ကြောင်ချစ်သူများအတွက် ကြောင်ကဖေး ကြောင်ချစ်သူများအတွက် သတင်းကောင်းဖြစ်သော မြန်မာနိုင်ငံတွင် ရှားပါးသည့် နိုင်ငံခြားကြောင်မျိုးများကို ကြောင်ချစ် သူများ လေ့လာနိုင်ပြီး ထိုကြောင်လေးများနှင့်အတူ ဆော့ကစားကာ ခဏတာ သွားရောက် အပန်းဖြေနိုင်ရန် ရည်ရွယ်ဖွင့် လှစ်ထားသည့် Freedom Cafe San Chaung သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော Cat Cafe ဖြစ်ပြီး စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်းပေါ်တွင် တွေ့ရသည်။ကြောင်ချစ်သူများအတွက် သတင်းကောင်းဖြစ်သော မြန်မာနိုင်ငံတွင် ရှားပါးသည့် နိုင်ငံခြားကြောင်မျိုးများကို ကြောင်ချစ် သူများ လေ့လာနိုင်ပြီး ထိုကြောင်လေးများနှင့်အတူ ဆော့ကစားကာ ခဏတာ သွားရောက် အပန်းဖြေနိုင်ရန် ရည်ရွယ်ဖွင့် လှစ်ထားသည့် Freedom Cafe San Chaung သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော Cat Cafe ဖြစ်ပြီး စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်းပေါ်တွင် တွေ့ရသည်။ အဆိုပါ Freedom Cafe San Chaung ၏ အောက်ထပ်တွင် စားသောက်ခန်းသီးသန့် ထားရှိကာ အပေါ်ထပ် Cat Café ၌ နိုင်ငံခြားကြောင် ၂၅ ကောင်ကို မွေးမြူထားသည်။ မြန်မာနိုင်ငံတွင် အတွေ့ရနည်းသည့် Main Coon ၊Sphnix နှင့် Bangle ကြောင်မျိုးများနှင့်တကွ စုစုပေါင်း ကြောင်မျိုးစိတ် ၁၄ မျိုးကို မွေးမြူပြသထားသည်။ ဇူလိုင် ၅ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သော အဆိုပါ Cat Cafe သို့ စိတ်ဝင်တစား လာရောက်သူ များပြားလျက်ရှိပြီး Cat Cafe သို့ ဝင်ကြေးကို ကျပ် ၅၀၀၀ သတ်မှတ်ထားသည်။ ကြောင်များကို အစာကျွေးရန် ကြောင်စာအချောင်းထုပ်လေးများ ကိုလည်း တထုပ်လျှင် ကျပ် ၁ ထောင်ဖြင့် ရောင်းချပေးသည်။ ကြောင်ကလေးများနှင့် ကစားနိုင်ရုံသာမက အစားအသောက်များလည်း မှာယူစားသုံးနိုင်သည့် Cat Cafe ကို နေ့လယ် ၁နာရီမှ ၃နာရီ ၊ညနေ ၄နာရီမှ ၅နာရီ နှင့် ည ၇နာရီမှ ၉နာရီ ဟူ၍ တရက်လျှင် Section ၃ခုခွဲကာ ဖွင့်လှစ်ပြီး တချိန်လျှင် လူ၂၀ဦးသာ ဝင်ရောက်ရန် ကန့်သတ်ထားခြင်းကြောင့် ကြိုတင် စာရင်းပေးသွင်းရန်လိုပြီး စနေ၊တနင်္ဂနွေ ရုံးပိတ်ရက် များတွင် လာရောက်မည်ဆိုပါက ၁ပတ်ကြိုတင် စာရင်းပေးသွင်းရကြောင်း သိရသည်။ ကြောင်များကို တကိုယ်ရေ သန့် ရှင်းရေး အမြဲပြုလုပ်ပေးထားပြီး လူများနှင့် ယဉ်ပါးစေရန်နှင့် လက်သည်းမထုတ်ရန်လည်း ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားကာ တပတ်တကြိမ် လက်သည်းညှပ်ပေးသည်ဟု သိရသည်။ ကြောင်များကို ကူးစက်ရောဂါ ကာကွယ်ဆေးများ ထိုးပေးထားပြီး ဗဟိုလမ်းရှိ တိရစ္ဆာန်ကုသရေး ဆေးရုံနှင့် ချိတ်ဆက်ကာ ကြောင်များ၏ ကျန်းမာရေးကို ၁ပတ်၁ခါ ပုံမှန်စစ်ဆေးကြောင်း သိရသည်။ Freedom Cafe San Chaung ၏လိပ်စာမှာ အမှတ် ၈၁၊ ပန်းလှိုင်လမ်း၊ စမ်းချောင်းမြို့နယ် ဖြစ်သည်။ The post ကြောင်ချစ်သူများအတွက် ကြောင်ကဖေး appeared first on ဧရာဝတီ.
Source : http://ift.tt/2vDoJCm
via IFTTT
No comments:
Post a Comment