ရုရှား Su-25 တိုက်လေယာဉ် ဆီးရီးယားမှာ ပစ်ချခံရ ရုရှားလေတပ်က ဆူခွိုင်းအမျိုးအစား Su-25 တိုက်လေယာဉ်တစီးဟာ ဆီးရီးယား အနောက်မြောက် ဒေသ Idlib ပြည်နယ်မှာ လေယာဉ်ပစ် ပုခုံးထမ်းလောင်ချာနဲ့ မနေ့က ပစ်ခတ်ခံရတဲ့အတွက် ပျက်ကျသွားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။ Su-25 တိုက်လေယာဉ်ဟာ Idlib ပြည်နယ်က စစ်အေးဇုန်အတွင်း ပစ်ချခံရခြင်းဖြစ်ပြီး လေယာဉ်မှူး ဟာ လေထီးနဲ့ ခုန်ထွက်နိုင်ပေမယ့် အယ် နူဆာ ရာ အကြမ်းဖက်အဖွဲ့ရဲ့ ပိုင်နက်နယ်မြေထဲကို ကျ ရောက် သွားတာကြောင့် မြေပြင်အရောက်မှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။ ဒါဟာ ဆီးရီးယားစစ်ပွဲအတွင်း ၅ကြိမ်မြောက် ရုရှားလေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပစ်ချခံရတာဖြစ် တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ရုရှားလေယာဉ်မှူးရဲ့ ရုပ်အလောင်းကို ရရှိဖို့အတွက် လုပ်ဆောင်နေပြီး၊ ရုရှား လေတပ်ကလည်း အယ်နူဆာရာတပ်ဦးရဲ့ ပစ်မှတ်တွေကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက် နေတယ်လို့ ဆိုပါတယ်။ အယ်နူဆာရာတပ်ဦးနဲ့ အချိတ်အဆက်ရှိတဲ့ Tahrir al-Sham အဖွဲ့ကတော့ ရုရှားလေယာဉ်ကို သူတို့ပစ်ချ လိုက်တာလို့ ပြောကြောင်း Reuters သတင်းကဆိုပါတယ်။ ရုရှားလွှတ်တော် အမတ်တွေကတော့ ဆီးရီးယားက စစ်သွေးကြွတွေ လက်ထဲ လေယာဉ်ပစ် ပုခုံးထမ်းလောင် ချာတွေ ဘယ်လိုရောက်လာသလဲ၊ ဘယ်အမျိုးအစားတွေလဲ ဆိုတာကို စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းပြောဆိုမှု တွေ ပြုလုပ်နေပါတယ်။ အမေရိကန် ပင်တာဂွန် စစ်ဌာနချုပ်ကတော့ အမေရိကန်အနေနဲ့ ဆီးရီးယား သူပုန်တွေကို လေယာဉ်ပစ် ပုခုံးထမ်းလောင်ချာတွေကို ထောက်ပံပေးတာမရှိလို့ ငြင်းဆိုထားပါတယ်။ The post ရုရှား Su-25 တိုက်လေယာဉ် ဆီးရီးယားမှာ ပစ်ချခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2BRhHIV
via IFTTT
No comments:
Post a Comment