Tuesday, February 6, 2018
လားရှိုးတွင် လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းကြောင့် ဒုစရိုက်မှုများ ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းကြောင့် ဒုစရိုက်မှုများ ဖြစ်ပွား လာမည် ကို စိုးရိမ်ကြောင်း ဒေသခံများ က ပြောဆိုကြသည်။ လားရှိုးမြို့နယ် အတွင်း ပွဲလမ်းသဘင်များ ကျင်းပစဉ် လောင်းကစားဝိုင်းများပါ ဖွင့်လှစ်နေ၍ ဖမ်းဆီး အရေးယူပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဒေသခံများ၏ တောင်းဆိုမှုများလည်း ရှိနေသည်။ လားရှိုးမြို့ ရပ်ကွက်(၇)ရှိ နတ်ရေကန် ကျောင်းမှ ဂေါပက အဖွဲ့က ဦးဆောင်၍ စိတ္တသုခ ဘုရားပွဲ ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက ကျင်းပခဲ့သည်။ ယင်း ဘုရားပွဲ နောက်ဆုံးနေ့ (ဇန်နဝါရီ ၃၁ ရက်)၌ လောင်းကစားဝိုင်းများ (ရှမ်းကိုးမီး၊ လေးကောင်ဂျင်၊ ကလုံးကလုံး) လုပ်နေခြင်းကို တွေ့ရှိရာ ဒေသခံများက သက်ဆိုင်ရာ တာဝန် ရှိသူများထံသို့ အကြောင်းကြား ခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။ လားရှိုးမြို့မှ ဒေသခံတဦး ဖြစ်သူ စိုင်းလုံက “ကျနော်တို့ဆီမှာ လောင်းကစားဝိုင်းတွေ လုပ်နေတော့ ဒုစရိုက်မှုတွေ ဖြစ်လာ နိုင်တယ်။ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်။ တိုင်ရင်လည်း တိုင်တဲ့ လူရဲ့ လုံခြုံရေးကို ဘယ်လို တာဝန်ယူ ပေးမလဲ။ အဓိက တိုင်မှ အရေးယူတာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေ နဲ့ စနစ်တကျ ကြပ်မတ် စီမံဆောင်ရွက် ပေးစေချင်တယ်။ အခုဆို သတင်းတွေတက်တဲ့ အောက်မှာ ကြည့်လိုက်ရင် ကွန်မန့်မှာ ခြိမ်းခြောက်တာတွေတောင် ပါနေတယ်”ဟု ပြောသည်။ ထို့ပြင် လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာ ဘုရားပွဲ ကျင်းပရာတွင်လည်း လောင်းကစားဝိုင်းများ ပါဝင်ခဲ့ကြောင်း၊ သို့သော် သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ ဖမ်းဆီးခြင်း မရှိကြောင်းလည်း လားရှိုး ဒေသခံ စိုင်းလုံက ပြောဆိုသည်။ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက“လောင်းကစားဝိုင်းတွေကို သူတို့ ခိုးကြောင် ခိုးဝှက်လုပ်နေတယ်။ ဒါကို ကျနော်တို့ လက်မခံဘူး။ ခိုးကြောင် ခိုးဝှက်ပဲ လုပ်လုပ်၊ ရဲရဲတင်းတင်းပဲ လုပ်လုပ်၊ ကျနော်တို့ ဥပဒေအရ ထိထိ ရောက် ရောက် အရေးယူဖို့ သက်ဆိုင်ရာ ဌာနတွေနဲ့ ပေါင်းစပ်ပြီး စနစ်တကျ ဆောင်ရွက် သွားမယ်။ ပြည်သူတွေလည်း သတင်း ပေး ဖို့၊ ကျနော်တို့ဆီကို ချက်ချင်း ကြားတာ၊ တွေ့တာ၊ သိတာနဲ့ ချက်ချင်း သတင်းပေးဖို့တော့ မေတ္တာရပ်ခံလိုပါတယ်”ဟု ပြောသည်။ လားရှိုးမြို့နယ်တွင် ပွဲလမ်းဘသင်များ ကျင်းပပါက အထွေထွေအုပ်ချုပ်ရေးမှူး ဌာနမှနေပြီး လုပ်ထုံး လုပ်နည်း ဥပဒေနှင့် အညီ စိစစ်၍ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်းကာ လောင်းကစား လုံးဝ မပါရှိစေရေး၊ မီးဘေး လုံခြုံမှု အထူးဂရုစိုက်ရေး၊ ရောဂါကူးဆက်နိုင်သော အစားအစာများ မရောင်းချရေး၊ ၁၀ နာရီဆိုလျှင် အသံထက်ဝက်ခန့် လျှော့ချရေး စသည့် စည်းကမ်းချက်များကို ခံဝန်ကတိ လက်မှတ်ထိုးပြီး မှသာလျှင် ခွင့်ပြုကြောင်း သိရသည်။ အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက“ပြီးသွားတဲ့ ပွဲကတော့ ရပ်ကွက် (၇)က ပွဲ၊ ရပ်ကွက်(၇)မှာ ဘုန်းကြီးကျောင်း ဂေါပက အဖွဲ့ကနေပြီးတော့ သူတို့ ပွဲလုပ်တာပေါ့လေ။ ရက်ကတော့ ကောင်းကောင်း မမှတ်မိတော့ဘူး။ ပွဲမှာ ပုံစံကြည့်ရတာတော့ နောက်ဆုံး ပြီးခါနီးမှ သူတို့ ခိုးကြောင် ခိုးဝှက်လုပ်တယ်လို့ ကျနော်တို့ ယူဆတယ်။ ဒါပေမယ့် ကျနော်တို့ သတင်းရတာနဲ့ ချက်ချင်း စုံစမ်းတော့ သူတို့မရှိတော့ဘူး”ဟု ပြောသည်။ သို့သော် ဒေသခံများကမူ ရှမ်းပြည်နယ်တွင် လားရှိုးမြို့အပြင် မူဆယ်၊ တန့်ယန်း၊ တာချီလိတ်၊ သိန်းနီ စသည့် မြို့များတွင် ဂိမ်းဆိုင်များ၊ လောင်းကစားဝိုင်းများ ပြုလုပ်နေပြီး ပွဲလမ်းသဘင်များမှာပါ ထည့်သွင်း လုပ်ဆောင် လာနေခြင်းကြောင့် ဒုစရိုက်မှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ပြောဆိုသည်။ သိန်းနီမြို့မှာဆိုလျှင် နမ့်အွန် ရေပူစမ်း အပန်းဖြေစခန်း ဒေသဖွံ့ဖြိုးရေးဟု ဆိုကာ နမ့်စလပ်အုပ်စု နမ့်အွန် ကျေးရွာတွင် စိုင်းဆိုင်ဖနှင့် ဦးနော်တောင် တို့သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က စတင်၍ လောင်းကစားဝိုင်း (လေးကောင်ဂျင်၊ ကလုံးကလုံး တို့အပြင် တခြားသော လောင်းကစားနည်းများ)များ ပြုလုပ်နေကြောင်း လူမှုကွန်ရက်တွင် ပုံများနှင့် တကွ သတင်းများ ပျံ့နေသည်ကို တွေ့ရသည်။ အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် အဆိုတင်ရန် ကြိုးပမ်းနေ သော် လည်း အန္တရာယ်ပြုနိုင်သော ထောင်ချောက်ဆင်မှုများ ရှိနေခြင်းကြောင့် လွှတ်တော်သို့ အဆို မတင်နိုင်ဘဲ ဖြစ်နေကြောင်း ရှမ်းပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောဆိုသည်။ The post လားရှိုးတွင် လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းကြောင့် ဒုစရိုက်မှုများ ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2Env4pK
via IFTTT
No comments:
Post a Comment