Thursday, February 1, 2018


မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် ဘယ်လို အသတ်ခံရတာလဲ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့် ပတ်သတ်ပြီး သံသယ တရားခံ ၄ ဦးကို ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန် လိုက်သည်။ ထိုထုတ်ပြန်ချက်တွင် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့် (ခ) ခိုင်ကျော် နှင့် ဇနီး အပါအဝင် သား ဖြစ်သူနှင့် ချွေးမ တို့ကို ဇန်နဝါရီလ ၃၁ ရက်နေ့က ရန်ကုန်မြို့တွင် ဖမ်းဆီးပြီး မသင်္ကာသူ သံသယ တရားခံများ အဖြစ် ဖမ်းဆီး စစ်ဆေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ လက်ရှိအုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး ကတော့ သံယဖြင့် ဖမ်းဆီးခံနေရသော ဦးကျော်မြင့် (ခ) ခိုင်ကျော် နေအိမ်အား သွားရောက် စစ်ဆေးခဲ့ရာတွင် ဦးကျော်မြင့်တို့ မိသားစုမှာ ဇန်နဝါရီလ ၂၈ ရက်နေ့ ( တနင်္ဂနွေ) နေ့ အတည်းက ရန်ကုန်မြို့သို့ သွားရောက်နေသည်ကို သိရှိရကြောင်း ပြောပြသည်။ ဦးကျော်မိုးဦး က “ ကျနော်တို့ သွားရောက် စစ်ဆေးတော့ သူနဲ့ သူတို့ မိသားစုက ဇန်နဝါရီ ၂၈ (တနင်္ဂနွေ့နေ့) ကတည်းက ရွာမှာမရှိဘူး၊ ရန်ကုန်သွားတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ဦကျော်မြင့် (ခ) ခိုင်ကျော်သည် တိမ်ညိုကျေးရွာတွင် နေထိုင်သူ ၊ ပရိဘောဂ လုပ်ငန်းလုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်ပြီး ၎င်းတွင် သား ၂ ဦး၊ သမီး ၂ ဦး ရှိကြောင်းလည်း သိရသည်။ “ဦးကျော်မြင့်ရဲ့ သားမီး ၂ ယောက်တော့ ရွာမှာ ရှိပါတယ်။ သား တွေကတော့ ရန်ကုန်မှာနေတယ်လို့ ပြောတယ်။ အသေးစိတ်ကတော့ ကျနော်လည်း မသိဘူး ”ဟု တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးက ပြောသည်။ မြောက်ဦးဖြစ်စဉ်အတွင်း ရခိုင်လူငယ် ၇ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် သက်ဆိုင်သူများကို ရက္ခိုင့်တပ်မတော် ( AA ) ကလည်း လက်တုန့် ပြန်သွားည် ဖြစ်ကြောင်း ကို ထုတ်ပြန်ကြေညာသည်။ ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့် ပတ်သက်ပြီး ရဲက ထုတ်ပြန်ထားသည့် သံသယ တရားခံ ၄ ဦး / ပြည်ထဲရေးဝန်ကြီးဌာန ရခိုင်ပြည်သူများ မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး လွှတ်လပ်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ တစ်ရပ်ကို ဖွဲ့စည်း၍ စစ်ဆေးရန် တောင်းဆိုကြသလို ဇန်နဝါရီလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်ကလည်း အရေးပေါ် လွှတ်တော်အစည်းအဝေးကို ခေါ်ယူကာ စုံစမ်း စစ်ဆေးရေးအဖွဲ့ တစ်ရပ်ကို ဖွဲ့စည်း အတည်ပြုခဲ့သည်။ ယင်းသို့ ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်း စစ်ဆေးရေးအဖွဲ့ကို အတည်ပြုပြီး နောက်တစ်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံ သတ်ဖြတ်ခံလိုက်ရမှု အပေါ် ရခိုင်ပြည်သူများအကြားတွင် ဝေဖန်မှုများနှင့်အတူ စိုးရိမ်မှုလည်း မြင့်တက်နေသည်။ ဦးဘိုဘိုမင်းသိုက်သည် ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က မြောက်ဦးမြို့မှနေ စစ်တွေမြို့သို့ ထွက်ခွာလာစဉ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာအနီးတွင် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။ သတ်ဖြတ်ခံလိုက်ရသည့် ဦးဘိုဘိုမင်းသိုက်သည် ဇန်နဝါရီလ ၁၆ ရက်နေ့ ည မြောက်ဦးဖြစ်စဉ်တုန်းက မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ဖြစ်စဉ် ဖြစ်ပြီးနောက်ပိုင်း ၄ ရက်ခန့်အကြာ ပြည်နယ်ရုံးသို့ လက်ထောက် ညွန်ကြားရေးမှူး အဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေသူ လည်းဖြစ်သည်။ ဦးဘိုဘိုမင်းသိုက် စီးနင်းလာသော ကား / ဧရာဝတီ ဦးဘိုဘိုမင်းသိုက်သည် မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့က ၎င်းအား မြောက်ဦးမြို့သို့ ခေါ်ယူစစ်ခံရန် လာရောက်ခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့ မော်တော်ကားဖြင့် အပြန်တွင် သတ်ဖြတ်ခံလိုက်ရခြင်း လည်း ဖြစ်သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်သည် အခင်းဖြစ်ပွားသည့်နေ့က မြောက်ဦးမြို့မှ မွန်းလွဲ ၂ နာရီအချိန့်က စစ်တွေမြို့သို့ ထွက်ခွာလာစဉ် ၎င်း၏ မိတ်ဆွေ ဖြစ်သူကားဖြင့် လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ပြောသည်။ ဦးတင်မောင်ဆွေက “အရပ်သား ကားတစ်စီးနဲ့ လိုက်ပါသွားတယ်ဆိုတာ ဟုတ်ပါတယ်။ သူ့မိတ်ဆွေ ကားတစီးနဲ့ပေါ့။ အဲဒီ ကားနဲ့ လိုက်ပါလာတယ်လို့ ကျနော်တို့လည်း ကြားထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ဦးဘိုဘိုမင်းသိုက် စီးနင်းလာသော ကား / ဧရာဝတီ ရခိုင်ပြည်နယ် အစိုးရအတွင်းရေးမှူး ဦးတင်မောင်ဆွေ က တော့ ဦးဘိုဘိုမင်း သိုက်လိုက်ပါလာသော ကားမှာ တိမ်ညိုကျေးရွာက လုပ်ငန်းရှင် တစ်ဦး၏ ကားဖြင့် လိုက်ပါလာခြင်း ဖြစ်ကြောင်းကို သတင်း ရရှိထား သော်လည်း ၎င်းလုပ်ငန်းရှင်ကိုတော့ ခေါ်ယူ စစ်ဆေးနိုင်ခြင်း မရှိသေးဟုဆိုသည်။ “ကျနော်တို့ ရရှိထားတဲ့ သတင်းကလည်း တိမ်ညိုကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း ကားဖြစ်တယ်ဆိုတာ သတင်းရထားတယ်။ ဒါပေမဲ့ စစ်ဆေးလို့ မရသေးဘူး။ သူကိုယ်တိုင်က အိမ်မှာ မရှိဘူး။ ခရီးလွန်နေတယ်လို့ ပြောတယ်” ဟု ဦးတင်မောင်ဆွေ က ရှင်းပြသည်။ ဦးဘိုဘိုမင်းသိုက်နှင့် တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်တို့မှာ ရင်းနှီးသူများဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာအနီး ထိုနေ့ ည ၆ နာရီခန့်က ကျောက်တေ်ာမြို့နယ်ဘက်မှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ လာသည့် ကားလမ်းမပေါ်တွင် လမ်းဘေးရေမြောင်းပေါ်သို့ ကားထိုး ဆင်းပြီး ဦးဘိုဘိုမင်းသိုက် သေဆုံးခဲ့မှုကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ဦးဘိုဘိုမင်းသိုက် စီးနင်းလာသော ကား / ဧရာဝတီ ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအုပ်တင်မောင်ဝင်းကတော့ ကားရှေးခန်းပေါ်မှ အနက်ရောင်အိတ်ပေါ်တွင် ပါလာသော စာရွက် စာတမ်းများကို စစ်ဆေးတွေ့ရှိမှသာ သေဆုံးသူမှာ မြောက်ဦး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် ဖြစ်သည်ကို သိရှိရခြင်း ဖြစ်သည်ဟု ဆိုသည်။ ရဲအုပ် တင်မောင်ဝင်း က “ကျနော်တို့ သတင်းအရ သွားစစ်ဆေးတော့ စားရွက်၊ စားတမ်းတွေကို စစ်ဆေးတဲ့အခါမှာသာ သေဆုံးသူဟာ မြို့နယ် အုပ်ချုပ်ရေးမှူး ဖြစ်တယ်ဆိုတာ သိရတာပါ။ ဘယ်လိုဖြစ်တယ်ဆိုတာ” ဟု ဆိုသည်။ ရေမြောင်းပေါ်တွင် တိမ်းစောင်းနေသည်ကို ဒေသခံများက မြင်တွေ့ရသည့်အတွက် အနီးရှိ ဆောက်လုပ်ရေး ယာဉ်တစ်ဦးက ကရိမ်းမြင့် ကားအား မတင်ခဲ့ရာမှနေ လူတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ယိုးငူကျေးရွာသားများ၏ သတင်းပေးပို့မှုဖြင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ကျေးရွာသားများက ပြောသည်။ သေဆုံးသွားသည့် ဦးဘိုဘိုမင်းသိုက် အလောင်းအား ရဲတပ်ဖွဲ့ဝင်များ ပုဏ္ဏားကျွန်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ၁ နာရီခန့် အကြာ ည ၈ နာရီဝန်းကျင်တွင် ၎င်းကားမှာ မီးလောင်ကျွမ်းမှုပွားခဲ့သည်။ ဦးဘိုဘိုမင်းသိုက်၏ ကား လမ်းဘေးထိုးမှောက်သွားသည့် အချိန်အတွင်း အမည်မသိ လူ ၃ ဦးမှာ ကားလမ်းအနောက်ဘက် တောစပ်သို့ ထွက်ပြေးဝင်ရောက်သွားခဲ့သည်ကို မြင်တွေ့လိုက်ရ ကြောင်း ယင်းအနီးဝန်းကျင်တွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ ကဆိုသည်။ အခင်းဖြစ်အနီးတွင် အလုပ်လုပ်ကိုင်နေသူ ယိုးငူ ကျေးရွာသား ဦးလှကြီးမောင် က “ကျနော် အလုပ်လုပ်နေတုန်း ကား ၁ စီးထိုးဆင်းတာကို မြင်လိုက်ရတယ်။ အဲဒီ အချိန်မှာပဲ လူ ၃ ဦးက တောစပ်သို့ ထွက်ပြေး သွားတယ်။ ဘယ်သူလည်း ဆိုတာကိုတော့ ကျနေ်ာတို့ မသိဘူး။ နောက်မှ လမ်းသွား၊ လမ်းလာ ကားတွေက ကားမှောက် နေတာ တွေ့တော့ ကားရပ်ပြီး ကြည့်တော့ လူတစ်ယောက် သေသလား၊ ရှင်သလား မသိ ကားအောက်မှာ ပိနေတာကို တွေ့တာ” ဟု ပြောသည်။ ဦးဘိုဘိုမင်းသိုက် သေဆုံးသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနီးပတ်ဝန်းကျင်မှ ဒေသခံကျေးရွားသား ၄ ဦး၊ ယိုးငူအုပ်ချုပ်ရေးမှူး ၁ ဦး နှင့်ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ များကိုလည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးတွင် ခေါ်ယူ စစ်ဆေးခဲ့သည်။ ညနေ့ နေ့လည်းပိုင်းကတော့ အနီးဝန်းကျင်ရှိ ကားလမ်းမပေါ်တွင် တပ်မတော်တပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားသည်ကို တွေ့မြင်ခဲ့ရပြီး အခင်းဖြစ်နေရာ အနီးတွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေ သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ ဦးဘိုဘိုမင်းသိုက် စီးနင်းလိုက်ပါလာသော ကားမှာ CRV အမျိုးအစား ငွေရောင်ဖြစ်ပြီး သေဆုံးခဲ့ရာတွင် ရင်ညွန့်တည့် တည့် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲယာနို့အုံအောက် တစ်ဘက် တစ်ချက်စီ ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝဲ နို့အုံအထက် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲယာ လက်ပြင် ထိုးသွင်းဒဏ်ရာ ၁၂ ချက်၊ ဝဲမျက်ခုံး ပြတ်ချက် ဒဏ်ရာ ၁ ချက် ရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ဦးဘိုဘိုမင်းသိုက် အသတ်ခံရခြင်းနှင့် ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှ ပ/ ၁၃ ၊ ၂၀၁၈ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ ၄၄၀ ၊ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦတင်မောင်ဆွေကလည်း ဦးဘိုဘိုမင်းသိုက် သေဆုံးခြင်းနှင့် ပတ်သက်ပြီး အမှုမှန်ပေါ်အောင် စုံစမ်း ဖော်ထုတ်နေပြီး ဖြစ်စဉ်အတွင်းက ကျန်နေခဲ့သော တရားခံ၏ အသုံးအဆောင် ပစ္စည်း တချို့ကိုလည်း သိမ်းဆည်း ရမိထားသည်ဟုဆိုသည်။ The post မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် ဘယ်လို အသတ်ခံရတာလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2nrWNM5
via IFTTT

No comments:

Post a Comment