Monday, February 5, 2018


အကြမ်းဖက် ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် ပြိုကွဲနိုင်ကြောင်း ကြံ့ခိုင်ရေး အမတ် သတိပေး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လူမျိုးရေး၊ ဘာသာရေး အကြောင်းပြု ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ရခိုင် ပြည်နယ် သည် အစိတ်စိတ် အမွှာမွှာ ပြိုကွဲ သွားနိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) အမတ် ဦးတင်အေးက ပြောကြားလိုက်သည်။ ဗိုလ်ချုပ်ဟောင်း တဦးလည်း ဖြစ်သူ ဦးတင်အေးက“ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေး အကြောင်းပြုပြီးတော့ လူမျိုးရေး ပဋိပက္ခ ရှုပ်ထွေးနေတာတွေ ဖြစ်ပွားနေတာဟာ ရှေးယခင်ကတည်းက ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်မှုတွေ နဲ့ နုနယ်တဲ့အချိန်မှာ စနစ်တကျနဲ့ ရှင်းလင်းနိုင်မှု မရှိဘူးဆိုရင် ကင်ဆာလို အမြစ်တွယ်သွားပြီးတော့ ကြာရင် ရခိုင်ပြည်နယ်ဟာ Disintegration (အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားမှု) ဖြစ်သွားနိုင်ပါတယ်”ဟု ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ပြောသည်။ တိုင်းရင်းသား လူမျိုးစုများတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူလူထု သာမက ကမ္ဘာ့ နိုင်ငံ အသီးသီးက သိရှိစေရန် မည်ကဲ့သို့ စီစဉ် ဆောင်ရွက်ထားကြောင်း မေးခွန်းတခုကို ပြည်သူ့လွှတ်တော်တွင် ၎င်းက မေးမြန်းစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။ ရှမ်းပြည်နယ် မက်မန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးတင်အေး က“Disintegration (အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားမှု) ဖြစ်မယ်။ Failed State (ကျဆုံးတိုင်းပြည်) တခု ဖြစ်သွားနိုင်တယ်။ သူတို့ (ဘင်္ဂါလီများ) ဝင်ကြီးစိုး လာပြီးတော့ ကိုယ်တွေမှာ နေစရာ ပျောက်သွားနိုင်တယ်။ ဒါတွေကို စိုးရိမ်လို့ ဒီမေးခွန်းလေးကို မေးလိုက်ရ တာ”ဟု လွှတ်တော် အပြီးတွင် သတင်းထောက်များကို ပြောသည်။ ဦးတင်အေးသည် ၂၀၁၅ ခုနှစ်တွင် ဗိုလ်ချုပ် ရာထူးဖြင့် တပ်မတော်မှ အငြိမ်းစား ယူခဲ့ပြီးနောက် ဝ ဒေသအနီး ရှမ်း ပြည်နယ် အရှေ့ပိုင်းရှိ မက်မန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး အမတ်ဖြစ်ကာမှ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ ပြန်လည် ဝင်ရောက်ခဲ့သူ တဦး ဖြစ်သည်။ ရိုဟင်ဂျာဆိုသည့် လူမျိုး မြန်မာနိုင်ငံတွင် မရှိကြောင်းကို ယခင် သမ္မတကြီး ဦးသိန်းစိန်၊ လက်ရှိ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း လက်ရှိ အစိုးရ ခေါင်းဆောင် များက နှုတ်ဆိတ်နေကြောင်း၊ မည်သည့်အခါမျှ မရှိခဲ့သည့် လူမျိုးတခုကို နိုင်ငံရေးအရ ဖန်တီးနေခြင်းကို လက်မခံသင့် ကြောင်းလည်း ဦးတင်အေးက ဆွေးနွေးသည်။ ၎င်းက “ရိုဟင်ဂျာ မရှိကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်မှု မရှိဘဲ မြွေမသေ၊ တုတ်မကျိုး ပုံစံမျိုးနဲ့ ဆိုရင်တော့ ဆိတ် ဆိတ် နေခြင်းဟာ ဝန်ခံခြင်း သဘောကို သက်ရောက်သွားစေတဲ့အတွက် ကျနော်တို့နိုင်ငံ အနေနဲ့ UN အပါအဝင် OIC လို အဖွဲ့ကြီးတွေနဲ့ ဖိအားတွေ အောက်က ရုန်းထွက်ဖို့ တော်တော်ကို ခက်ခဲသွားမှာ ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောဆိုသည်။ ရခိုင်အရေးကို အမျိုးသား အကျိုးစီးပွား၊ တိုင်းရင်းသား အားလုံး၏ ရေရှည် အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက် ရှိ ကြောင်း၊ ရေရှည်အတွက် စဉ်းစားပြီး ကျယ်ပြန့်သော အမြင်များနှင့် မှန်ကန်သော လုပ်ဆောင်ချက်များနှင့် ဆောင်ရွက် လျက်ရှိကြောင်း အစိုးရက လွှတ်တော်တွင် တုံ့ပြန်ခဲ့သည်။ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက“ဒီလို ဆောင်ရွက်တဲ့နေရာမှာ ခံစား ချက် (Emotion) နဲ့ စကားလုံး တလုံးနဲ့ တုံ့ပြန်ခြင်းထက် လုပ်ထုံးလုပ်နည်းများ ဥပဒေများနဲ့အညီ တည်တည်ငြိမ်ငြိမ် ဂုဏ်သိက္ခာ ရှိရှိ ဉာဏ်အမြော်အမြင် Wisdom နဲ့ ဆင်ခြေတုံတရားကို အလေးအနက်ထားပြီးတော့မှ ထိရောက်တဲ့ တုံ့ပြန်မှုများနဲ့ တုံ့ပြန်ဆောင်ရွက်လျက် ရှိပါတယ်”ဟု ပြောသည်။ ရိုဟင်ဂျာ လူမျိုးအမည်ကို မည်သည့် သန်းခေါင်စာရင်းတွင်မှ မတွေ့ရကြောင်း၊ နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်း များ တွင်လည်း ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို ထည့်သွင်း သုံးနှုန်းဖော်ပြခြင်း မပြုသည်ကို အားလုံး အသိပဲ ဖြစ် ကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ မြန်မာ သံတမန်များသည်လည်း ယင်းအသုံးအနှုန်းကို သုံးစွဲခြင်းမရှိဘဲ တရားဝင် အစည်းအဝေး များတွင် အခြား သုံးစွဲလာသည့် နိုင်ငံတကာ ကိုယ်စားလှယ်များ ရှိပါက ကန့်ကွက်ခြင်းများ ပြုလုပ်နေ ကြောင်းလည်း ၎င်းက ပြောဆိုသည်။ လက်ရှိတွင် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးရှိကြောင်း ထုတ်ပြန်ထားသော်လည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း နောက် ဆက်တွဲ တိုင်းရင်းသား လူမျိုးစု စာရင်းကို ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်၍ ထုတ်ပြန်နိုင်ရန် အစိုးရက ပြင်ဆင်နေ ကြောင်း လည်း သိရသည်။ လက်ရှိ ရခိုင်ပြဿနာတွင် အစိုးရက ဘင်္ဂါလီများကို နိုင်ငံသားပြုခွင့် ပေးနိုင်ရန် စဉ်းစားနေသော်လည်း ၎င်းတို့က တိုင်းရင်းသား အခွင့်အရေး၊ ရိုဟင်ဂျာ လူမျိုး တောင်းလာကြောင်း၊ ထို ၂ ချက် ကွဲလွဲမှုကို အရင် ရှင်းနိုင်ရန် လိုအပ်ပြီး ထုတ်ပြန်ချက်တခု ထုတ်ရုံမျှဖြင့် ယခု ကိစ္စကို ရှင်းနိုင်မည် မဟုတ်ကြောင်း၊ ပညာရှင် ပေါင်းစုံ၏ သုံသပ်ချက်ဖြင့် နိုင်ငံတကာ လက်ခံနိုင်အောင် ဆောင်ရွက်သင့်ကြောင်း ရခိုင်အရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။ “ဒီရခိုင်နဲ့ ပတ်သက်လို့ အတင်းတောင်းလာလို့ရှိရင် ရှေ့မှာတော့ အကြပ်အတည်းတွေ တွေ့မှာပဲဗျ။ ဘင်္ဂါလီတွေဟာ ဒီဧရိယာတွေဟာ သူတို့ ဧရိယာဖြစ်တယ်။ သူတို့နေရာတွေမှာ သူတို့ပြန်နေခွင့် ရှိရမယ်။ အဲဒါကို နိုင်ငံတကာကလည်း အမှန်ထင်ပြီး ယူဆလာရင်တော့ ရခိုင်အတွက် အင်မတန်ကြီးမားတဲ့ ပြဿနာဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီက ၂၀၁၆ ခုနှစ်တွင် ရိုဟင်ဂျာများသည် Self Identification ဟု ခေါ်သည့် မိမိကိုယ်မိမိ အတည်ပြုဖော်ပြခွင့်ကို နိုင်ငံတကာ အတည်ပြုထားသည့် အပြည်အပြည် ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေအရ ဖော်ပြခွင့်ရှိရမည်ဟု ပြောဆိုခဲ့ကြောင်း၊ ရိုဟင်ဂျာများကို တိုင်းရင်းသားပေးရန် ဖော်ပြခဲ့ ဖူးကြောင်း ဗိုလ်ချုပ်ဟောင်း ဦးတင်အေးက လွှတ်တော်တွင် ဆွေးနွေးသည်။ “ရခိုင်ပြည်နယ် အရေးမှာ နိုင်ငံတကာဖိအားကို ထည့်သွင်း မစဉ်းစားလို့ မရဘူးဆိုတာ မှန်ပေမယ့် ဂရုစိုက်လွန်း အားကြီး ရင်လည်း အမှားမှား အယွင်းယွင်းနဲ့ မလုပ်မိဖို့ သတိပြုရမှာ ဖြစ်သလို ထိလွယ်ရှလွယ် အနေအထားမျိုး ဖြစ်တဲ့အတွက် ထိမှာရှမှာ ကြောက်လို့ မကိုင်နိုင်ဘူးဆိုရင်လည်း ပိုမိုဆိုးရွား သွားနိုင်တာကိုလည်း သတိထားရမှာ လည်း ဖြစ်ပါတယ်”ဟု ဦးတင်အေးက ပြောသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခသည် ၆ သိန်းကျော် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်သွားခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သတင်းများတွင် ဖော်ပြလျက်ရှိပြီး ၎င်းတို့ကို လက်ခံရန် မြန်မာဘက်က အသင့်ပြင်ထားသော် လည်း လက်ရှိအချိန်ထိ တဦးတယောက်မှ ပြန်လာသူ မရှိသေးပေ။ The post အကြမ်းဖက် ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် ပြိုကွဲနိုင်ကြောင်း ကြံ့ခိုင်ရေး အမတ် သတိပေး appeared first on ဧရာဝတီ.
Source : http://ift.tt/2nFWLj8
via IFTTT

No comments:

Post a Comment