အခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ဈေးကွက်ဝင်လာနိုင်တဲ့ ဖုန်းကောင်းများ ပုံမှန် ဆိုရင် အခုလို ဖေဖော်ဝါရီလ ဆိုတာ နှစ်တနှစ် အတွက် ဖုန်းအသစ်တွေ ကြေငြာရောင်းချတဲ့ အချိန်ပါ၊ အကြောင်းကတော့ Mobile World Congress (MWC) ကို အခုလထဲမှာကျင်းပလေ့ ရှိသလို ဖုန်းထုတ်လုပ်သူတွေက သူတို့ရဲ့ နောက်ဆုံးပေါ် နည်းပညာနဲ့ ဖုန်းတွေကို အပြိုင်အဆိုင် မိတ်ဆက်လေ့ရှိတာလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နာမည်ကျော် Samsung ရဲ့ မော်ဒယ်သစ် Galaxy S9 ကို ဒီပွဲမှာ မိတ်ဆက်လာဖို့ ရှိနေတယ် လု့ိလည်း အားလုံးက ခန့်မှန်းနေကြတာပါ။ ဒါပေမယ့် ဒီဖုန်းတလုံးတည်းတော့ စိတ်ဝင်စားစရာ ကောင်းမှာ မဟုတ်သလို သူနဲ့ အတူဈေးကွက် အပြိုင် ဖြစ်လာမယ့် ဖုန်းတွေလည်း အခုပွဲမှာ မိတ်ဆက်ပြီး ပထမ နှစ်ဝက် အတွင်းမှာ ရောင်းချလာနိုင် ပါတယ်။ ဒီတော့ ဘယ်လိုမော်ဒယ်တွေ ဖြစ်နိုင်မယ် ထင်ပါသလဲ။ လေ့လာရအောင်ပါ။ (၁) Samsung Galaxy S9 ။ ။ ဖေဖော်ဝါရီ ၂၅ ရက်နေ့ စပိန်နိုင်ငံ၊ ဘာစီလိုနာမှာကျင်းပမယ့် ဒီပွဲမှာ Galaxy S9 ကို ထည့်သွင်း မိတ်ဆက်လာဖို့ သေချာနေပါပြီ။ ဒါပေမယ့် အခုထိတော့ ကျွမ်းကျင်သူ အားလုံးရဲ့ ခန့်မှန်းချက်က မော်ဒယ်သစ် အနေနဲ့ ရှေ့ထွက် S8 မော်ဒယ်နဲ့ပဲ ဆင်တူဖို့ ရှိကြောင်းနဲ့ သိသာတဲ့ ပြောင်းလဲမှု သိပ် မရှိနိုင်ဘူး လို့ ထင်ကြေးပေး နေပါတယ်။ ပြောင်းလဲမှု အနေနဲ့ ကင်မရာပိုင်း ပြောင်းလဲ လာနိုင်မယ်၊ Super Speed မြန်နှုန်းမြင့် Dual Pixel နည်းနဲ့ ကင်မရာစနစ် ပါလာနိုင်တယ်၊ S8 မော်ဒယ်ရဲ့ Focus စနစ်ထက် ပိုမြန်မယ်၊ အလင်းတောက်ပနှုန်း ပိုကောင်းလာနိုင်တယ်၊ Autofocus လည်း မြန်လာမယ်၊ S9+ မော်ဒယ်လည်း ထွက်ရှိလာနိုင်ပြီး သူ့မှာ S9 ထက် ပိုမို ကြီးမားတဲ့ Lens အရွယ်အစားနဲ့ ကင်မရာ ပါလာနိုင်တယ်။ တချို့ကလည်း S9 မှာ Single-Lens နဲ့ S9+ မှာ Dual-Lens ပုံစံလာနိုင်ပြီး ကင်မရာပိုင်းကလွဲရင် တခြား သိသာလောက်တဲ့ ပြောင်းလဲမှု ရှိ မလာနိုင်ဘူးလို့ ထင်ကြေးပေးနေပါတယ်။ (၂) LG G7 ။ ။ ရှေ့ထွက် G6 မော်ဒယ်ရဲ့ နောက်ဆက်တွဲ ဖြစ်မယ့် အခုမော်ဒယ် G7 ကို ဒီပွဲမှာ ထည့်သွင်း မိတ်ဆက်လာဖို့ ရှိပြီး ဧပြီနဲ့ မေလအတွင်းမှာ စတင်ရောင်းချမယ်လို့ ခန့်မှန်းရပါတယ်။ အခု မော်ဒယ်ကို တန်းမြင့်ဖုန်း အဖြစ် ထုတ်လုပ်လာမှာလည်း ဖြစ်ပြီး ရှေ့ထွက် မော်ဒယ်ထက် သိသာတဲ့ ပြောင်းလဲမှု လုပ်ထားနိုင်ပါတယ်။ G6ရဲ့ Snapdragon 821 အထိုင်နေရာမှာ စနစ်သစ် Snapdragon 835 ကို သုံးထားနိုင်တယ်၊ ၂၀၁၈ ခုနှစ် အတွက် အကောင်းဆုံး စနစ်သစ် ဖြစ်လာမယ့် Snapdragon 845 ကိုတောင် သုံးချင် သုံးလာနိုင်တယ်လို့ The Investor ရဲ့ ဖော်ပြချက် အရလည်း သိရပါတယ်။ ဒီလို 845 ကို သုံးလာရင်တော့ ပြိုင်ဘက် ဖုန်းတွေကို ကောင်းကောင်း နောက်ကောက် ချနိုင်မှာပါ။ ဘေးဘောင်မဲ့ ဒီဇိုင်းနဲ့ လာနိုင်တယ်၊ ရေစိုခံနိုင်မယ်၊ Dual-lens ပုံစံ ကင်မရာပါရှိမယ်၊ Lens အမျိုးအစားက Ultra-wide စနစ်နဲ့ ဖြစ်ပြီး မြင်ကွင်းကျယ် ရိုက်ကူးနိုင်မှု အားကောင်းလာဖို့လည်း ရှိနေတာပါ။ (၃) Moto G6 ။ ။ တန်ဖိုးသင့် ဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်း အဖြစ် သတ်မှတ်ခံနေရတဲ့ G5 ရဲ့ နောက်ဆက်တွဲ အဖြစ် ထုတ်လုပ်လာဖို့ ရှိပြီးနောက်ဆုံးထုတ် Android စနစ်သစ်ကို သုံးထားဖို့ ရှိနေပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း တန်းမြင့် ဖုန်းတွေရဲ့ ပုံစံဖန်တီးလာနိုင်တယ်။ Chip အထိုင်က အမြန်ဆုံးစနစ် ဖြစ်လာနိုင်တယ်။ G5 ကို ဒေါ်လာ ၂၃၀ လောက်နဲ့ ရောင်းခဲ့သလို အခုဖုန်းလည်း ဈေးချိုနိုင်တယ်။ မျက်နှာပြင်စနစ်မှာ မြင်ကွင်းကျယ် 18:9 အချိုးနဲ့ မျက်နှာပြင် ပါရှိလာနိုင်ပြီး ကင်မရာရော နည်းပညာပိုင်းတွေပါ အဆင့်မြှင့်ထားနိုင်တယ် လို့ Droid Life ရဲ့ ဖော်ပြချက် အရ ခန့်မှန်းရပါတယ်။ ဖေဖော်ဝါရီမှာ မိတ်ဆက် ရောင်းချလာဖို့ ရှိတယ်လို့ ဆိုပါတယ်။ (၄) Nokia 9 ။ ။ အရင်က Nokia အနေနဲ့ တန်းဖိုးနည်းရော တန်ဖိုးသင့် မော်ဒယ်တွေပါ ထွက်ရှိထားပြီး ပါပြီ။ အခုနှစ်တော့ တန်းမြင့်ဖုန်းသစ် မိတ်ဆက် ရောင်းချလာဖို့ ရှိနေပြီး 9 လို မော်ဒယ်ကို Dual-lens ကင်မရာစနစ်နဲ့ ပွဲထုတ်လာဖို့ ရှိနေပါတယ်။ တန်ဖိုးကြီး မော်ဒယ် ဖြစ်နိုင်တယ်၊ Snapdragon 845 စနစ်ကို ထိုင်ထားနိုုင်တယ်၊ OLED စနစ်နဲ့ ပြသမျက်နှာပြင် ပါရှိနိုင်တယ်၊ အကြမ်းခံကိုယ်ထည် ပုံစံဖန်တီးထားမယ်၊ နောက်ဆုံးထွက် Android စနစ်တွေကိုပဲ သုံးထားနိုင်တယ်၊ Nokia ကနေ သီးသန့် ပုံစံဖန်တီးထားတဲ့ နည်းပညာသစ်တွေ ပါလာနိုင်ဖို့လည်း ရှိနေတာပါ။ (၅) OnePLus 6 ။ ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း Forbes ရဲ့ အင်တာဗျူး တခုမှာOnePlus ကိုပူးပေါင်းတည်ထောင်သူ Pete Lau က အခုနှစ် ဒုတိယသုံးလပတ် အတွင်း ကုမ္ပဏီကနေ ဖုန်းအသစ် တခုရောင်းချမယ် ဆိုတာ အတည်ပြု ပြောဆိုထားတာ တွေ့ရပါတယ်။ ဖုန်းရဲ့ အသေးစိပ်ကိုပြောဆိုထားမှု နည်းပေမယ့် လက်ရှိ ဈေးကွက်မှာ အောင်မြင်မှု ရနေတဲ့ 5 ရဲ့ နောက်ဆက်တွဲ 6 အဖြစ် ထွက်ရှိလာနိုင်ပြီး နောက်ဆုံးထွက် Android စနစ်ကို သုံးထားနိုင်တယ်၊ စွမ်းဆောင်ရည်ပိုင်း သိသာလောက်အောင် အဆင့်မြှင့်ထားမယ်၊ ၂၀၁၇ နိုဝင်ဘာ အတွင်းက 5T မော်ဒယ်ကို ဒေါ်လာ ၅၀၀ နဲ့ နောက်ဆုံး ရောင်းချထားပြီး အခြားတန်းမြင့် ဖုန်းတွေထက် ဈေးနှုန်း ထက်ဝက်လောက် ချိုသာမှုနဲ့ အတူ အောင်မြင်မှု ရထားပြီး အခုဖုန်းကိုလည်း ဈေးချိုချို၊ အရည်အသွေး ကောင်းကောင်းနဲ့ ရောင်းချလာဖိ့ု ရှိနေပါတယ်။ (၆) RED Hydrogen One ။ ။ ၂၀၁၇ ခုနှစ် အကုန်လောက် ကတည်းက RED ကုမ္ပဏီကနေ Hydrogen One အကြောင်း မိတ်ဆက်မှုတွေ အရ ဖုန်းနာမည်နဲ့ ရင်းနှီးနေပါပြီ။ အခုတော့ မော်ဒယ်ကို လာမယ့် နွေကာလအတွင်း အမှာစာ လက်ခံရောင်းချဖို့ ရှိလာပါပြီ။ အထူးသဖြင့် ရုပ်သံရိုက်ကူးမှုကိုတောင် စိတ်ကြိုက် ဖြစ်စေမယ့် ကင်မရာစနစ် ပါလာနိုင်တာပဲ ဖြစ်ပါတယ်။ ဈေးကွက်ဝင် ဖုန်းတွေထဲမှာ ကင်မရာပိုင်း အကောင်းဆုံးဖုန်း ဖြစ်လာနိုင်ပါတယ်။ ကင်မရာပိုင်း အတွက် Gadget တွေ သုံးပြီး စိတ်ကြိုက် ပုံစံရိုက်ကူးနိုင်ဖို့၊ ပုံမှန် ကင်မရာတွေလို သုံးနိုင်ဖို့လောက်ထိ ကောင်းနိုင်ပါတယ်။ ဒီဇိုင်း ကလည်း ထူးခြားပါလိမ့်မယ်။ လက်ရှိ ဈေးကွက်ထဲက စမတ်ဖုန်းတွေလို မဖြစ်နိုင်ပါဘူး။ မျက်နှာပြင်စနစ်ကလည်း Holographic စနစ်နဲ့ ဖြစ်နိုင်ပြီး ဒီစနစ်က ရုပ်သံရိုက်ကူးချိန်တွေ အတွက် ပိုကောင်းမယ့် စနစ် ဖြစ်ပါတယ်။ အခြားမိတ်ဆက် ရောင်းချလာနိုင်မယ့် ဖုန်းအသစ်တွေလည်း ရှိပါသေးတယ်။ iPhone သစ် တမျိုးတည်း အခုနှစ်ဝက် ကာလအတွင်း ရောင်းချမှု ရှိလာနိုင်ပါတယ်။ Samsung Galaxy S9 နဲ့ အတူ Note 8 ရဲ့ နောက်ဆက်တွဲ Note 9 လည်း ထွက်လာနိုင်တယ်။ LG V30 ရဲ့ နောက်ဆက်တွဲ V40 နဲ့ The Razerရဲ့ ဖုန်းကို ကွန်ပျူတာပုံစံ သုံးနိုင်အောင် ဖန်တီးထားတဲ့ Phone 2 မော်ဒယ်တွေလည်း ဈေးကွက် ဝင်လာနိုင်ပါတယ်။ Ref: businessinsider.com The post အခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ဈေးကွက်ဝင်လာနိုင်တဲ့ ဖုန်းကောင်းများ appeared first on ဧရာဝတီ.
Source : http://ift.tt/2nEByWH
via IFTTT
No comments:
Post a Comment