Friday, February 2, 2018


တားမြစ် အစားအစာများ ရောင်းချနေခြင်းအား ပထမဦးစားပေး စိစစ်မည်ဟု ကျန်းမာရေး ဝန်ကြီးပြော စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် အစားအစာများ ရောင်းချနေမှုကို ၂၀၁၈ ခုနှစ် အတွင်း ပထမဦးစားပေး အဆင့် အနေဖြင့် စိစစ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး က ပြောသည်။ ဒေါက်တာ မြင့်ထွေးက “တနိုင်ငံလုံး၏ ပြည်သူ့ကျန်းမာရေး နစ်နာမယ်ဆိုရင် တနိုင်ငံလုံးရဲ့ ကျန်းမာရေးဟာလည်း ကျဆင်း လာပြီး တချိန်ချိန်မှာ ဘယ်လောက်လုပ်လုပ် မကယ်ဆယ်နိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက ဒီကိစ္စကို ပထမ ဦးစားပေးအနေနဲ့ လာမည့် ၂၀၁၈ မှာ အဓိက ထားပြီး လုပ်သွားပါမည်” ဟု ပြောကြားသည်။ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွှန့်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ပိတ်ပင်ထား သော အစားအသောက်များ ဈေးကွက်တွင် ကျယ်ပြန့်စွာ ဆက်လက် ရောင်းချနေခြင်း၊ FDA ခွင့်ပြုချက် မပါသော နိုင်ငံခြား ဘာသာ သက်သက်ဖြင့်သာ ရေးသားထားသော အစားအသောက်များ၊ ဥပဒေအရ သတ်မှတ်ထားသည့် အညွှန်း အချက် အလက် မပါသည့် အစားအသောက်များ ရောင်းချနေခြင်းကို မည်ကဲ့သို့ ထိန်းချုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ကို သိရှိ လို၍ မေးမြန်းမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ ခြင်းဖြစ်သည်။ ဓာတုဆိုးဆေးများ အလွန်အကျွံ အသုံးပြုထားသော အစားအသောက်များနှင့် စားသုံးရန် မသင့်သည့် အစားအစာများကို FDA မှ တရားဝင်ကြေညာချက် ထုတ်ပြန်ထားသော်လည်း ဈေးကွက်အတွင်း၌ ရောင်းချမှုများ ပြုလုပ်လျက်ရှိကြောင်း သိရ သည်။ FDA ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင်က “အရင်ဆုံး ထုတ်လုပ်သူတွေ၊ ပြီးရင် ဖြန့်ေ၀ သူတွေဟာ FDA က ရှောင်တခင် ဝင်ရောက်စစ်ဆေးတဲ့ အခါမှာ သူတို့ရဲ့ စီးပွားရေးကို ထိခိုက်မှာ အရမ်းစိုးရိမ်တယ်။ ဆိုးဆေးပါတဲ့ ငါးပိ တွေကို အကုန်လုံး ဖျက်ဆီးမယ်ဆိုရင် သူတို့က အကုန်ဖျက်ဆီးတာ မခံနိုင်ဘူး။ နည်းနည်းလောက်ပဲ ဖျက်ဆီးစေချင် တာ”ဟု ဧရာဝတီသို့ ပြောသည်။ ဆက်လက်၍ “ကျန်းမာရေးနှင့် မညီညွှတ်ဘူး၊ ကိုယ်ရောင်းတဲ့ ပစ္စည်းဟာ အဆိပ်ရှိတဲ့ ပစ္စည်းပါလားဆိုပြီး သိပြီး အသိမ်းခံ စေချင်တယ်။ သူတို့စီးပွားရေးကို ထိခိုက်မှာ စိုးရိမ်နေတဲ့အတွက် သိမ်းဆည်းတဲ့အခါမှာ အခက်ခဲတွေ အများကြီး ရှိပါ တယ်” ဟုလည်း ပြောဆိုသည်။ ထို့ပြင် အစားအသောက်၊ ဆေးဝါး၊ အလှကုန် ပစ္စည်းများကို ပြည်ပနိုင်ငံမှ အောက်လမ်းနည်း မျိုးစုံနှင့် ဝင်ရောက်မှုများ ရှိနေသည့် အတွက် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ယင်းကိစ္စကိုထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း တရားရုံးများ နှင့် ပြည်ထဲရေး ဝန်ကြီးဌာန တို့ကလည်း ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း ဦးအောင်ကြည်ညွှန့်က လွှတ်တော် အစည်း အဝေး အပြီးတွင် မီဒီယာသမားများကို ပြောသည်။ တရားမဝင် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား သုံးစွဲခြင်းမပြုရန် လွှတ်တော် ကိုယ်စားလှယ်များ သေချာ နားလည် သဘောပေါက်ပြီး မိမိတို့၏ မဲဆန္ဒနယ်တွင် ပြန်လည် ပညာပေး မျှဝေနိုင်ရန် အတွက် ကျန်းမာရေး ဝန်ကြီး ဌာနမှ လွှတ်တော်အတွင်း ကိုယ်စားလှယ်များကို အသိပညာပေး ဆွေးနွေးပွဲ တရပ်အနေဖြင့် လာရောက်ပြုလုပ် ပေးစေလို ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းက မေတ္တာရပ်ခံ ပြောကြားလိုက်သည်။ The post တားမြစ် အစားအစာများ ရောင်းချနေခြင်းအား ပထမဦးစားပေး စိစစ်မည်ဟု ကျန်းမာရေး ဝန်ကြီးပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2nCp8i5
via IFTTT

No comments:

Post a Comment