Sunday, February 4, 2018


လွှတ်တော်တွင် နိုင်ငံ့ဝန်ထမ်း ဥပဒေကြမ်းကို မဲမခွဲဘဲ အတည်ပြု၍ အငြင်းပွားမှုဖြစ် နိုင်ငံဝန်ထမ်း ဥပဒေ ဒုတိယအကြိမ် ပြင်ဆင်မှုတွင် လွှတ်တော်က အတည်ပြုချက်ကို တပိုင်းချင်းရယူရာ၌ တပ်မတော်သား များနှင့် သက်ဆိုင်သည့် အပိုဒ်တခုကို မဲခွဲဆုံးဖြတ်ခြင်း မပြုဘဲ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ရကြောင်းသတင်းရရှိသည်။ အမျိုးသားလွှတ်တော်၏ ဖေဖော်ဝါရီ ၂ ရက်နေ့က အစည်းအဝေး၌ နိုင်ငံ့ဝန်ထမ်း ဥပဒေကြမ်းအား တပိုဒ်ချင်းစီအလိုက် အတည်ပြုစဉ် ဆောင်ရွက်စဉ် လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း က ကန့်ကွက်သည့် အမတ်၏ တင်ပြချက်အပေါ် မဲခွဲဆုံးဖြတ်ခြင်း မရှိဘဲ အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ ထိုဥပဒေကြမ်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်း ဒေသကြီး၊ မဲဆန္ဒနယ် အမှတ် (၁၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်းက ၎င်းတင်ပြထားသည့် အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်ခြင်း မပြု၍ မတ်တပ်ရပ် ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်း ဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်း သဘော သဘာဝ၊ တာဝန်တို့ အရ ယခု ဥပဒေကိစ္စနှင့် အကျုံးမဝင်ရ ဆိုသည့် အပိုဒ်ကို ၎င်းက ကန့်ကွက်၍ ဖြုတ်ရန် ဥပဒေ ကြမ်း ကော်မတီထံ အဆိုပြုထားသော် လည်းလွှတ်တော်သို့ ရောက်ရှိသည့်အခါ ယင်းအပိုဒ်ကိုမဲခွဲမည့် အထဲတွင် ထည့်သွင်း ထားခြင်းမရှိကြောင်း ဦးကြည်ဝင်းကပြောသည်။ ဦးကြည်ဝင်း က “တပ်မတော်သား ကိုယ်စားလှယ် ကြည်း၊ ရေ၊ လေဟာ ဝန်ထမ်းပဲ၊ ဖွ့ဲစည်းပုံ အခြေခံဥပဒေပုဒ်မ ၂၉၁ မှာ ဝန်ထမ်း ရဲ့ အောက်မှာ ပါထားပြီးသား။ ဒါကို သူတို့က တပ်မတော်ဟာသူတို့ရဲ့ အခြေအနေအရ ဝန်ထမ်း အမျိုးအစား အရ သူဟာ ဝန်ထမ်း မဟုတ်ဘူးဆိုပြီး သုံးသပ်တယ်။ ဒီဟာစာသားက အောက်မှာ ပိုနေတယ်။ အဲတာကြောင့် အဲ့ဒီစာသားကို ဖြုတ်ပါဆိုပြီး ဖြုတ်ခိုင်းတာပါ” ဟု ကန့်ကွက်ရသည့် အကြောင်းရင်းကို ဧရာဝတီသို့ ပြောသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ယခုကိစ္စသည် လွှတ်တော် ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်ထဲတွင် ပါဝင်နေကြောင်း၊ ဥပဒေကြမ်း ကော်မတီကလည်း တင်လာခဲ့ပြီးဖြစ်သလို ဥက္ကဋ္ဌ အနေဖြင့်လည်း လက်ခံထားပြီး၍ ကန့်ကွက်မှုကို ခွင့်မပြုနိုင်ကြောင်း၊ မတ်တပ်ရပ် ထကန့်ကွက်နေသည့် ကိုယ်စားလှယ်အား ထိုင်ရန် ပြန်လည် ပြောကြား ခဲ့သည်ဟု သိရသည်။ ဥပဒေကြမ်းကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုး ကလည်း “ဥပဒေကြမ်းရဲ့ အပုဒ် ၁ ကနေ ၃ အထိကိုလည်း အတည်ပြုပြီး ဖြစ်ပါတယ်။ လွှတ်တော် တရပ်လုံးက အတည်ပြုခဲ့တဲ့ ၁ က ၆ ကိုပဲ ဥပဒေ အစိတ်အပိုင်းရဲ့ ဖြစ်သင့်၊ မဖြစ်သင့်ဆိုတဲ့ အဆင့်ကို ရောက်ရှိနေပါပြီ” ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။ ထိုသို့ ဥပဒေကြမ်းကော်မတီ၏ အဆိုပြုချက် အရ ဥပဒေကြမ်း၏ အပိုဒ် ၁ မှ ၆ တို့အထိ ဤ ဥပဒေကြမ်း၏ အစိတ်အပိုင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ကကြေညာခဲ့သည်။ နိုင်ငံတော် သမ္မတမှ ပေးပို့လာသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က အပိုဒ်တချိုးကို မဲခွဲဆုံးဖြတ်ခြင်း မပြုဘဲအတည်ပြုခဲ့သော်လည်း ပြည်သူ့လွှတ်တော်တွင် ဆက်လက် ဆွေးနွေးသွားမည်ဟု သိရသည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်းက “ပြည်သူ့လွှတ်တော် ရောက်ရင်လည်း မဲခွဲဆုံးဖြတ်ရမှာပဲ၊ လွှတ်တော်က မဲခွဲဆုံးဖြတ်မှ ဥပဒေက အတည် ဖြစ်တာ။ သမ္မတကိုယ်တိုင်က ပို့လိုက်ပေမယ့် သမ္မတရဲ့ ဆုံးဖြတ်ချက် က အတည်မဖြစ်သေးဘူး၊ လွှတ်တော်က အတည်ပြုမှ ဥပဒေက အတည် ဖြစ်တာ၊ သဘောမတူရင် မဲကိုခွဲရမယ်၊ မဲမခွဲရင် သမ္မတရဲ့ အမိန့်လည်း အတည် မဖြစ်သလို အဲဒီဥပဒေကြမ်း ကော်မတီကလည်း အတည်မဖြစ်ဘူး။ ဥပဒေပြုခွင့် ရှိတာဟာ လွှတ်တော်ထဲက အမတ် အများစုရဲ့ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်တာပါ”ဟု ဆိုသည်။ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးမြင့်နိုင်က အဆိုပါ ဥပဒေကြမ်းပါပုဒ်မ (၂)၊ ပုဒ်မခွဲ(ည) ဖြည့်စွက်ချက်ကို ပယ်ဖျက်ရန် အကြံပြုခဲ့ပြီး၊ ဥပဒေကြမ်း ကော်မတီ အများစုက ကော်မတီ၏မူလ ပြင်ဆင်ချက် အတိုင်း အတည်ပြုသင့်ကြောင်း သဘောထားမှတ်ချက် ပေးကြပြီး၊ ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချူပ် တင့်လွင် က ယင်းဖြည့်စွက်ချက်အား ပယ်ဖျက်သင့်ကြောင်း သဘောထားပေးသည်။ The post လွှတ်တော်တွင် နိုင်ငံ့ဝန်ထမ်း ဥပဒေကြမ်းကို မဲမခွဲဘဲ အတည်ပြု၍ အငြင်းပွားမှုဖြစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2DZaoB2
via IFTTT

No comments:

Post a Comment