Saturday, February 3, 2018


အများစုသော လိင်ဆက်ဆံမှုအတွင်း တွေ့ရတဲ့ စိတ်မကျေနပ်မှု ၂ ခု အခု ဆောင်းပါးကို ရေးဖို့ ကိုးကားထားတာက လိင်မှုရေးရာဆိုင်ရာ ပညာရှင် ဒေါက်တာ Ruth Westheimer ရဲ့ လေ့လာပြောကြားထားမှုတွေကို ရယူထားတာပါ။ သူက ၁၉၈၁ ခုနှစ်ကတည်းက ပြည်သူ့ရေဒီယိုလိုင်း တွေကနေ Sexually Speaking ဆိုတဲ့ အစီအစဉ်ကို တင်ဆက်နေခဲ့သူလည်းဖြစ်သလို လိင်မှုရေးရာ အခက်အခဲတွေကို လေ့လာကူညီနေသူ တဦးလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းက သူမနဲ့ အတူ Pierre A. Lehu တု့ိနှစ်ဦးပူးတွဲ ရေးသားထားတဲ့ ဆောင်းပါး The Doctor Is In: Dr. Ruth in Love, Life and Joie de Vivre မှာဆိုရင် လိင်မှုရေးရာ အမေး၊ အဖြေ ကဏ္ဍအတွက် မေးလာသမျှ မေးခွန်းတွေထဲမှာ ကျမကို ခက်ခဲစေနိုင်လောက်တဲ့ မေးခွန်းမျိုး မေးလာသူ တော်တော် ရှားပါတယ်။ အများစုကတော့ ပုံစံတူ မေးခွန်းတွေကိုပဲ မေးလာလေ့ရှိတယ်လို့ သူမက ရေးသားထာတာလည်း တွေ့ရပါတယ်။ ၁၉၈၁ ခုနှစ်အတွင်း ရေဒီယိုကနေ သူူမရဲ့ Sexually Speaking ကို စတင် တင်ဆက် ဖြေကြားမှုတွေ လုပ်ဆောင်နေကတည်းက လူမေး အများဆုံး မေးခွန်း နှစ်ခုပဲ ရှိကြောင်းနဲ့ အမျိုးသားတွေရဲ့မေးမြန်းမှု အများဆုံးမေးခွန်းက သုတ်လွှတ်မြန်နေကြောင်းနဲ့ ဘယ်လို ပြင်ဆင်နေထိုင်ရမလဲ ဆိုတာရယ်၊ အမျိုးသမီး တွေက လိင်ဆန္ဒပြီးမြောက်အောင် ဘယ်လိုနေထိုင်ဆက်ဆံသင့်သလဲ ဆိုတာတွေပဲ ဖြစ်တယ်လို့ သူမက ပြောပါတယ်။ အခုဆိုရင် ဒေါက်တာ ရုက အသက် ၈၉ နှစ်တောင် ရှိနေပါပြီ၊ အခု ရေဒီယိုမှာ တင်ဆင် ဖြေကြားမှု မရှိတော့ပေမယ့် သူမ ဖြတ်သန်းခဲ့သမျှ ကာလအတွင်း မေးမြန်းလာမှုတွေရော တချို့ဆိုရင် တယ်လီဖုန်းနဲ့ပါ ချိတ်ဆက်မေးမြန်းလာမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ မေးခွန်းတွေမှာ စကားလုံး အသုံးအနှုန်း ကွဲပြားမှု အနည်းငယ်ရှိပေမယ့် မေးမြန်းမှုအများဆုံးကတော့ အထက်မှာ ပြောခဲ့တဲ့ သုတ်လွှတ်မြန်နေကြောင်း၊ ဘယ်လို အကောင်းဆုံး နေထိုင်ဖို့ သင့်ကြောင်းနဲ့ အမျိုးသမီးတွေပြီးဖို့ ဘယ်လို ပြုမူသင့်သလဲ ဆိုတာတွေပဲ မေးမြန်းကြတယ်လို့ ဆိုပါတယ်။ The Doctor Is In ဆောင်းပါးထဲမှာ ဒေါက်တာရု ရေးသားထားတာကို ပြန်ကြည့်ရင် – အခုလို မေးခွန်းတွေကို သူမကိုဖြစ်စေ၊ အခြား အကြံပေးသမား တယောက်ကို ဖြစ်စေ၊ မေးမယ်၊ အားကိုးမယ်၊ မေးမြန်းသူရဲ့ ယူဆမှုက ကျမတို့အနေနဲ့ အကောင်းဆုံး အဖြေပေးနိုင်လိမ့်မယ်လို့ ထင်လိမ့်မယ်။ တကယ်တော့ ဒီလိုမေးခွန်း မေးတာ တွေကို ရပ်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ .. တစ်အချက်အနေနဲ့ သက်ငယ်ပိုင်းကလေးတွေက လိင်မှုရေးရာနဲ့ ပတ်သက်ပြီး လေ့လာမှုနည်းတယ်။ ဒီလိုပဲ အလွယ်တကူ လိင်ဆက်ဆံဖြစ်ကြတယ်။ သူတိ့ု မသိတာကို ဘေးလူဆီကနေ မေးမယ်၊ ဒီလောက်ပဲ တွေးတယ်။ နှစ်အချက်က သူတို့ လိင်ဆက်ဆံနေမှု ကာလတလျှောက် အဆင်ပြေတယ်လို့ သူတို့ ယူဆကြတယ်။ ဒါပေမယ့် လိင်ဆက်ဆံမှုနဲ့ ပတ်သက်ပြီး အဓိက အရေးပါတဲ့ အချက်ကိုတော့ မစဉ်းစားကြဘူး။ ဒီလိုနဲ့ သူတို့မှာ အခက်အခဲ တခု ရင်ဆိုင်လာရတယ်။ အဲဒါကတော့ အထက်မှာ ပြောသလို သုတ်လွှတ်မြန်နေခြင်းတွေ၊ လိင်ဆန္ဒပြီးမြောက်မှု မသိခြင်းတွေ ဖြစ်တယ်လို့ ရေးသားထာတာ တွေ့ရပါတယ်။ ဆက်ပြီးတော့ သူမကပဲ အခုလို ပြဿနာ ၂ ခုလုံးက ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ အခြေအနေ အပေါ်ကို မူတည်တယ်လို့ ဆက်ပြောပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းက သူမရဲ့ ရေးသားချက်တခုမှာ သုတ်လွှတ်မြန်ခြင်းက အမျိုးသားတွေအနေနဲ့ အခက်အခဲ တခုဖြစ်သလို သုတ်လွှတ်ဖို့ စိတ်ဖြစ်လာချိန်မှာ အဓိကအနေနဲ့ ထိန်းချုပ်ဖို့လိုအပ်ပြီး ဒီလို ထိန်းချုပ်လိုက်မှုက အမျိုးသားတွေရဲ့ အဓိကပြဿနာ သုတ်လွှတ်မြန်ခြင်းကိုရော တဖက်သား လိင်ဆက်ဆံဖက် အမျိုးသမီး အတွက်ပါ ကောင်းစေတယ်လို့ ဆိုပါတယ်။ Glamour မဂ္ဂဇင်းနဲ့ ဒေါက်တာရုတို့ အင်တာဗျူးမှာဆိုရင်လည်း အမျိုးသမီးတွေ ဆန္ဒပြည့်ဝပြီးမြောက်ခြင်းဟာ ရုပ်ပိုင်းထက် စိတ်ပိုင်းနဲ့ ပိုမိုသက်ဆိုင်ကြောင်း၊ ဘယ်လို အထိအတွေ့ဆိုတာထက် လိင်ဆက်ဆံချိန်မဟုတ်ဘဲ သီးသန့်ရှိနေချိန် မိမိအနေနဲ့ ဘယ်လို စိတ်ခံစားချက်မှာ ဆန္ဒပြီးမြောက်တယ်ဆိုတာ စဉ်းစားပြီး ဆက်ဆံချိန်မှာ ပြီးမြောက်ဖို့ ကြိုးစားသင့်တယ်လို့ ဆိုပါတယ်။ လိင်ပညာပေးကဏ္ဍ Motto ကို ပြောကြားချက်တခုမှာလည်း ဒေါက်တာရုက အမျိုးသားတွေ သုတ်လွှတ်မြန်နေမှုအတွက် အဆင်ပြေမယ့် နည်းလမ်းစာတွေ ဖတ်တယ်။ စာထဲကအတိုင်း ကြိုးစားတယ်။ ဒါပေမယ့် အဆင်မပြေဘူး။ တကယ်တော့ သူတို့ လိုအပ်နေတာ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုနဲ့ ထိန်းချုပ်နိုင်မှုပါ။ ဥပမာ – အမောခံနိုင်ဖို့ အပြေးလေ့ကျင့်သလို သုတ်လွှတ်မြန်နေမှုအတွက် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု လုပ်ဆောင်လို့ မရပါဘူး။ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကသာ အဓိကကျတာပါလို့ ပြောထားတာ တွေ့ရပါတယ်။ ဒီလိုပဲ အဆိုပါ Motto နဲ့ကဏ္ဍမှာ အမျိုးသမီးတွေအတွက်လည်း အများစုသော မိန်းကလေးတွေက လိင်မှုဆန္ဒ ပြီးမြောက်မှုနဲ့ ပတ်သက်ပြီး သိပ်မသိကြပါဘူး။ ထိတွေ့မှုရှိနေသ၍ ဆက်ဆံမှု ရှိနေသလို နေတတ်ကြပါတယ်။ ဒီတော့ ပြောခဲ့သလိုပါပဲ။ တယောက်တည်း သီးသန့်ရှိခိျန်၊ အားချိန်မှာ လိင်မှု အထိအတွေ့အကြောင်းကို စဉ်းစားပါ။ ဘယ်လို အနေအထား၊ အခြေအနေမှာ စိတ်ဆန္ဒ အမြင့်ဆုံး ရောက်တယ်။ နှစ်သက်ပြီးစီးတယ် ဆိုတာတွေးပြီး လိင်ဆက်ဆံဖက်နဲ့ အတူနေချိန်မှာလည်း ပြီးမြောက်မှုအတွက် ကြိုးစားကြည့်ပါလို့ ဆက်ပြောထားတာ တွေ့ရပါတယ်။ www.businessinsider.com တွင် ဖော်ပြထားတဲ့ Dr. Ruth has interviewed thousands of people about their sex lives and she gets the same 2 complaints over and over again ဆောင်းပါးကို ဆီလျော် အောင် ဘာသာပြန်ဆိုသည်။ The post အများစုသော လိင်ဆက်ဆံမှုအတွင်း တွေ့ရတဲ့ စိတ်မကျေနပ်မှု ၂ ခု appeared first on ဧရာဝတီ.
Source : http://ift.tt/2DZqj6a
via IFTTT

No comments:

Post a Comment