Friday, February 2, 2018


မော်လမြိုင်က ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦး နိုင်ငံသားကတ် ၂ ခု ကိုင်ဆောင်မှုဖြင့် အမှုဖွင့်ခံရ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးကို နိုင်ငံသား စိစစ်ရေးကတ်ပြား ၂ ခု ကိုင်ဆောင်ခဲ့ခြင်းကြောင့် မော်လမြိုင်မြို့နယ် လဝက ဦးစီးမှူး ဦးအေးမင်းက ပုဒ်မ ၂ ခုဖြင့် ဖေဖော်ဝါရီ ၁ ရက် က ဒိုင်းဝန်ကွင်း နယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ စုံစမ်း သိရှိရသည်။ ဦးဝင်းလွင်ဦးသည် ၁၉၉၈ ခုနှစ်က ၁၀/မလမ (နိုင်) ၁၉၄၄၉၅ နိုင်ငံသား စိစစ်ရေး ကတ်ပြားကို ကိုင်ဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင်လည်း ၁၀/သထန (နိုင်) ၀၉၉၈၇၁ နိုင်ငံသား စိစစ်ရေး ကတ်ပြားကို ကိုင်ဆောင်ခဲ့ခြင်းကြောင့် မော်လမြိုင် မြို့နယ် လူဝင်မှု ကြီးကြပ်ရေး (လဝက) ဦးစီးမှူးက ရာဇသတ်ကြီး ပုဒ်မ ၄၆၈/၄၂၀ တို့ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။ ပုဒ်မ ၄၆၈ သည် လိမ်လည်ရန် အလို့ငှာ လိမ်လည် အတုပြုမှု ဖြစ်ပြီး ပုဒ်မ ၄၂၀ သည် ပစ္စည်းကို ပေးအပ်စေရန် လိမ်လည် ၍ မရိုးဖြောင့်သော သဘောနှင့် သွေးဆောင်ခြင်းဟု ရာဇသတ်ကြီးက အဓိပ္ပာယ် ဖွင့်ဆို ထားသော် လည်း အမှု စစ်ဆေး ပြီးစီး ပါကပုဒ်မ အပြောင်းအလဲ ရှိနိုင်ကြောင်းလည်း သိရသည်။ ဦးဝင်းလွင်ဦး ကိုင်ဆောင်ခဲ့သည့် ၁၀/သထန (နိုင်) ၀၉၉၈၇၁ နံပါတ်သည် သထုံ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံ တင်ရေး ဦးစီးဌာန၏ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ခြင်း မှတ်ပုံတင်စာအုပ်တွင် ကိုင်ဆောင်သူမှာ ဒေါ်ချိုအေး ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီ ၉ ရက်က လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ပြည်နယ် အဆင့် တာဝန် ရှိသူများ၊ ဥပဒေ တာဝန် ရှိသူများနှင့် မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ တို့သည် မွန်ပြည်နယ် လွှတ်တော်တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြ သည်။ “ကျနော်တို့ စဉ်းစားတာ ရိုးရိုးရှင်းရှင်းပဲ စဉ်းစားတယ်၊ ဒီဟာကို ဘယ်သူက ထုတ်ပေးပြီးတော့ ဘယ်သူတွေ နောက်ကွယ် က ပါဝင်ပတ်သက်ခဲ့လဲ”ဟု မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။ ဇန်နဝါရီ ၉ ရက် ဧရာဝတီ သတင်းဌာန၏ မေးမြန်းချက်အပေါ် ၎င်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။ လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးအား မှတ်ပုံတင်မည်သို့ ရရှိခဲ့ကြောင်းကို သိရှိလို၍ ဇန်နဝါရီ ၉ ရက်တွင် ဧရာဝတီ သတင်း ဌာန က သွားရောက်မေးမြန်းခဲ့ရာ လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ထိုမှတ်ပုံတင်ကိစ္စကို ၎င်းအနေဖြင့် မဖြေကြားလိုသေး ကြောင်းနှင့် ၎င်းဖြေကြားချင်သည့် အခါ ပြန်လည် ဆက်သွယ်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုင်ဆောင်ခဲ့သည့် မှတ်ပုံတင် နံပါတ်နှင့် အခြားသူတဦး၏ မှတ်ပုံတင်နံပါတ်တို့ တခုတည်း ဖြစ်နေကြောင်း ယခင်အစိုးရ လက်ထက်ကတည်းက လှိုင်ရပ်ကွက်နေ ပြည်သူတချို့က မွန်ပြည်နယ် အစိုးရထံ တိုင်ကြား ခဲ့မှု ရှိခဲ့ကြောင်း သိရသည်။ The post မော်လမြိုင်က ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦး နိုင်ငံသားကတ် ၂ ခု ကိုင်ဆောင်မှုဖြင့် အမှုဖွင့်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2GELkRt
via IFTTT

No comments:

Post a Comment