Monday, February 5, 2018

7Day News Journal

ကာ့ဒ်ပြောက်ကျားများကို အဆုံးစွန် လက်စားချေမည်ဟု တူရကီ ဝန်ကြီးချုပ် ခြိမ်းခြောက် မိမိတို့၏ စစ်သည်များ အသက်ပေးခဲ့ရသည့်အတွက် ကာ့ဒ်ပြောက်ကျားများကို အဆုံးစွန် လက်စားချေမည်ဟု တူရကီ ဝန်ကြီးချုပ်က ခြိမ်းခြောက် ကြွေးကြော်ခဲ့သည်။ တူရကီ ခြေလျင်တပ်များသည် နယ်စပ်ဒေသကို ဖြတ်ကျော်ကာ ဆီးရီးယား မြောက်ပိုင်းရှိ YPG ကာ့ဒ် ပြောက်ကျားများကို စစ်ဆင်ရေးများ ဆင်နွှဲလျက် ရှိသည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ တူရကီတပ်များ အထိနာခဲ့ပြီး စစ်သည် ၇ ဦး ကျဆုံးခဲ့သည်။ ယင်းသည် ကာ့ဒ်တို့နှင့် တိုက်ခိုက်ရာတွင် တူရကီ စစ်တပ်အတွက် အဆုံးအရှုံး အကြီးဆုံး နေ့တစ်နေ့လည်း ဖြစ်စေခဲ့သည်။ တူရကီ ဝန်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်က ကာ့ဒ်များ အနေဖြင့် တူရကီတို့ အထိနာသည်ထက် နှစ်ဆဆိုးသော ကံကြမ္မာနှင့် ကြုံစေရမည်ဟု Twitterပေါ်တွင် ခြိမ်းခြောက် ရေးသားခဲ့သည်။ ယင်းအဆိုကို တူရကီ အစိုးရ မီဒီယာများကလည်း ထပ်ဆင့် ဖော်ပြခဲ့သည်။ တူရကီ တပ်များသည် YPG ကာ့ဒ်ပြောက်ကျားအဖွဲ့ ထိန်းချုပ်ထားရာ အာဖရင် ဒေသကို ပြီးခဲ့သည့် လကုန်ပိုင်းတွင် စတင်ထိုးဖောက် တိုက်ခိုက်ခဲ့သည်။ YPGတို့သည် အိုင်အက်စ် စစ်သွေးကြွများကို ချေမှုန်းရာတွင် အမေရိကန်၏ အဓိက မဟာမိတ်အဖြစ် ပါဝင် ရပ်တည်ခဲ့သောကြောင့် တူရကီ၏ ထိုးစစ်ဆင်မှုသည် တူရကီ-အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ဝေဖန် ထောက်ပြမှုများလည်း ထွက်ပေါ်လျက်ရှိသည်။ Ref: CNN More in World News Section
Source : http://ift.tt/2E4tCoP
via IFTTT

No comments:

Post a Comment