ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ဓာတ်ဆီပုလင်းပစ်သွင်းခဲ့သူရဲ့ ဇနီးနဲ့အင်တာဗျူး......... ရန်ကုန်၊ ဖေဖော်ဝါရီ ၂ မနေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်းကို ဓာတ်ဆီပုလင်းတစ်လုံးပစ်သွင်းခံခဲ့ရပါတယ်။ ဒီလိုဖြစ်ပွားပီးနောက် ကျူးလွန်သူလို့ သံသယရှိသူရဲ့ ဓာတ်ပုံ Facebook လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့်နှံ့ခဲ့ပါတယ်။ ဒီနေ့နံနက် ၃ နာရီမှာတော့ ရဲတပ်ဖွဲ့က ဓာတ်ဆီပုလင်းပစ်သွင်းခဲ့တဲ့ ဦးဝင်းနိုင်ဆိုသူကို ဖမ်းဆီးရရှိခဲ့ပါတယ်။ ဦးဝင်းနိုင်ဟာ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ နေထိုင်ပြီး မြကျွန်းသာမှာ ညစောင့်ဝန်ထမ်းလုပ်ကိုင်နေသူလို့ သိရပါတယ်။ The Voice သတင်းထောက် အောင်စိုးနဲ့ ခိုင်စိုးလင်းတို့က ဦးဝင်းနိုင်ရဲ့ ဇနီး ဒေါ်ကြည်သန်းကို သူရဲ့နေအိမ်မှာ သွားရောက်မေးမြန်းထားပါတယ်။
Source : http://ift.tt/2nzbEo4
via IFTTT
No comments:
Post a Comment