မန္တလေးမှာတကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် မာရဇ္ဇ ဖေဖော်ဝါရီ - ၃ ၊၂၀၁၈ ပြီးခဲ့တဲ့ နှစ်က မန္တလေးမြို့မှာ တကိုယ်တော်ပွဲလုပ်ဖို့စီစဉ်ခဲ့ပေမယ့်အဆင်မပြေမှုတွေကြောင့်ပွဲဖျက်ခဲ့ရတဲ့ အဆို တော် မာရဇ္ဇက ဒီနှစ်မှာတော့ မကျေပွဲအနေနဲ့ မန္တလေးမြို့မှာ တစ်ကိုယ်တော်ပွဲပြုလုပ်နိုင်တော့မှာပါ။ မာရဇ္ဇရဲ့ Breakthrough Live in Mandalayဖျော်ဖြေပွဲကို ေေဖဖော်ဝါရီ ၁၀ ရက်နေ့မှာ ဒိုင်းမွန်းပလာဇာ ငါးလွှာမှာပြုလုပ်သွားမှာဖြစ်ပါတယ်။ သူ့ရဲ့တကိုယ်တော်ပွဲတွေရဲ့ထုံးစံအတိုင်း တစ်ဦးတည်းဖျော်ဖြေမှာဖြစ်ပြီး သီချင်းအပုဒ် ၃၀ ခန့် ဖျော်ဖြေမယ်လို့ မာရဇ္ဇကပြောပါတယ်။ တကိုယ်တော်ပွဲတွေမှာ ပြန်ဆိုတေးတွေ သီဆိုလေ့မရှိပေမယ့် မန္တလေးဖျော်ဖြေပွဲမှာတော့ မန္တလေးသား တေးရေးဆူး ရေးပေးထားတဲ့ ဟင်္သာတို့ရဲ့နန်းတော်ရှေ့သီချင်းကို ဂုဏ်ပြုတဲ့အနေနဲ့သီဆိုပေးမယ်လို့ မာရဇ္ဇက ပြောပါတယ်။ မန္တလေးမြို့မှာ ဖျော်ဖြေပွဲတွေ သွားရောက်မသီဆိုဖြစ်တာကြာပြီဖြစ်သလို ဒီဖျော်ဖြေပွဲက မန္တလေးမြို့မှာ ပြုလုပ်တဲ့ မာရဇ္ဇရဲ့ပထမဆုံး တကိုယ်တော်ဖျော်ဖြေပွဲလည်းဖြစ်ပါတယ်။ ဖျော်ဖြေပွဲလက်မှတ်တွေကိုတော့ ငွေကျပ်တစ်သောင်း နှစ်သောင်း နဲ့ သုံးသောင်း သတ်မှတ်ထားပြီး ဖေဖော်ဝါရီ ၁ ရက်ကနေစတင်လက်မှတ်ရောင်းချနေပြီဖြစ်ပါတယ်။ ရုပ်သံ - ဇွဲဉာဏ်
Source : http://ift.tt/2s0hqni
via IFTTT
No comments:
Post a Comment