မကွေးတွင် H1N1 လူနာတစ်ဦး စတင်တွေ့ရှိ မကွေး၊ ဩဂုတ် ၄ မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် H1N1 လူနာတစ်ဦး စတင်စစ်ဆေးတွေ့ရှိရကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က The Voice သို့ အတည်ပြု ပြောကြားသည်။ မကွေးပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင် ၂၄ ရက်နေ့မှ စတင်ကာ ဆေးကုသမှု ခံယူနေသော သက် ၂ နှစ်အရွယ် မိန်းကလေးတွင် စစ်ဆေးတွေ့ရှိခြင်း ဖြစ်သည်။ “အခုဖြစ်စဉ်ဟာ မကွေးဆေးရုံရဲ့ ပထမဆုံး တွေ့ရှိရခြင်းပါ။ လူနာရဲ့အခြေအနေနဲ့ အာခေါင်တွင်း စစ်ဆေးတွေ့ရှိချက်တွေကို နေပြည်တော်မှာရှိတဲ့ အမျိုးသားကျန်းမာရေးဌာနကို စစ်ဆေးပေးဖို့ ပို့ထားတာပါ။ ဒီနေ့ပဲ H1N1 ဖြစ်ကြောင်း အဖြေရပါတယ်” ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။ မင်းလှမြို့နယ် ဓာတ်ကုန်းရွာ မှ ၂ နှစ်အရွယ် လူနာမိန်းကလေးမှာ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ရေနံမတိုက်နယ်ဆေးရုံသို့ စတင်တက်ရောက်ခဲ့ပြီး မသက်သာသည့် အနေအထားကြောင့် ထိုနေ့ ညနေပိုင်းတွင် မင်းလှမြို့နယ်ဆေးရုံသို့ ပြောင်းရွေ့ကုသမှုကို ခံယူခဲ့ကြောင်း မကွေးတိုင်းပြည်သူ့ဆေးရုံးကြီးမှ တာဝန်ရှိသူက ရှင်းပြသည်။ “မင်းလှဆေးရုံကလည်း H1N1 ဖြစ်ဖို့ များနေတာကို သိရတဲ့အတွက် ည ၁၀ နာရီမှာ မကွေးဆေးရုံကြီးကို ပြောင်းကုဖို့ လွှဲပေးတာ နောက်နေ့ မနက်မှပဲ မကွေးဆေးရုံကို သူတို့ရောက်လာခဲ့ပါတယ်။ လက်ရှိအချိန်ထိ လူနာအခြေအနေ ကောင်းနေဆဲပါ” ဟု မကွေးတိုင်းပြည်သူ့ဆေးရုံမှ ဒေါက်တာထွန်းအောင်ကြည် ပြေကြားသည်။ ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၄ ရက် မွန်းလွဲအထိ H1N1 ပိုးတွေ့ လူနာစုစုပေါင်း ၁၃၂ ဦး အနက် ၁၄ ဦး သေဆုံးပြီး လူနာ ၆၂ ဦး ဆေးကုသမှု ခံယူးလျက်ရှိကြောင်း၊ လူနာ ၄၅ ဦးမှာ သက်သာကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
Source : https://goo.gl/ZaEAus
via IFTTT
No comments:
Post a Comment