Friday, August 18, 2017


ကမ္ဘာ့စွမ်းဆောင်ရည် အကောင်းဆုံးလို့ ဆိုလာတဲ့ Ford Raptor အမေရိကန်အခြေစိုက် ကားကုမ္ပဏီ Ford မှာလည်း စွမ်းဆောင်ရည်ပိုင်း ဦးစားပေးမော်ဒယ်တွေ ဖန်တီးဖို့ သီးသန့်ဌာန ထားရှိ လုပ်ဆောင်နေတာ တွေ့ရပြီး အခုတော့ အဲဒီဌာနကနေ စွမ်းဆောင်ရည်မြင့် မော်ဒယ်သစ်ကို မိတ်ဆက်လာတာ တေ့ွရပါတယ်။ အရင်ကတော့ Fiesta STလို အိမ်စီးမော်ဒယ်ကို စွမ်းဆောင်ရည်မြင့် အဖြစ် ထုတ်လုပ်ခဲ့တာ တွေ့ရသလို GTလို Supercar မော်ဒယ်ထိအောင် အဆိုပါ ဌာနကနေ ဖန်တီးခဲ့တာ တွေ့ရပါတယ်။ အခုလည်း Pickup မော်ဒယ်တွေထဲမှာ စွမ်းဆောင်ရည်မြင့်အဖြစ် F Serirs ရဲ့နောက်ဆက်တွဲ ပုံစံ Raptor လာပါပြီ။ F-150 မော်ဒယ်ကို အဆင့်မြင့် စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ်အဖြစ် ဖန်တီးထားတာပါ။ ဟုတ်ပါပြီ။ မော်ဒယ်သစ်အ ကြောင်း နည်းနည်းလောက် ကြည့်ရအောင်ပါ။ မော်ဒယ်သစ်ကို ပြီးခဲ့တဲ့ရက်က အမေရိကန်နိုင်ငံ၊ နယူးဂျာစီက လမ်းကြောင်းမှာ စမ်းသပ်မောင်းနှင်ခဲ့ပြီး မော်ဒယ်က သိ သာတဲ့ ရုပ်ထွက်၊ တည်ငြိမ်ပြီး လမ်းကြမ်းပိုင်း အကြမ်းခံ မော်ဒယ်ဆိုတာ ပေါ်လွင်စေတဲ့ ရှေ့ဘက် မျက်နှာစာ၊ အင်ဂျင်စ နစ်က ၃.၅ လီတာသုံး အရွယ်ဖြစ်ပြီး Turbocharged စနစ်သုံး V6 အင်ဂျင်။ သူက ရုန်းအား ၅၁၀ပေါင်-ပေမှာတင် မြင်း ကောင်ရေ ၄၅၀အားထိအောင် ထွက်ရှိမယ်။ Towပမာဏ ပေါင် ၈၀၀၀ ထိအောင် ရှိမှာပါ။ Extလို့ ပြည်တွင်းမှာ ခေါ်ကြတဲ့ အပိုခန်းဖွဲ့ ပုံစံ Supercab အနေနဲ့ ကိုယ်ထည်ကို ဖန်တီးထားတယ်၊ လေးဘီးယက်စနစ်နဲ့ ဖြစ်ပြီး ကိုယ်ထည်နဲ့ မြေပြင်ကို လမ်းကြမ်းစစ်စစ် သုံးနိုင်အောင် မြင့်မားကွာခြားအောင် ဖန်တီးထားပါတယ်။ F-150ဆိုတာ အမေရိကန်မှာ Fordရဲ့ ရောင်းအား အကောင်းဆုံးမော်ဒယ် ဖြစ်နေပြီး အခုလို စွမ်းဆောင်ရည်မြှင့်ထားရင် ပိုပြီး လူကြိုက်များလာဖို့လည်း ရှိနေတာပါ။ ဒါပေမယ့် အင်ဂျင်ကို ဝန်တင်ဆောင်နိုင်မှု များများနဲ့ ပိုပြီး ရုန်းကန်နိုင်အောင် ကိုယ်ထည် အလေးချိန် လျော့ချ ဖန်တီးထား ပြီး တချို့နေရာတွေမှာ အလူမီနီယမ်သားတွေ သုံးထားတာလည်း တွေ့ရပါတယ်။ ထူးခြားချက်တခု ပြောစရာရှိတာက နောက်ဘက်ဆုံး အမြီးပိုင်း တံခါး၊ ပုံမှန်ဆို သူက လက်နဲ့ အတင်အချ ပိတ်ရတာ၊ အခု မော်ဒယ်မှာတော့ Power နဲ့ ဖြစ်လာပါတယ်။ ခွေတွေကအစ အလူမီနီယမ်သားတွေ၊ Alloyတွေကို ဘေးဖယ်ထားတာ တွေ့ရတယ်။ တာယာတွေကလည်း လမ်းကြမ်းသုံး တာယာတွေ၊ အကြမ်းခံနိုင်အောင်၊ ဝန်တင်နိုင်အောင် Short Absorberကိုလည်း အရွယ်ပိုပြီး ကြီးမားခိုင်မာအောင် သုံး ထားတာ တွေ့ရတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာလည်း တနာရီ မိုင် ၆၀နှုန်းကို အချိန် ၅.၃စက္ကန့်လောက်နဲ့ ရောက်အောင် မောင်းနှင်နိုင်မယ်။ ဒါဟာ လမ်းကောင်းမှာတင် ရမယ့်နှုန်း မဟုတ်ဘဲ သဲလမ်း၊ ကျောက်လမ်းနဲ့ ရွှံလမ်းတွေမှာလည်း စွမ်းဆောင်ရည် မကွာ အောင် ဖန်တီးထားတယ်လို့ ဆိုပါတယ်။ လမ်းကောင်းမှာ ဆိုရင် ၅ စက္ကန့်လောက်နဲ့ ရောက်မယ်လို့ သိရပါတယ်။ အမြန် ဆုံး မောင်းနှင်နိုင်မှုနှုန်းက တနာရီ ၁၀၇ မိုင်ထိအောင်ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်ထည် အတွင်းခန်းမှာ လေဝင်ပေါက်တွေက ပုံမှန်လို မဟုတ်ဘဲ လေစစ်ပုံစံ ဖြစ်နေပါတယ်။ ကုမ္ပဏီက လမ်းကြမ်း ပိုင်းမှာ ဖုန်ပါတဲ့လေတွေ အတွင်းခန်း မဝင်အောင် ဖန်တီးထားတဲ့ သဘောလို့် ဆိုပါတယ်။ အတွင်းခန်းလည်း ကျယ်ဝန်းတယ်၊ တံခါးတွေက ရင်ကွဲတံခါးစနစ်၊ နောက်ဘက်ခန်းက အိပ်ခန်းရော ခရီးသည်ခန်းပါ သုံး နိုင်အောင် ဖန်တီးထားတယ်။ ထိုင်ခုံတွေက သားရေသား ဇိမ်ခံ မော်ဒယ်တွေရဲ့အပြင်အဆင်မျိုနဲ့ ဖြစ်ပါတယ်။ မော်ဒယ်မှာ သတင်းအချက်အလက်နဲ့ ပြသစနစ်ကို Fordရဲ့ SYNC 3စနစ် ထည့်ထားတယ်၊ သူက Appleရဲ့ CarPlayရော Android Autoစနစ်တွေကိုပါ ချိတ်ဆက် သုံးနိုင်အောင် ဖန်တီးထားတာပါ။ Bluetoothစနစ်လည်း ချိတ်နိုင်မယ်၊ USB ပေါက်တင် မဟုတ်ဘဲ AUX ပေါက်လည်း ပါမယ်။ အားသွင်းဖို့ လိုရင် ချိတ်ဆက်နိုင်အောင် ၁၁၀ ဗို့အား ထုတ်ပေးမှာလည်း ဖြစ်ပါတယ်။ ဆီစားနှုန်းကတော့ ပျမ်းမျှ တဂါလံ ကို ၁၆မိုင်လောက်ပဲ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ မော်ဒယ်ကို လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်မြင့် ဈေးကွက် အကောင်းဆုံး ရှိနေတဲ့ အမေရိကန်မှာ ဈေးကွက်တင် ရောင်းချ နေတာ တွေ့ရပြီး ဈေးနှုန်း ဒေါ်လာ ၅၀၅၆၀၀န်းကျင်နဲ့ ရောင်းနေတာ တွေ့ရပါတယ်။ ပြည်တွင်းမှာလည်း Ford အရောင်း ပြခန်း ရှိနေသလို F Series ရောင်းချမှုတွေ ရှိနေတာကြောင့် စိတ်ဝင်စားရင်တော့ စုံ စမ်း ဝယ်ယူနိုင်မယ့် အနေအထားပါ။ ဈေးကွက် ပြိုင်ဘက်အနေနဲ့ကတော့ Chevy Silveradoနဲ့ GMC Sierra 1500 တွေ ရှိနေတာလည်း ဖြစ်ပါတယ်။ Ref: http://ift.tt/eKERsB The post ကမ္ဘာ့စွမ်းဆောင်ရည် အကောင်းဆုံးလို့ ဆိုလာတဲ့ Ford Raptor appeared first on ဧရာဝတီ.
Source : http://ift.tt/2w71Jvw
via IFTTT

No comments:

Post a Comment