Thursday, February 22, 2018


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC တွင် အရေးယူရန် ဗြိတိန် အမတ်များ တောင်းဆို မြန်မာ စစ်ဘက်ခေါင်းဆောင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) တွင် အရေးယူလှုပ်ရှားမှုကို ထောက်ခံရန် ဗြိတိန် ပါလီမန် အမတ်များက နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ကို တောင်းဆိုလိုက်သည်။ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို “ရိုဟင်ဂျာများ အပေါ်ကျူးလွန်သော ရာဇဝတ်မှုများ အတွက်” ဟု ဆိုကာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ICC သို့ လွှဲပြောင်းတင်ပြနိုင်ရေးကို ထောက်ခံရန် ဗြိတိန်အစိုးရကို တောင်းဆိုသော စာတွင် ဗြိတိန်ပါလီမန် အမတ် ၁၀၀ ကျော်တို့ လက်မှတ်ရေးထိုးခဲ့သည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာ အရ ၂၀၁၇ သြဂုတ်လ အတွင်း လုံခြုံရေးတပ်များ၏ စစ်ဆင်မှုများ အပြီး မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၆ သိန်း ၈ သောင်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည်။ ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုဟု စွပ်စွဲခဲ့သည်။ Médecins Sans Frontières ၏ အဆိုရ အဆိုပါ ၁ လ အတွင်း ရိုဟင်ဂျာ ၇ ထောင်ကျော် သေဆုံးခဲ့ကြောင်းနှင့် ယင်းတို့အနက် ၇၃၀ မှာ ကလေးများဖြစ်ကြောင်း သိရသည်။ ထုတ်ပြန်ခဲ့သည်။ ယင်းစွပ်စွဲချက်များကို မြန်မာအစိုးရက ပယ်ချထားသည်။ ဗြိတိန်နိုင်ငံသည် ရခိုင်ပြည်နယ် အကျပ်အတည်း အတွက် မြန်မာ အာဏာပိုင်များကို ရှုတ်ချရာတွင် ထိပ်တန်းမှ ပါဝင်သူ ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်သည် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်သို့ ယခုလ အစောပိုင်းက သွားရောက်ခဲ့ပြီး မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒုက္ခသည်များ ဘေးကင်းစွာ ပြန်လာနိုင်ရေး ဆွေးနွေးခဲ့သည်။ သို့သော် ယခုတောင်းဆိုသော စာတွင် ဗြိတိန်နိုင်ငံ အနေဖြင့် တရားစွဲဆို စစ်ဆေးရေး အတွက် ဖိအားပေးရာတွင် ဦးဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန် တောင်းဆိုထားသည်။ “ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို အကြီးအကျယ် လျစ်လျူရှုထားခဲ့ကြသည်။ ယခုအချိန်သည် ရှေ့ဆက် ဆောင်ရွက်ရမည့် အချိန်ဖြစ်သည်” ဟု ထိုစာတွင် ဖော်ပြထားသည်။ “အခုအချိန်သည် ဗြိတိန် အစိုးရ အနေဖြင့် မြန်မာနိုင်ငံအခြေအနေသည် နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်း ပေးသင့်သည် ဟု ရှင်းလင်းပြတ်သားစွာ ပြောဆိုရမည့် အချိန်ဖြစ်သည်” ဟုလည်း ထိုစာတွင် ဖော်ပြထားသည်။ “ဥရောပသမဂ္ဂ အနေဖြင့် မြန်မာတပ်မတော်သို့ လက်နက်သာမက အခြားကိရိယာများ ရောင်းချမှုများ ပိတ်ပင်ရန်နှင့် စစ်သင်တန်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ အဆုံးသတ်ရန် သဘောတူညီချက် အတွက် ဗြိတိန် အစိုးရက လုပ်ဆောင်သင့်သည်” ဟုလည်း ဖော်ပြထားသည်။ သို့ရာတွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး၏ အဖွဲ့ဝင် မဟုတ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ် နိုင်ငံက ဗီတိုအာဏာသုံး ပယ်ချနိုင်သော အနေအထားကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC တွင် အရေးယူနိုင်ရေး အကန့်အသတ်ရှိနေသည်။ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများကို နည်းစနစ်တကျ ဖိနှိပ်ရာတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း အလိုတူအလိုပါ ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ဗြိတိန် အသံလွှင့်ဌာန တခုဖြစ်သည့် Channel 4 News ၏ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အင်တာဗျူးတွင် ပြောကြားခဲ့သေးသည်။ ကိုးကား။ ။ The Guardian The post ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC တွင် အရေးယူရန် ဗြိတိန် အမတ်များ တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2ETXS9J
via IFTTT

No comments:

Post a Comment