Tuesday, February 6, 2018

ဒီတပတ္ ရန္ကုန္မွာ လည္ပတ္စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ ၁။ နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်အနုပညာရှင်အဖွဲ့တို့၏ Myanmar National Symphony Orchestra Concerts 2018 ဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ၉.၂.၂၀၁၈ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ပြုလုပ်သွားမည်ဖြစ်သည်။ မည်သူမဆိုအခမဲ့ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။ ၂။ Yangon Waterboom Night Market ကို ဒေါပုံမြို့နယ်၊ ယမုံနာလမ်းရှိ Yangon Waterboom တွင် ၁၀.၂.၂၀၁၈ မှ ၁၄.၂.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပွဲတော်တွင် နိုင်ငံကျော်တေးသံရှင်များ၏ဖျော်ဖြေမှုများ၊ တရုတ်နဂါးအကဖျော်ဖြေမှုများများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ၃။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့လက်ရာပွဲတော်ကို ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဂါးဒင်းတွင် ၁၁.၂.၂၀၁၈ မှ ၁၃.၂.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး တိုင်းရင်းသားပြခန်းများ၊ တိုင်းရင်းသားရိုးရာအကတင်ဆက်မှုများကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး တိုင်းရင်းသားအစားအစာ၊ အသုံးအဆောင်ပစ္စည်းများကိုလည်း ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ၄။ နာမည်ကျော်ပန်းချီဆရာများ၏လက်ရာများကို ကြည့်ရှု့နိုင်မည့် Saiq U @ A Collector’s Show by Phoe Sein Gallery ပန်းချီပြပွဲကို အောင်ဆန်းအားကစားကွင်း (မြောက်ခြမ်း)ရှိ OK Art Gallery တွင် ၁၁.၂.၂၀၁၈ မှ ၁၅.၂.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပြပွဲတွင် ပန်းချီခင်မောင်ရင်၊ မုတ်သုန်၊ တင်မောင်ဦး၊ စိုးနိုင်၊ ချမ်းငြိမ်းကျော်တို့၏ ပန်းချီကားများကို ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ၅။ မြန်မာအင်တာနေရှင်နယ် ပရိဘောဂပြပွဲ ၂၀၁၈ ကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၈.၂.၂၀၁၈ မှ ၁၁.၂.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပြပွဲတွင် ပရိဘောဂပစ္စည်းများကို အထူးလျော့ဈေးများနှင့်ရောင်းချပေးသွားမည်ဖြစ်ပြီး ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ၆။ Guitar Solo Contest 2018 ဂစ်တာပြိုင်ပွဲကြီးကို ပြည်လမ်း၊ လှည်းတန်းစင်တာတွင် ၁၂.၂.၂၀၁၈ ရက်နေ့ ပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များ၏ကိုယ်ပိုင်သံစဉ်တီးခတ်ယှဉ်ပြိုင်မှုကို နားဆင်နိုင်မည်ဖြစ်ကြောင်းသိရ သည်။ ၇။ ပြည်တွင်း၊ ပြည်ပရေဆေးပန်းချီဆရာ ၆ ဦးပါဝင်မည့် Water Color 2018 ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ၁၀.၂.၂၀၁၈ မှ ၁၄.၂.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပန်းချီပြပွဲတွင် လက်ရာမြောက်ရေဆေးပန်းချီလက်ရာများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။ ၈။ ပန်းချီလူမော်ဟန်၏ Night Memo ပန်းချီပြပွဲကို ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ Studio Square အနုပညာပြခန်းတွင် ၉.၂.၂၀၁၈ မှ ၁၁.၂.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ပန်းချီလူမော်ဟန်၏ညရှုခင်းပန်းချီကားများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။ ၉။ ပန်းချီလပြည့်၏ Beauty of Myanmar ပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးရှိ တော်ဝင်ပန်းချီပြခန်းတွင် ၆.၂.၂၀၁၈ မှ ၁၀.၂.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် မြန်မာလူမှုဓလေ့၊ ယဉ်းကျေးမှုပန်းချီကားများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။ ၁၀။ ပန်းချီဝါသနာအိုးများအဖွဲ့ (Art Hobbyists Community)၏ သုံးကြိမ်မြောက်ပန်းချီပြပွဲကို ကျောက်တံတားမြို့နယ် ၃၅ လမ်းရှိ Moon Art Gallery တွင် ၁၀.၂.၂၀၁၈ မှ ၁၄.၂.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပန်းချီပြပွဲတွင် မီဒီယံစုံ၊ လက်ရာစုံပန်းချီကားများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။ The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2nGe18C
via IFTTT

No comments:

Post a Comment