စာရာမေတိတောင် အမျိုးသားဥယျာဉ်စီမံကိန်း ကွင်းဆင်းအဖွဲ့ကို ဒေသခံများ ပိတ်ဆို့ဆန္ဒပြ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်ရှိ စာရာမေတိတောင် အမျိုး သား ဥယျာဉ်စီမံကိန်း အကောင်အထည်ဖော်ရေး ကွင်းဆင်းလေ့လာသည့် အဖွဲ့အား ဒေသခံ များမှ မနေ့က ပိတ်ဆို့ကာ ဆန္ဒထုတ်ဖော် တားဆီးခဲ့ကြောင်း မကူရီ နာဂလူငယ်များ အစည်းအရုံးက ပြောသည်။ စာရာမေတိ တောင်ဝန်းကျင်၌ မကူရီ နာဂမျိုးနွယ် အများစု နေထိုင်လျှက်ရှိပြီး အစိုးရ၏ စီမံကိန်း ကြောင့် ဒေသခံများအနေဖြင့် စိုက်ပျိုးမြေများ၊ ရိုးရာဓလေ့ ထုံးတမ်းနှင့် ယဉ်ကျေးမှုများ ပပျောက် သွားမည်ကို စိုးရိမ် လျှက်ရှိသည့် အတွက် ထိုသို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။ တားဆီးခံရသည့် ကွင်းဆင်း လေ့လာရေး အဖွဲ့ကို လေရှီးမြို့နယ် မဲဆန္ဒ ၁ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကာစီရန်း ဦးဆောင်ပြီး၊ စာရာမေတိတောင် သွားရာလမ်းရှိ စားသီး(ခ) နန်းသလက်ချောင်း ကြိုး တံတားတွင် ဒေသခံများက တားဆီးခဲ့ခြင်းဖြစ်သည်။ မကူရီ နာဂလူငယ်များ အစည်းအရုံး ဥက္ကဌ မဆန်းစစ်ရှီးက “ကြိုးတံတားကနေ မသော်ရီရွာ အထိ ဒီနေ့ ဆက် သွားခွင့်ပေးဖို့ ညှိနှိုင်းထားပြီး စောင့်ကြည့်နေကြတယ်၊ ဒီရွာကနေကျော်ပြီး ဒေသခံတွေ ကန့်ကွက်တဲ့ကြားက ဆက်သွားရင်တော့ ဖြစ်လာတဲ့ပြဿနာတွေကို သူတို့တာဝန်ယူရပါလိမ့်မယ်”ဟု ဧရာဝတီသို့ ပြောသည်။ အမြင့်ပေ ၁၂၅၅၂ ပေရှိသည့် စာရာမေတိတောင်သည် အိန္ဒိယ နယ်စပ်တွင်ရှိပြီး ရေခဲများ ဖုံးလွှမ်း နေရာ တောင်၏ပတ်ဝန်းကျင်ရှိ ၅၅၇၈၇ ဧကကို သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးတို့အတွက် ကြိုတင်ကာကွယ်တောအဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် စီမံကိန်းဖော်ဆောင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် ဒေသခံများကန့်ကွက်မှုရှိနေသည့်အတွက် စီမံကိန်း အကောင် အထည် ဖော်မှုကို လတ်တလောတွင် ရပ်ဆိုင်းထားပြီး နာဂဒေသ အုပ်ချုပ်ရေးဦးစီး အဖွဲ့ထံမှ သဘော ထား တောင်းခံ ထားကြောင်း စစ်ကိုင်းတိုင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ က ပြောသည်။ “နာဂဦးစီအဖွဲ့ကတော့ အကြောင်းမပြန်သေးဘူး၊ ရပ်ဆိုင်းထားတဲ့ဟာက ဒေသခံတွေက အပြင်း အထန် ငြင်းပယ်နေရင် အတင်းစွတ်ပြီး လုပ်လို့မရပါဘူး၊ ညှိနှိုင်းဆောင်ရွက်ရမှာပါ”ဟု ၎င်းပြောသည်။ ဒေသခံများကမူ အစိုးရအနေဖြင့် စီမံကိန်းကို အာဏာအသုံးပြု၍ အတည်ပြုမည်ဆိုပါက တတ်နိုင် သမျှ ကာကွယ်သွားမည်ဖြစ်ကြောင်း၊ နာဂလူမျိုးတို့၏ ဘိုးဘွားပိုင် အမွေအနှစ်ဖြစ်သည့် စာရာမေတိ တောင်ကို မည်သည့် အကြောင်းပြချက်နှင့်မျှ စီမံကိန်းပြုလုပ်ခွင့်ပေးမည်မဟုတ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မိမိတို့ဘာသာ လုပ်ကိုင်နိုင်ကြောင်း မကူရီ နာဂလူငယ်များ အစည်း အရုံး ဥက္ကဌ မဆန်းစစ်ရှီးက ပြောသည်။ နာဂကိုယ်ပိုင်းအုပ်ချုပ်ခွင့်ဒေသအတွင်းရှိ စာရာမေတိတောင်ကို သွားလာရာတွင် အိန္ဒိယနိုင်ငံဘက် မှသာ ဝင်ရောက်မှု များပြားပြီး၊ လေရှီးမြို့မှ သွားရောက်မည်ဆိုပါက ဒေသခံများ၏ လမ်းလျှောက် နှုန်း အတိုင်းဆိုလျှင် ၅ရက် ခရီးခန့် သွားရောက်ရကြောင်း သိရသည်။ စာရာမေတိ တောင်ထိပ်ရှိ အိန္ဒိယ – မြန်မာ နယ်ခြားမှတ်တိုင် ၁၃၇ ကို ခြေလျင်တောင်တက် အသင်းဥက္ကဋ္ဌ ဗိုလ်မှူးကြီး လှအောင် ဦးဆောင်သည့် မြေတိုင်းနှင့် တောင်တက်အဖွဲ့က ၁၉၇၁ ခုနှစ်တွင် စိုက်ထူခဲ့ခြင်းဖြစ် သည်။ The post စာရာမေတိတောင် အမျိုးသားဥယျာဉ်စီမံကိန်း ကွင်းဆင်းအဖွဲ့ကို ဒေသခံများ ပိတ်ဆို့ဆန္ဒပြ appeared first on ဧရာဝတီ.
Source : http://ift.tt/2E7Usfy
via IFTTT
No comments:
Post a Comment