Tuesday, February 6, 2018


အားကျစရာ ကောင်းတဲ့ Britney Spears တို့ ချစ်သူစုံတွဲ အဆိုတော် Britney Spears ဟာ သူ့ချစ်သူ မင်းသား၊ Fitness မော်ဒယ်၊ Sam Asghari ကို ချိုမြိန်တဲ့ သတင်းစကားတခု ပေးပို့ခဲ့ပြီး ပိုကောင်းတဲ့ လူတယောက်ဖြစ်စေဖို့ ချစ်သူက လှုံ့ဆော်ပေးတဲ့အကြောင်း ပြောရင်း သူတို့နှစ်ဦးရဲ့ ချစ်သက်တမ်း တနှစ်ပြည့်ကို ဆင်နွှဲခဲ့ကြပါတယ်။ ‘Piece of Me’ အဆိုတော် Britney က သူနဲ့ သူ့ချစ်သူ၊ အသက် ၂၃ နှစ်အရွယ် မင်းသား၊ fitness မော်ဒယ်တို့ ရေတံခွန် တခုနားမှာ အတူတကွ နှစ်ဦးသားရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ခုကို တင်ခဲ့ပြီး အခုလိုမျိုး ဂုဏ်ပြုစကားဆိုခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်၊ Britney က “ကျမ ဒီယောကျာ်းနဲ့ တနှစ်ကျော်လောက် အတူရှိနေခဲ့ပါတယ်။ နေ့တိုင်း သူက ကျမကို ပိုကောင်းတဲ့ လူတယောက်ဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။ ကျမက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး မိန်းကလေးလို့ ခံစားရ လာစေပါတယ်” လို့ Instagram မှာ ရေးသားခဲ့ပါတယ်။ ချစ်သူ မင်းသား Sam ကလည်း Britney ကို ” အလှပဆုံးမိန်းကလေး” လို့ ပြန်လည်တုန့်ပြန် ပြောဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ‘Slumber Party’ ဆိုတဲ့ Music Video ရိုက်ကွင်းမှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး လအနည်းငယ်ကြာတဲ့ အထိ ချစ်သူ မဖြစ်ခဲ့ကြပါဘူး။ ပြီးခဲ့တဲ့နှစ်မှာတော့ Britney က သူ့ချစ်သူနဲ့ ပထမဆုံး စတွေ့ခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ Britney က “အိပ်ခန်းဆီကို သွားတဲ့တံခါးကို ဖြတ်ပြီးတော့ ခန်းမကြီးကို ဖြတ်လျှောက်တဲ့ ဇာတ်ဝင်ခန်းကို သရုပ်ဆောင်နေတဲ့အချိန်မှာ ကျမတို့ဟာ အတူတူ မိနစ် ၂ဝ လောက် အဲဒီမှာ ထိုင်စောင့်ခဲ့ကြတယ်။ ကျမတို့ အဲဒီမှာ အတူတူ စကားဖောင်ဖွဲ့ပြောကြရင်း တယောက်နဲ့ တယောက် စကားပြောဖို့ အကြောင်းဖန်လာပါတော့တယ်” လို့ သူတို့နှစ်ဦး စတင်ရင်းနှီးခဲ့ပုံကို ပြောပါတယ်။ သူ့ချစ်သူ Sam ကတော့ Britney ရဲ့ သား ၂ ယောက်နဲ့လည်း ရင်းနှီးသူ ဖြစ်ပါတယ်။ Sam က သူ့ကိုယ်သူ “ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ယောကျာ်း”လို့ မကြာသေးခင်ပဲ ပြောခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ Britney က မိသားစုတွေနဲ့အတူ အသက် ၃၆ နှစ်ပြည့်မွေးနေ့ ကျင်းပတဲ့နေရာမှာ ကူညီပေးခဲ့ပါတယ်။ Sam က “ဟက်ပီဘတ်ဒေးပါ ကျနော့်ရဲ့တဦးတည်းသော သူရေ… မင်းရှိနေပေးလို့ ကျေးဇူးတင်ပါတယ်။ လှပတဲ့ အမျိုးသမီးတဦးနဲ့ ကြံ့ခိုင်တဲ့ မိခင်တဦးရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ပြသပေးလို့ ကျေးဇူးတင်ပါတယ်။ အားလုံးကို အပိုင်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ကိုယ်ဟာ ကံအကောင်းဆုံး ယောကျာ်း ဖြစ်တယ်လို့ စဉ်းစားနေပါတယ်” လို့ လူမှုကွန်ရက်မီဒီယာပေါ်မှာ ရေးသားခဲ့ပါတယ်။ ကဲ Sam နဲ့ Britney တို့ရဲ့ အချစ်က အားကျစရာ မကောင်းပေဘူးလား။ Ref ; contactmusic The post အားကျစရာ ကောင်းတဲ့ Britney Spears တို့ ချစ်သူစုံတွဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2GTYI4c
via IFTTT

No comments:

Post a Comment