သေနတ်သမားကြည်လင်းကို ချစ်သည့်စိတ်ဖြင့် လာရောက်ဝန်းရံသည်ဟု ဆို ဦးကိုနီအား လုကြံသတ်ဖြတ်ခဲ့သည့် သေနတ်သမား ကြည်လင်းကို လေးစားချစ်ခင်သည်ဟု ဆိုကာ လူအချို့က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာစစ်ဆေးနေသော ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ၄၂ ကြိမ်မြောက်ရုံးချိန်းတွင် လာရောက်ဝန်းရံ အားပေးခဲ့ကြသည်။ အဆိုပါလူများထဲမှ တချို့သည် မင်းတို့ ထမင်းဝအောင်စားထား စာသားအား ရိုက်နှိပ်ထားသည့် တီရှပ်ကိုလည်း ဝတ်ဆင်ထားကြပြီး အားပေးဝန်းရံသည့် အနေဖြင့် ယင်းတီရှပ်ကို ကြည်လင်းအား ပေးအပ်ခဲ့သည်။ ၎င်းတို့ကို သတင်းမီဒီယာများက ဘာကြောင့် ယခုလို လာရောက်ဝန်းရံ ရတာလဲဆိုသည်ကို မေးမြန်းသည့်အခါက ကြည်လင်းအား လေးစားထောက်ခံသောကြောင့်ဟု ပြန်လည်ဖြေကြားသည်။ `ရည်ရွယ်ချက်ကတော့ သူ့ဘက်မှာ ကျွန်တော်တို့တစ်တွေ ရပ်တည်တယ်ဆိုတဲ့ အကြောင်းပေါ့နော်။ ဒါက တခြားဘာမှမဟုတ်ဘူး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လေးစားမှုနဲ့လာတာ။ လူတိုင်းကတော့ အမြင်က ဘယ်တူမလဲဗျာ။ ကျွန်တော်တို့အမြင်မှာ သူက လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားတဲ့အတွက် သူ့ကို အားပေးထောက်ခံတယ် ဆိုတဲ့ ပုံစံမျိုးနဲ့လာတာ။ တခြားရည်ရွယ်ချက်မျိုး မရှိပါဘူး´ ဟု ကြည်လင်းအား အားပေးထောက်ခံသူ ကိုမြတ်ဘုန်းမိုရ်က ပြောကြားသည်။ သတင်ထောက်တစ်းဦးက လေးစားမှုနှင့် အားပေးထောက်ခံသည်ဆိုမှာ ဘယ်လိုပုံစံကို ဆိုလိုပါလဲဟု မေးမြန်းသည့်အခါက ကိုတင်ဌေးအောင် (ခေါ်) အကြီးကောင်က ယခုလိုလာရောက် အားပေးခြင်းသည် ရင်ထဲက ချစ်သည့်စိတ်ဖြင့် လာရောက်အားပေးသည်ဟု ဆိုသည်။ `ကျွန်တော်တို့ကနေပြီး ဦးကြည်လင်းဆီကို လာပြီးတော့ အားပေးတယ်။ ဦးကြည်လင်းကို အားပေးစကား Facebook မှာ ရေးပေးထားတဲ့ Comment တွေရှိတယ်။ အဲဒီ Comment တွေကို ကျွန်တော်တို့ Colour Print ထုတ်တယ်၊ ပြီးတော့ ဦးကြည်လင်းကို သူ့ကို အားပေးစကားပြောတဲ့သူတွေရဲ့ စကားသံတွေကို ကြားပါစေတော့ဆိုပြီး လာပေးတယ်။ အကျင်္ ီကလည်း လက်ဆောင်လာပေးတာ။ ဒါပါပဲ ကျွန်တော်တို့မှာ ကျန်တဲ့ ရည်ရွက်ချက် ဘာမှမရှိဘူး။ ကျွန်တော်တို့ အခုလာတဲ့အထဲမှာလည်း အသင်းအဖွဲ့နဲ့လည်း မဆိုင်ဘူး။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ ရင်ထဲကခံစားချက်နဲ့ သူ့အပေါ်ကို ချစ်တဲ့စိတ်နဲ့ လာပြီးအားပေးတဲ့ သဘောပဲ ရှိပါတယ်´ ဟု ကိုတင်ဌေးအောင် (ခေါ်) အကြီးကောင်က ပြောကြားသည်။ မင်းတို့ ထမင်းဝအောင် စား … ဆိုသည့် စာသားသည် အမှုစစ်နေသည့် တရားသူကြီးများကို ဖိအားပေးနေတာလားဟု တရားလိုရှေ့နေတစ်ဦး ဖြစ်သည့် ဦးခင်မောင်ဌေးက မေးခွန်ထုတ်ကာ ဝေဖန်သုံးသပ်ခဲ့သည်။ ပြီးခဲ့သည့်လပိုင်းက သတင်းထောက်များနှင့် ရှေ့နေများကို ထမင်း ၀အောင်စားထားဟု ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးက ပြောကြားခဲ့ကြောင်း ရှေ့နေဦးရောဘတ်ဆန်းအောင်က မြန်မာသံတော်ဆင့် သတင်းစားသို့ ပြောကြားထားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး အောင်ဝင်းဇော်က ၎င်းတို့ ဤသို့ မပြောကြားခဲ့သည့် အတွက် တရားစွဲမည်ဟု ဇန်နဝါရီလ ၁၉ ရက်က သတင်းထောက်များကို ပြောကြားခဲ့သည်။ အောင်ရဲနောင်
Source : http://ift.tt/2FDa77j
via IFTTT
No comments:
Post a Comment