC အဖွဲ့အနေဖြင့် အလှူရှင်များထံမှ ကောက်ခံ ရရှိငွေပမာဏသည် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ၏ ၃ နှစ်ခွဲ ကြာ သုုံးစွဲခဲ့သော ဘတ်ဂျက်ပမာဏထက် ပိုုမိုုများပြားကြောင်း သိရသည်။ The post ငြိမ်းချမ်းရေးစင်တာ ဒါရိုက်တာဟောင်းကို ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် ညွှန်မှူးခန့်အပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2wmRJ11
via IFTTT

No comments:

Post a Comment