Friday, February 2, 2018

The Ladies News

သရုပ်ဆောင်ခိုင်နှင်းဝေ ယာဉ်မတော်တဆမှုဖြစ်ပွား ရုပ်ရှင်နှင့်ဗွီဒီယို သရုပ်ဆောင် ခိုင်နှင်းဝေဟာ မနေ့ည ၁၁ နာရီ ၄၀ အချိန်မှာ ယာဉ်မတော်တဆမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သူမဟာ ရုပ်ရှင်သရုပ်ဆောင်၊ ကိုနေမင်း၊ သွန်းဆက်တို့နဲ့ ဟော့ပေါ့စားပြီး အပြန် ဧရာဝဏ်လမ်းပေါ်မှာ လူတစ်ယောက် ကားတိုက်သေဆုံးနေတာကြောင့် ကားကို လမ်းဘေးရပ်ဖို့ ကြိုးစားနေရင်း အုတ်သဲကျောက် တင်လာတဲ့ ကားတစ်စီးရဲ့အနောက်မှ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ကားကြီးတစ်စီးရဲ့ အရှိန်ပြင်းပြင်း တိုက်ခဲ့ခြင်းကို ခံခဲ့ရသော်လည်း သူမအပါဝင် မိခင်နှင့် အခြားအမျိုးသမီးငယ်တို့ ၃ ဦးစလုံး ဒဏ်ရာအနာတရ အနည်းငယ်စီသာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး သရုပ်ဆောင် ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ပုံနှင့်တကွ အခုလိုရေးသား ဖော်ပြထားတာဖြစ်ပါတယ်။ "မနေ့ည ဖေဖော်ဝါရီ ၁ ရက်နေ့ည ၁၁ နာရီမိနစ် ၄၀ ခန့်မှာ ကျွန်မကားအက်ဆီးဒင့် ဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့အိမ်အပြန်လမ်းဖြစ်တဲ့ သာကေတ ဧရာဝဏ်လမ်းမှာဖြစ်ခဲ့တာပါ။ ဒီနေ့တစ်ရက်က ရှုတင်မရှိတော့ အမေ့ကိုဆေးခန်းလိုက်ပို့ပေးပြီး။ ကိုနေမင်း ၊ သွန်းဆက်တို့နဲ့ ဟော့ပေါ့ စားပြီးအပြန် ဧရာဝဏ်လမ်းမှာဖြစ်တာပါ။ အပြန်လမ်း တစ်ဖက်ယာဉ်ကျောမှာ လူတစ်ယောက်က ကားတိုက်ခံရလို့ သေနေတာ။ အဲဒီလူကို ကားတွေက တစ်စီးပြီး တစ်စီး တက်ကြိတ်နေလို့ ဘေးကလူတွေက လာတဲ့ကားတွေကို ဝိုင်းတာနေတယ်။ အဲဒီမှာ ကျွန်မကားကိုလည်း လမ်းလယ်ခေါင်ကနေ တားနေတော့ ကျွန်မက လှည့်ကင်းများလား မသိဘူးဆိုပြီး အရှိန်လျော့ပြီး ရပ်လိုက်တယ်။ လူရှုပ်နေတော့ အဲ့ဒီနားက လူတွေက ကားကိုလှမ်းတားပြီး ဖြည်းဖြည်းမောင်းဖို့ ပြောတာနဲ့ အရှိန်လျှော့ပြီး လမ်းဘေးကို ထိုးရပ်ခါနီး အနောက်က သဲတွေကျောက်တွေ သယ်တဲ့ကားက အရှိန်ပြင်းပြင်းနဲ့ တိုက်လိုက်တော့ အရှေ့က taxi ကိုပါ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိပါတယ်။ အစောကတည်းက လူတစ်ယောက်က ကားတိုက်ခံရလို့ သေနေတာပါ။ အနောက်က ကားကအရှိန်နဲ့တိုက်တော့ ကားသုံးဆင့်တိုက်သလို ဖြစ်သွားတာပါ။ အခုတော့ တစ်ကိုယ်လုံး နာနေတယ်။ အမေကတော့ နှာခေါင်းနည်းနည်းထိတယ်။ အိမ်က ကောင်မလေးက တံတောင်ဆစ် ပွန်းတာလောက်ပါပဲ။ စိတ်ပူပေးနေကြသူများကို ကျေးဇူးပါရှင်" လို့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင် ခိုင်နှင်းဝေဟာ ပြည်သူ့အချစ်တော် ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်သလို ဘာသာရေးကိုလည်း အလွန်ကိုင်းရှိုင်းသူ ဖြစ်ပါတယ်။ သူမဟာ မကြာမကြာ အလှူအတန်းများ ပြုလုပ်လေ့ရှိပြီး မိဘမဲ့ဂေဟာများ၊ မသန်စွမ်းကျောင်းများသို့ အလျဉ်းသင့်သလို လှူဒါန်းမှုများ ပြုလုပ်ပေးလေ့ ရှိသူလည်း ဖြစ်ပါတယ်။ The Ladies News
Source : http://ift.tt/2ExwifE
via IFTTT

No comments:

Post a Comment