ရွှေလိုဝင်းတဲ့ အသားအရေအတွက် တကယ် အသုံးတည့်တဲ့ နနွင်း အသားအရေ ဝင်းဝါစိုပြည်ခြင်းဟာ အမျိုးသမီးတိုင်း လိုချင်တပ်မက်ကြတဲ့ အရာပါ။ အသားအရေ ဝင်းဝါဖို့အတွက် အိန္ဒိယ သူတွေက နနွင်းကို စွဲစွဲမြဲမြဲ သုံးလေ့ရှိကြပါတယ်။ တချို့ဆို နနွင်းကို သနပ်ခါးနဲ့တောင် တွဲလိမ်းလေ့ ရှိပါသေးတယ်။ သဘာဝ မဟုတ်တဲ့ အသားဖြူဆေးတွေ သုံးကြည့်မယ့်အစား ဒီလို ဆေးဖက်ဝင်ပစ္စည်းကို စိတ်ရှည်ရှည်နဲ့ စွဲသုံးကြည့်ဖို့ ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် နနွင်းရဲ့ အသုံးဝင်ပုံနဲ့ အသုံးပြုပုံ နည်းလမ်းကောင်းတွေ ညွှန်းပေးချင်ပါတယ်။ နနွင်းရဲ့ အသုံးဝင်ပုံ နနွင်းဟာ အမျိုးသမီးတွေအတွက် သားအိမ်ကို အဓိကသန့်ရှင်း စင်ကြယ်စေတဲ့ဓာတ် ရှိပါတယ်။ အထဲက အပူအပုပ်တွေ ကင်းစင်တဲ့အခါ အပြင်က အသားအရေက အလိုလိုနေရင်း ကြည်လင် ဝင်းပလာတာပါ။ နနွင်းကို အသုံးပြုပုံ ရှေးခေတ်လူကြီးတွေကတော့ နနွင်းကို ပျားရည်နဲ့ ရောပြီး သင့်တော်တဲ့ပမာဏ (လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ) သောက်သုံးခိုင်းပါတယ်။ဒါ့အပြင် သံလွင်ဆီနဲ့လည်း တွဲပြီး နေ့တိုင်းပုံမှန် သောက်သုံးပေးတာ ကျန်းမာရေးအရကော အသားအရေအတွက်ပါ ကောင်းတယ်လို့ သိရပါတယ်။ နနွင်းနဲ့ အသားအရေ ဖြူအောင် မျက်နှာကို ပေါင်းတင်လို့ ရပါသေးတယ်။ နနွင်းနဲ့ မျက်နှာ ပေါင်းတင်မယ်ဆိုရင် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ အသုံးပြုကို ရေးသားပေးပါမယ်။ ပါဝင်ပစ္စည်းများ – ဂျုံ (စားပွဲတင်ဇွန်း ၂ဇွန်း) (အုတ်ဂျုံကိုလည်း အသုံးပြုနိုင်ပါတယ်) – နနွင်း (စားပွဲတင်ဇွန်း ၁ဇွန်း) – နွားနို့ (စားပွဲတင်ဇွန်း ၃ ဇွန်း) (ဒိန်ချဉ်အစားထိုး အသုံးပြုနိုင်) – ပျားရည် ၁ စက် ၂ စက် အဆိုပါ ပါဝင်ပစ္စည်းများကို အားလုံး ရောသမမွှေပြီး မျက်နှာပေါ်မှာ မိနစ် ၂၀ ခန့် လိမ်းထားပေးပါ။ ပြီးလျှင် ရေဆေးချပြီး မျက်နှာကို အစိုဓာတ်ရအောင် Moisturizer တခုခု လိမ်းထားပါ။ နနွင်းက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဆဲလ်သေများ ပျက်စီးမှုကို လျော့ကျစေပြီး အသားအရေကို ချောမွေ့စေပါတယ်။ အသက်အရွယ်ရလို့ အရေးအကြောင်း ဖြစ်ခြင်းကိုလည်း လျော့နည်းစေပြီး ဝက်ခြံ၊ အဖုအပိမ့်များ၊ အသားအရေ ခြောက်သွေ့ခြင်း စတဲ့ အရေပြားဆိုင်ရာ ပြဿနာများအတွက် အစွမ်းထက်တဲ့ ဆေးစွမ်းကောင်း တလက် ဖြစ်ပါတယ်။ နနွင်းဝယ်တဲ့အခါလည်း နနွင်း အစစ်ဖြစ်ဖို့ သတိပြုရမှာ အရေးကြီးပါတယ်။ နနွင်း အစစ်မဟုတ်ရင် နနွင်းရဲ့ အာနိသင်အပြည့်အဝ မရတာမျိုးတွေ ဖြစ်တတ်တာမို့ နနွင်းစစ်စစ်ရဖို့ အထူးသတိထား ဝယ်ယူဖို့ အကြံပြုချင်ပါတယ်။ ကဲ နနွင်းရဲ့ အကျိုးကျေးဇူးတွေကို သိထားပြီးပြီဆိုတော့ အခုပဲ နနွင်းစစ်စစ်ကို ရှာဖွေပြီး အသားအရေလှအောင် အသုံးပြုကြမယ်လေနော်။ The post ရွှေလိုဝင်းတဲ့ အသားအရေအတွက် တကယ် အသုံးတည့်တဲ့ နနွင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2EjEt1H
via IFTTT
No comments:
Post a Comment