Sunday, February 4, 2018


ဘယ်တော့မှ အစိမ်းမစားသင့်တဲ့ အရာများ အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုပေမယ့် အစားမတော် တလုတ်ဆိုတဲ့ စကားပုံအတိုင်း အစားမမှားဖို့တော့ လိုအပ်တာပေါ့။ ဒီတော့ ကျနော်တို့ မီးဖိုချောင်သုံး အစာတွေထဲက ဘယ်သောအခါမှ အစိမ်း မစားသင့်တဲ့ အစာတွေ အကြောင်း ကျန်းမာရေး ဗဟုသုတအဖြစ် နည်းနည်း ပြောပြချင်ပါတယ်။ အာလူး ပုံမှန်ဆိုရင် အာဟာရစာ ဖြစ်ပေမယ့် အာလူးကို ဘယ်တော့မှ အစိမ်းမစားသင့်ပါဘူး။ အစာအိမ် ရောင်ရမ်းမှုလို အားနည်းချက်တွေအပြင် အစာလမ်းကြောင်းတွင်း အနံ့ဆိုးနဲ့ ဓါတ်မတည့်မှုမျိုး ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ အာလူးမှာ စေးကပ် တောင့်ခဲ့စေတဲ့ ဓါတ်ပါရှိပြီး အစာကြေဖို့ ခက်လို့ပါလို့ Terra Kitchen က တာဝန်ရှိသူ ဒေါက်တာ Lisa Dacis က ပြောပါတယ်။ အာလူးကို ချက်လိုက်ရင်တော့ အဆိုပါ ဓါတ်က ပျက်ပြယ်သွားပြီး အစာချေဖို့ အဆင်ပြေ သွားစေပါတယ်။ ပြီးတော့ အာလူးကို စိုတဲ့၊ နွေးတဲ့ နေရာမှာ ကြာကြာထားရင် မျက်နှာပြင်မှာ အစိမ်းကွက်တွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာ အာလူးမှာ Solaine ဆိုတဲ့ အဆိပ်သင့်မှု ဖြစ်တည်လာခြင်းဖြစ်ပြီး အဆိုပါ အစိမ်းကွက် ပါရှိနေတဲ့ အားလူးကို မစားဖို့ သတိပြုရပါလိမ့်မယ်။ အစာအဆိပ်သင့်ခြင်းလို ဖြစ်ရပ်တွေနဲ့ တွေ့နိုင်လို့ပါ။ Yucca (ယူက) သူကတော့ ကျနော်တို့ဆီမှာ စားသုံးမှု မရှိပါဘူး။ အမေရိကနဲ့ ကာရေဘီယံနယ်တွေမှာ ပေါက်ရောက်မှုရှိပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ် ကြွယ်ဝလို့ တောင်အမေရိကမှာ အစားများပါတယ်။ ဒါပေမယ့် အစိမ်းစားရင်တော့ ဆိုက်ရာနိုက်(Cyanide)လို အဆိပ်သင့်မှု ဖြစ်စေနိုင်ပါတယ်။ ဥအနေနဲ့ရော အရွက်ကိုပါ အစိမ်း မစားသင့်ပါဘူး။ စားမယ်ဆို ရေသေချာဆေး၊ ရေစိမ်ထား၊ အခွံနွှာ၊ ပြီးမှ သေချာကျက်အောင် ချက်စားသင့်ပါတယ်။ ပဲနီကြီး (Kidney Beans) အစိမ်းစားမယ်ဆိုရင် အန္တရာယ်ရှိပေမယ့် ပုံမှန်ဆို အာဟာရစာပါ။ အသားဓါတ်ပါတယ်။ အမျှင်ဓါတ် ပြည့်ဝတယ်။ အောက်ဆီဓါတ်တိုးခြင်းကို လျော့နည်းစေတယ်။ ဒါပေမယ့် အစိမ်းစားမယ်ဆိုရင် အစာအိမ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။ အစိမ်းလိုက်စားမယ်ဆိုရင် ပဲနီကြီးမှာ အဆိပ်ဓါတ် Phytohemagglutinin ပါရှိပါတယ်။ သူက အစာ အဆိပ်သင့်သလို ခံစားရစေမှု ဖြစ်စေပါလိမ့်မယ်လို့ ဒေါက်တာ Davis က ဆက်ပြောထားပါတယ်။ ကိုရီးယားကြက်အူချောင်း(Hot dogs) ပြည်တွင်းမှာက ကိုရီးယားကြက်အူချောင်းလို့ခေါ်လို့ ဒီလိုပဲ သုံးပါရစေ။ သူလည်း အာဟာရစာ ဖြစ်ပေမယ့် အစိမ်းစားရင်တော့ မကောင်းပါဘူး။ တကယ်တော့ သူက အသင့်စား အစာအဖြစ် ဖန်တီးထားတာပါ၊ ဒီအတိုင်း စားနိုင်ပါတယ်။ ဒါပေမယ့် FDA ရဲ့ အဆိုအရတော့ ထုတ်ပိုးထားတဲ့ ကြက်အူချောင်းမှာ Listeria ဆိုတဲ့ ဘက်တီးရီးယား ပါရှိပါတယ်။ ဒီပိုးက ကြက်အူချောင်းကို ချက်လိုက်မှ သေသွားမှာဖြစ်ပြီး မဟုတ်ရင်တောင် အစာအိမ်ကို ဒုက္ခ ပေးနိုင်တယ်လို့ ဆိုပါတယ်။ နွားနို့ ကျနော်တို့ နေ့စဉ်သောက်သုံးပေးသင့်တဲ့ အစာတခုဖြစ်ပေမယ့် အစိမ်းလိုက်ဆိုရင် E. coli နဲ့ Salmonella လို ရောဂါပိုးတွေ ပါရှိနေမှာပါ။။ FDA ရဲ့ အဆိုအရတော့ ဒီလိုပိုးတွေ ပါရှိမှုကြောင့် နွားနို့အစိမ်း သောက်ခြင်းက ဗိုက် အဆင်မပြေခြင်း(ဝမ်းပျက်ခြင်း၊ အော့အန်ခြင်း၊ တုပ်ကွေး၊ ဗိုက်အောင့့်ခြင်း)စတဲ့ ဝေဒနာတွေ ခံစားရဖို့ ပုံမှန်ထက် ၁၅၀ ရာခိုင်နှုန်းလောက်ထိအောင် ပိုစေတယ်လို့ ဆိုပါတယ်။ နွားနို့ကို ကျိုချက် သောက်သုံးပါ။ ပဲပင်ပေါက် သူလည်း လူစားများပါတယ်၊ အာဟာရဖြစ်စေပေမယ့် E. coli, Salmonellaနဲ့ Listeria လို ရောဂါပိုးတွေပါရှိတတ်ပါတယ်။ နွေးပြီး စိုစွတ်တဲ့နေရာမှာ ဖောက်ထားတာဖြစ်လို့ ပဲပင်ပေါက်မှာ ဘက်တီးရီးယားတွေ နားခိုပါရှိနေတတ်တာပါ။ လတ်ဆတ်တဲ့ ပဲပင်ပေါက်ကို ဝယ်စားပါ။ သေချာဆေးပြီးမှ ချက်စားပါ။ ဗာဒံစေ့ သူလည်း ပြည်တွင်းမှာတော့ အစားနည်းပေမယ့် ကျန်းမာရေးအတွက် ကောင်းကွက်တွေ ပါရှိတဲ့အစာပါ။ သူ့မှာ Hydrocyanic Acid ပါရှိပါတယ်။ ဒီအက်ဆစ်က ဟိုက်ဒရိုဂျင်ဆာရာနိုက်လို အဆိပ်မျိုး ဖြစ်စေပြီး ရေကိုပါ မသန့်ရှင်းစေနိုင်လောက်အောင် ဖြစ်စေပါတယ်။ Spruce ရဲ့ ဖော်ပြချက်တခုမှာ ဗာဒံစေ့ ၇၀ လောက်ကို စားမယ်ဆိုရင် အရွယ်ရောက်ပြီး သူတဦး သေဆုံးနိုင်လောက်အောင် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ချက်စားရင်တော့ ရပါတယ်။ အမေရိကန်လို နေရာမှာတောင် ဆိုင်တိုင်း ဗာဒံစေ့ မရောင်းဘူးလို့ သိရပါတယ်။ ဂျုံမှုန့် ဂျုံကလည်း အစိမ်းစားရင် မကောင်းဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ FDA နဲ့ ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအဖွဲ့တွေကနေ ဂျုံကို အစိမ်းစားရင် ဖျားနာမှု အစပျိုး နာမကျန်း စေနိုင်တယ်လို့ ဆိုလာတာ တွေ့ရပါတယ်။ ဂျုံကို ကုန်ကြမ်း အဆင့်ကနေ ကုန်ချောထုတ်လုပ်မှု ကာလအတွင်း E. coli လို ရောဂါပိုးတွေ ဝင်သွားတတ်ပြီး ချက်စားမှ အဆိုပါပိုးတွေ သေသွားနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခရမ်းသီး Solanine လို ဓါတ်တွေ ဝင်ရောက်နေနိုင်မှုကြောင့် သူ့ကို အစိမ်း မစားသင့်ပါဘူး။ အာလူးကို အစိမ်းစားရင်ဖြစ်သလို ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ အစိမ်းစားတာများရင် သင့်အနေနဲ့ အစာအိမ် နေထိုင်မကောင်းမှု ဖြစ်ပါလိမ့်မယ်။ အဆိပ်သင့့်ခြင်း ပုံစံတမျိုးပါ။ တချို့ဆိုရင် ခရမ်းအသီး အစိမ်းနဲ့ မတည့်လို့ စားမိရင် ဓါတ်မတည့်မှုရောဂါ(Allergic)တောင် ဖြစ်တတ်ကြပါတယ်။ www.rd.com တွင်ဖော်ပြထားတဲ့ 9 foods you should never, ever eat raw ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post ဘယ်တော့မှ အစိမ်းမစားသင့်တဲ့ အရာများ appeared first on ဧရာဝတီ.
Source : http://ift.tt/2nHptAe
via IFTTT

No comments:

Post a Comment