Wednesday, February 7, 2018

The Voice

မစ်ခီတာယန်ကြောင့် အာဆင်နယ်ထံသို့ ပြောင်းရွှေ့ရောက်လာခဲ့ခြင်းဖြစ်သည်ဟု အော်ဘာမီယန် ရှင်းပြ လန်ဒန်၊ ဖေဖော်ဝါရီ ၇ အာဆင်နယ်တိုက်စစ်မှူးသစ် အော်ဘာမီယန်သည် ၎င်းအနေနှင့် အာဆင်နယ်ထံသို့ ၎င်းပြောင်းရွှေ့ဖြစ်ခဲ့သည်မှာ မစ်ခီတာယန်ကြောင့်ဖြစ်သည်ဟု ဖွင့်ဟဝန်ခံလိုက်ပြီး အပြောင်းအရွှေ့မဖြစ်မီတွင် မစ်ခီတာယန်နှင့် ၎င်းအကြား၌ ဖုန်းအဆက်အသွယ် မပြတ်တမ်းရှိခဲ့သည်ဟုလည်း အော်ဘာမီယန်က အသိပေးသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။ မစ်ခီတာယန်သည် အာဆင်နယ်မှနေ၍ မန်ယူထံသို့ ဆန်းချက်ဇ် ပြောင်းရွှေ့ရာတွင် အပြန်အလှန်သဘောဖြင့် မန်ယူမှနေ၍ အာဆင်နယ်ထံသို့ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်ပြီး မစ်ခီတာယန် ပြောင်းရွှေ့ရောက်ရှိလာပြီး တစ်ပတ်အကြာတွင် အော်ဘာမီယန်ကို အာဆင်နယ်က ခေါ်ယူလိုက်နိုင်ခြင်းဖြစ်သည်။ မစ်ခီတာယန်နှင့် အော်ဘာမီယန်တို့သည် ဒေါ့မွန်ထံတွင် တွဲဖက်ြီသော အသင်းဖော်များဖြစ်ခဲ့ကြဖူးပြီး အာဆင်နယ်က အဲဗာတန်ကို ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း ၎င်းတို့နှစ်ဦးက အသင်းသစ်နှင့် အံဝင်စွာ ခြေစွမ်းပြသွားနိုင်ခဲ့ကြသည်။ အော်ဘာမီယန်သည် ၎င်းနှင့် မစ်ခီတာယန်တို့မှာ ဘောလုံးကွင်းတွင်း၌သာမကဘဲ ဘောလုံးကွင်းပြင်၌လည်း တစ်ဦးနှင့် တစ်ဦး နားလည်မှုရှိသူများဖြစ်ကြောင်း ရှင်းပြထားပြီး ယင်းအချက်ကလည်း ဘောလုံးကွင်းတွင်း၌ တွဲဖက်ညီညီ ကစားနိုင်စေရန် ကြီးစွာသော ထောက်ပံ့မှုကိုပေးသည်ဟု အော်ဘာမီယန်က မှတ်ချက်ပေးထားသေးသည်။ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အော်ဘာမီယန်က “အာဆင်နယ်ဆီကို ကျွန်တော် မပြောင်းခင်မှာ မစ်ခီတာယန်နဲ့ နေ့တိုင်းနီးပါး ဖုန်းပြောဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူလည်း မန်ယူဆီမှာ ရှိနေတုန်းပါပဲ။ ဖုန်းပြောဖြစ်တိုင်းမှာ သူက ကျွန်တော့်ကို “အာဆင်နယ်ဆီ မင်းပြောင်းမှာလား၊ မပြောင်းဘူးလား”လို့ အမြဲမေးခဲ့ပါတယ်။ ကျွန်တော်ကလည်း “မင်းဘက်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ငါစောင့်နေတာ”လို့ ပြန်ပြောဖြစ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူက “အာဆင်နယ်ဆီပြောင်းဖို့ ငါအားလုံးသဘောတူလိုက်ပြီ”လို့ ကျွန်တော့်ကို အသိပေးလာခဲ့ပါတယ်။ အဲ့ဒီမှာတင် ကျွန်တော်လည်း အာဆင်နယ်ဆီ ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ချက်တစ်ရပ် အပြီးသတ်ချမှတ်လိုက်တော့တာပါပဲ”ဟု ပြောကြားသွားခဲ့သည်။
Source : https://goo.gl/wHX1Z9
via IFTTT

No comments:

Post a Comment