Wednesday, February 7, 2018


ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိုက်သင့်သလောက် ခရီးမပေါက်နိုင်သေးဟု RCSS ပြော လက်ရှိအစိုးရသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးစားပေး လုပ်ငန်းတရပ်အဖြစ် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိုက်သင့်သလောက် ခရီးမပေါက် နိုင်သေးဘဲ ဖြစ်နေသည်ဟု RCSS က ပြောသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်သော (၇၁) နှစ်မြောက် ရှမ်း အမျိုးသားနေ့၌ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA)က သဘောထား ထုတ်ပြန် ပြောဆိုခြင်း ဖြစ်သည်။ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က “၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဆက်လက် ကျင်းပသွားနိုင်အောင် ကျနော် တို့ အနေနဲ့ ဆက်လက်ပြီး ကြိုးပမ်းသွားမယ်”ဟု လွယ်တိုင်းလျန်းတွင် ကျင်းပသော ရှမ်းပြည် အမျိုသားနေ့ မှတ်တမ်း ရုပ်သံဖိုင်၌ ပြောဆိုထားသည်ကို တွေ့ရှိရသည်။ ပင်လုံ စာချုပ်နှင့် ပြည်ထောင်စုနေ့၏ မြစ်ဖျားခံရာဖြစ်သည့် ရှမ်း အမျိုးသားနေ့သည် ယနေ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်၌ (၇၁)နှစ် ရှိခဲ့ပြီဖြစ်ကြောင်း၊ ပင်လုံစာချုပ်ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည်မှာ နှစ်ပေါင်း(၇၀) ရှိပြီ ဖြစ်သော်လည်း တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးသည် နှစ်ပေါင်း(၇၀) နီးပါး ပြည်တွင်းစစ် ကြောင့် လွတ်လပ်ရေး၏ အသီးအပွင့်များကို ပြည့်ဝစွာ ရရှိခံစား စံစား နိုင်ခြင်းမရှိသေးကြောင်းလည်း RCSS ထုတ်ပြန် ချက်တွင် ပါရှိသည်။ သမ္မတ ဦးထင်ကျော်က ယနေ့အချိန်အခါမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်း ရေး ရရှိစေရန် အတွက် နိုင်ငံတော်အစိုးရအနေနှင့် တိုင်းရင်းသား ပြည်သူများနှင့် လက်တွဲပြီး အပစ်အခတ် ရပ်စဲရေးမှ တဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းနှင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု (၇၁)နှစ်မြောက် ရှမ်း အမျိုးသားနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ပြောဆိုသည်။ သမ္မတ ဦးထင်ကျော်က “ဝိုင်းဝန်းစုပေါင်း ဆွေးနွေး ညှိနှိုင်း အဖြေရှာမှုတွေကနေ အများသဘောတူ ဖော်ထုတ် ရရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနဲ့အညီ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ ဖြစ်ပေါ်လာမယ့် အနာဂတ် မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ပေါက် လာရေး အတွက်ကိုလည်း ဆက်လက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်”ဟုလည်း ပြောသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သည့် လက်ရှိ အစိုးရသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးစားပေး လုပ်ငန်း တရပ်အဖြစ် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိုက်သင့်သလောက် ခရီးမပေါက်နိုင်သေးဘဲ ဖြစ်နေသည်ဟု RCSS က ထုတ်ပြန် ခဲ့သည်။ ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချောမွေ့အောင်မြင်စေရေး အတွက် နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ ညီနောင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ အခြား သက်ဆိုင်သည့် ပါတီအဖွဲ့ အစည်းများနှင့် ညှိနှိုင်း ပူးပေါင်း လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။ RCSS သည် ဇန်နဝါရီ ဒုတိယပတ်ထဲတွင် ရှမ်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (ရှမ်းလူမျိုးအလိုက်) ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း လူထုအကြိုတွေ့ဆုံပွဲများတွင် တပ်မတော်၏ တားဆီးမှုများကြောင့် ယနေ့အထိ မကျင်းပနိုင် သေးဘဲ ဖြစ်နေသည်။ ထို့ကြောင့် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကျင်းပရန် စီစဉ်ထားသော တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံလည်း မကျင်းပနိုင်ဘဲ ဖြစ်နေသည်။ ယနေ့အထိလည်း ကျင်းပမည့်ရက် မသတ်မှတ်နိုင်သေးကြောင်း သိရသည်။ ထို့ပြင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို လက်မှတ် ထိုးထားသော RCSS နှင့် တပ်မတော်ကြား ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင် မြို့နယ်အတွင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် အတွင်း၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ မိမိတို့ NCA-S EAO(8) ဖွဲ့မှလည်း အနာဂတ် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး လုပ်ငန်းစဉ်မှာ ရှမ်းလူမျိုးများ၊ ရှမ်းပြည်သူလူထုများနှင့် အတူ တတတ် တအား ပါဝင် ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိဋိဌာန်ချရင် စုစည်းညီညွတ်သော စည်းလုံးရေး၊ အနာဂတ် ပြည်ထောင်စု တည် ဆောက် ရေးဆိုင်ရာ ခိုင်မာသော ယုံကြည်ချက်တိုပဖြင့် ကြိုးပမ်းစွမ်းဆောင်နိုင် ကြ ပါစေ”ဟု ရှမ်း အမျိုးသား နေ့ အတွက် ထုတ်ပြန်ချက်တွင် ပြောဆိုသည်။ တရုတ်-မြန်မာ နယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေသော မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ(FPNCC)နှင့်လည်း ၈ လ ကျော် လာသည့် တိုင် အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမှု မဖြစ်မြောက် သေးပေ။ FPNCC တွင် ပါဝင်သော “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာ အမျိုး သား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့် တပ်မတော်(AA) တို့သည် NCA မထိုးရသေးသော အဖွဲ့များ ဖြစ်သည်။ ထို့ပြင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ အားလုံး NCA လက်မှတ် ထိုးနိုင်ရေး အစိုးရဘက်မှ မဆောင်ရွက်နိုင်သေးဘဲ မွန်ပြည်သစ် ပါတီ (NMSP)နှင့် လားဟူ ဒီမိုကရက်တစ် အစည်း အရုံး (LDU) တို့သာ လက်မှတ်ထိုးရန် ကတိပြုထားကြောင်း သိရသည်။ The post ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိုက်သင့်သလောက် ခရီးမပေါက်နိုင်သေးဟု RCSS ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2nOcOeM
via IFTTT

No comments:

Post a Comment