Wednesday, February 7, 2018


ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့တိုက်ပွဲဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ် အကြားတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အကြား ယနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ် အကြားရှိ တောဖယ်ကျေးရွာနှင့် ကိုက်တိုင် (ကြက်သေ) ကျေးရွာ ကြားတွင် နှစ်ဘက် ရှေ့တန်း တပ်များ အကြား ယနေ့ မနက် ၇ နာရီခန့်မှ စတင်ကာ ၁ နာရီကျော် အကြာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။ ဗိုလ်မှူး မိုင်အိုက်ကျော် က “ကျောက်မဲနဲ့ နမ့်ဆန်ကြားက ကြက်သေ (ကိုင်တိုင်) ကျေးရွာကြားမှာ ဖြစ်တာပါ။ လက်ရှိလည်း အဲဒီနားမှာ တပ်ဆိုင်ထားကြပါတယ်” ဟု ပြောသည်။ အဆိုပါ တိုက်ပွဲသည် RCSS တပ်ဖွဲ့များ အနေဖြင့် TNLA လှုပ်ရှားနယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းလာရာမှ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီ ၂၀ ရက်ကလည်းထိုနေရာတွင် ၂ ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ သေးကြောင်း TNLA ထံမှ သိရသည်။ RCSS နှင့် TNLA အကြားတိုက်ပွဲများ ရပ်တန့်နိုင်ရေးနှင့် တိုက်ပွဲအရှိန် လျှော့ချနိုင်ရေးအတွက် ၂ ဖက် တာဝန် ရှိသူများ အကြား ယခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က တရုတ်-မြန်မာနယ်စပ် တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဗိုလ်မှူး မိုင်အိုက်ကျော် က “အခုထိတော့ နောက်ထပ် တွေ့ဆုံဖို့ မညှိနှိုင်းနိုင်သေးဘူး။ ပထမအကြိမ် တွေ့တုန်းကတော့ ထုတ်ပြန် ထားတဲ့ အတိုင်းပါပဲ။ နောက်တကြိမ် ပြန်လည် တွေ့ဆုံသွားဖို့ ဆွေးနွေးခဲ့ကြတယ်” ဟု ပြောသည်။ နှစ်ဘက်တပ်များအကြား ဖြစ်ပွားသော တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး RCSS ဘက်မှ တာဝန်ရှိသူများကိုဆက်သွယ် မေးမြန်းသော်လည်း တုန့်ပြန်ဖြေကြားခြင်းမရှိပါ။ RCSS/SSA သည် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် အတူ ၂၀၁၅ ခုနှစ်တွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့သည်။ ယင်းသို့ချုပ်ဆိုပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA နှင့် နယ်မြေအငြင်းပွားမှုဖြင့် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။ TNLA အဖွဲ့သည် ကွတ်ခိုင်မြို့နယ်အတွင်း ယခုလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ငေါ့ငါးကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် တပ်မတော်ဘက်က ရဟတ်ယာဉ် ၂ စီးဖြင့် မိနစ် ၃၀ ခန့်လာရောက် ပစ်ခတ်ခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။ The post ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့တိုက်ပွဲဖြစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2E8EySt
via IFTTT

No comments:

Post a Comment