ရေကြီးနေတဲ့ ပါရီမြို့က လမ်းပေါ်မှာ ရေလွှာလျှောစီးနေတဲ့ လူငယ်တွေ ဖေဖော်ဝါရီ - ၃ ၊၂၀၁၈ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပေမယ့် ရေလွှာလျှောစီး ဝါသနာအိုး လူငယ် နှစ်ယောက် အတွက်တော့ ဝမ်းသာကျေနပ်စရာ ဖြစ်နေပါတယ်။ ပါရီမြို့စွန် ရိုင်းလ်မယ်လ်မိုင်ဆန် ဆင်ခြေဖုံး ရပ်ကွက်မှာ နေထိုင်တဲ့ ဆယ်ကျော်သက် လူငယ်နှစ်ဦးဟာ ရေလွှမ်းနေတဲ့ လမ်းပေါ်မှာ ရေလွှာလျှောစီးရင်း ပျော်ရွှင်နေကြပါတယ်။ ဒေသခံတွေ အနေနဲ့ ရေကြီးတဲ့ အခြေအနေကြောင့် စိတ်ညစ်နေပေမယ့် လူငယ်နှစ်ယောက်ကြောင့် အပျင်းပြေနေကြပါတယ်။ စက်သီးနဲ့ ရစ်ဆွဲတဲ့ ကြိုးကို အသုံးပြုပြီး လမ်းပေါ်မှာ ရေလွှာလျှောစီးနေတဲ့ လူငယ်တွေဟာ သစ်ပင်တွေကြားမှာ ဖြတ်သန်းရင်း စတန့်အမျိုးမျိုးနဲ့လည်း အစွမ်းပြနေပါတယ်။ သူတို့ နှစ်ယောက်စလုံးရဲ့ အိမ်တွေကို ဇန်နဝါရီ ၂၆ ရက်မှာ ရေဖုံးသွားခဲ့ပေမယ့် ရေလွှာလျှောစီးလို့ ရတဲ့အတွက်တော့ အဆိုးထဲက အကောင်းလို့ မှတ်ယူကြောင်း လူငယ်နှစ်ယောက်က ပြောပါတယ်။ ပါရီမှာ မိုးဆက်တိုက် ရွာသွန်းမှုတွေနဲ့အတူ ဆိန်းမြစ်ရေ မျက်နှာပြင် မြင့်တက်လာတာကြောင့် မြေနိမ့်ပိုင်း နေအိမ်တွေ ရာနဲ့ချီ ရေမြုပ်ပြီး ဒေသခံတွေလည်း ယာယီ ပြောင်းရွှေ့နေကြရပါတယ်။ #WorldNews #7DayNews #7DayTV (7Day News ဂျာနယ်နှင့် 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်မှာ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)
Source : http://ift.tt/2EAdlcg
via IFTTT
No comments:
Post a Comment