Thursday, February 22, 2018


အချိန်တိုအတွင်း ပြင်ဆင်နိုင်တဲ့ “ဖိလစ်ပိုင်စတိုင် ပင်လယ်စာ ထမင်းကြော်” အရသာလည်းရှိ၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အချိန်တိုအတွင်း ပြင်ဆင်နိုင်တဲ့ “ဖိလစ်ပိုင်စတိုင် ပင်လယ်စာ ထမင်းကြော်” လုပ်နည်း မျှဝေ ပေးချင်ပါတယ်။ “ထမင်းကြော်” ဟာ အာဟာရရှိပြီး ဗိုက်ပြည့်တဲ့ မနက်စာအဖြစ် အလွယ်တကူ ပြင်ဆင်နိုင်တဲ့ အစားအစာပါ။ ထမင်းကြော်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်း၊ ဟင်းအမယ်တွေကလည်း တကူးတက ဈေးသွားဝယ်စရာ မလိုဘဲ မီးဖိုချောင်မှာရှိတဲ့ စားသောက်ကုန် ပစ္စည်းတွေနဲ့ပဲ အလွယ်တကူ ချက်ပြုတ် ပြင်ဆင်နိုင်ပါတယ်။ ပင်လယ်စာများ လတ်လတ်ဆတ်ဆတ် ပြင်ဆင်ထားပါ “ဖိလစ်ပိုင်စတိုင် ပင်လယ်စာ ထမင်းကြော်” မှာ ပါဝင်ပစ္စည်းတွေကတော့ ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း ကြက်သွန်နီ – တစ်လုံး (နုပ်နုပ်စဉ်း ထားရန်) ကြက်သွန်ဖြူ – သုံးမွှာ (နုပ်နုပ်စဉ်း ထားရန်) ချင်း – အနည်းငယ် ကြက်သွန်မြိတ် – အနည်းငယ် (နုပ်နုပ်စဉ်း ထားပါ) ခရု – ၂၅၀ ဂရမ် ပုဇွန် – ၁၅၀ ဂရမ် ပြည်ကြီးငါး – ၁၀၀ ဂရမ် ဂဏန်း – ၁ ကောင် ထမင်း – ၂ ခွက် ဆား – အနည်းငယ် ငရုပ်ကောင်းမှုန့် – အနည်းငယ် တရုတ်နံနံပင် – အနည်းငယ် ဟင်းအမယ်တွေ ပြင်ဆင်ပြီးပြီဆိုရင် စချက်လို့ ရပါပြီ။ ဟင်းမချက်ခင် ပြည်ကြီးငါး၊ ခရုတွေကို ကျက်အောင် အရင်ပြုတ်ထားပြီး အသားနွှင်ထားပါ။ ပုဇွန်ကိုလည်း ပြုတ်ပြီး အခွံချွတ်ထားပါ။ ဂဏန်းကို ပေါင်းပြီး အသားကြီးပဲ နွှင်ထားပါ။ ဆီကို အိုးထဲထည့်ပြီး အပူပေးပါ။ ဆီပူလာပြီဆိုရင် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူ၊ နီ၊ ဂျင်းနဲ့ ကြက်သွန်မြိတ်တွေကို ဆီသတ်ပါ။ ဆီကျက်ပြီး နီညိုရောင်သန်းလာတာနဲ့ ပုဇွန်၊ ပြည်ကြီးငါးတို့ကိုထည့်ပြီး နောက်ထပ် ၂ မိနစ်လောက် ထည့်ကြော်ပါ။ ပြီးရင် ခရု၊ ဂဏန်းအသားတွေ ထပ်ထည့်ပြီး ၁ မိနစ်လောက် ကြော်ပေးရပါမယ်။ “ဖိလစ်ပိုင်စတိုင် ပင်လယ်စာ ထမင်းကြော်” အစာထဲ အရသာဝင်လောက်ပြီဆိုရင် နောက်ဆုံး ထမင်းကို ရောထည့်လိုက်ရုံပါပဲ။ အရသာမွှေးသွားအောင် ဆား အနည်းငယ်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး ချခါနီးမှာ သံပုရာရေညှစ်၊ တရုတ်နံနံ အုပ်လိုက်မယ် ဆိုရင် အရသာ မွှေးပြီး စားလို့ကောင်းမယ့် “ဖိလစ်ပိုင်စတိုင် ပင်လယ်စာ ထမင်းကြော်”ကို သုံးဆောင်နိုင်ပါပြီ။ ချက်ပြုတ်ပြင်ဆင်ချိန် ၂၅ မိနစ်လောက်ပဲကြာလို့ အလုပ်မရှုပ်၊ အချိန်မကုန်ဘဲ ချက်ပြုတ် ပြင်ဆင်နိုင်တဲ့ ဟင်းလျာ တမျိုးမို့ ပြုလုပ် စားသုံးကြည့်ဖို့ နည်းလမ်း ရေးသား လိုက်ပါတယ်။ Ref: Yummy Recipe The post အချိန်တိုအတွင်း ပြင်ဆင်နိုင်တဲ့ “ဖိလစ်ပိုင်စတိုင် ပင်လယ်စာ ထမင်းကြော်” appeared first on ဧရာဝတီ.
Source : http://ift.tt/2FiDAnP
via IFTTT

No comments:

Post a Comment