Sunday, February 4, 2018


ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် လိုအပ်ချက် အချို့ရှိဟု တပ်ချုပ်ပြော ပုသိမ်မြို့နယ် ရွှေသောင် ယံကမ်းခြေဒေသ၌ နှစ်ရက်ကြာ ပြုလုပ်ခဲ့သော တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုတွင် သတ်မှတ်ထားသော ပစ်မှတ်အချို့ လွဲချော်ခဲ့ပြီးနောက် ယင်းစစ်ရေးလေ့ကျင့်မှုတွင် လိုအပ်ချက်အချို့ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ ဆင်ဖြူရှင်ဟု အမည်ပေး ထားသော တပ်မတော်ကြည်း၊ ရေ၊ လေ ပူပေါင်းစစ်ရေးလေ့ ကျင့်မှုကို ရွှေသောင်ယံ ကမ်းခြေ ဒေသတွင် ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်က ပြုလုပ်ခဲ့ပြီး လေယာဉ် ပေါ်မှ ဗုံးကြဲချမှုနှင့် မြေပြင်မှ လက်နက်ကြီးပစ်ခတ်မှုအချို့သည် ပစ် မှတ် လွဲချော်ခဲ့သည်ကို တွေ့ရ သည်။ စစ်ရေးလေ့ကျင့်မှုအပြီး မီဒီ ယာများနှင့် တွေ့ဆုံရာတွင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က ‘‘ဒါကတော့ ပထမဆုံးစလုပ်တဲ့ လေ့ကျင့်ခန်းဆိုတော့ ကောင်းလှ တယ်လည်း မဟုတ်ပါဘူး။ လို အပ်ချက်တွေလည်း ရှိပါတယ်’’ ဟု ပြောသည်။ စစ်ရေးလေ့ကျင့်မှုပြီးဆုံးပြီး နောက် တပ်မတော်သားများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၄ မိနစ်ကြာခန့် မိန့်ခွန်းပြော ရာတွင်လည်း လေ့ကျင့်မှုအတွင်း ပစ်မှတ်အချို့ လွဲချော်ခဲ့သည့် အ ကြောင်းကို ထည့်သွင်းပြောကြား ခဲ့သည်။ ‘‘မနေ့ (ဖေဖော်ဝါရီ ၁ ရက်) က ဆိုရင် အမြောက်နဲ့ပစ်တဲ့လေ့ ကျင့်ခန်းတွေပါတယ်။ ဒုံးနဲ့ပစ် တဲ့ လေ့ကျင့်ခန်းတွေပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲလေ့ကျင့်ခန်း တွေပါတယ်။ ဒီနေ့ဆိုရင်လည်း လေယာဉ်နဲ့ ဗုံးကြဲလေ့ကျင့်ခန်း တွေပါတယ်။ ဒုံးနဲ့ပစ်တဲ့လေ့ကျင့် ခန်းတွေပါတယ်။ ပစ်မှတ်တွေ ပေါ် မကျဘဲ တချို့ဟာတွေချော် ပြီး ကျတာတွေရှိတယ်။ ဘာဖြစ် လို့လဲ။ နည်းပညာအရလား။ နောက်ပြီး ကျွမ်းကျင်မှုအရလား။ နည်းပညာဆိုရင် ဒီနည်းပညာကို ငါတို့ဘယ်လို ပြန်ပြီးတော့ ကုစား မလဲ။ ငါ ဒီမှာ ဦးစီးချုပ် (လေ) နဲ့ ဦးစီးချုပ်တွေနဲ့ ဆွေးနွေးတယ်။ ဒီလိုသာရန်သူနဲ့ တိုက်လို့ ဒီလို ပစ်မှတ်တွေကို မကျဘူးဆိုလို့ရှိရင် ခံစားသွားရမယ်။ ပစ်မှတ်ကို ကျဖို့အတွက် ပြင်ရမယ်’’ ဟု ပြောကြားသည်။ ထို့အပြင် လိုအပ်ချက်များ ကို သင်ခန်းစာယူ၍ ကျွမ်းကျင်မှု နှင့် နည်းပညာပေါင်းစပ်ကာ စွမ်းဆောင်ရည် ကောင်းအောင် ဆောင်ရွက်ရမည်ဟု ဆက်လက် ပြောသည်။ စစ်ရေးလေ့ကျင့်မှုတွင် တပ် မတော်သား ရှစ်ထောင်ကျော်ပါ ဝင်ပြီး လေယာဉ်နှင့် ရေယာဉ် များ၊ ကမ်းတက်ရေယာဉ်များ၊ သံချပ်ကာယာဉ်များစွာ ပါဝင် သည်။ ရှေ့တန်းစစ်မြေပြင်တွင် ဆေးနှင့် ရိက္ခာပို့ဆောင်ပေးခြင်း နှင့် အရပ်သားများ အန္တရာယ် ကင်းရန် စစ်ပွဲရှောင်လေ့ကျင့် ခန်းများလည်း လေ့ကျင့်ခဲ့သည်။ အသုံးပြုခဲ့သော လက်နက်ခဲယမ်း များသည် တပ်မတော်ထုတ် ခဲ ယမ်းများဖြစ်ပြီး နိုင်ငံခြားဖြစ် ခဲ ယမ်း ၅ ရာခိုင်နှုန်းပင် မပါဝင် ကြောင်း ကာကွယ်ရေးဦးစီးချုပ် က ပြောကြားသည်။ အမြောက်၊ ဒုံးကျည်များနှင့် ကမ်းတက်ရေ ယာဉ်များတွင် တပ်မတော်မှ ထုတ်လုပ်ထားသည်များ ပါဝင် သည်ဟု ဆိုသည်။ တပ်မတော်ထုတ်လက်နက် ခဲယမ်းများအကြောင်းနှင့် ပစ်မှတ် အချို့ လွဲချော်ခဲ့ခြင်းနှင့်ပတ်သက် ၍ ‘‘ငါတို့ထုတ်တဲ့ ပစ္စည်းတွေက ထွက်သွားပြီဆိုပြီး မရဘူး။ ရန်သူ ပေါ်မှာကျကို ကျရမယ်’’ ဟု ကာ ကွယ်ရေး ဦးစီးချုပ်ကမိန့်ခွန်း တွင် ထည့်သွင်းပြောကြားသည်။ ရွှေသောင်ယံ ကမ်းခြေတွင် ပင် ၁၉၉၆ က ပြုလုပ်သော ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုတွင် ကမ်းထိုးရေယာဉ် နှစ်စင်းပါရှိ၍ အရပ်ဘက်မှ ယာဉ် များ ငှားရမ်းအသုံးပြုခဲ့သည်ဟု ကြားသိရကြောင်း၊ ယခုစစ်ဆင် ရေးတွင် တပ်မတော်ထုတ် ကမ်း ထိုးရေယာဉ်များ ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်၍ ဂုဏ်ယူရကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ပြော သည်။ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က မိန့်ခွန်းနိဂုံးတွင် ဆင်ဖြူ ရှင် စစ်ရေးလေ့ကျင့်မှုအပေါ် ၎င်း အနေဖြင့် ကျေနပ်အားရမှုရှိ ကြောင်း အသိအမှတ်ပြုသော် လည်း စွမ်းရည်မြင့်တပ်မတော် ဖြစ်ရန် ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စစ်ရေးလေ့ကျင့်မှုပြုလုပ် ရန် ရွှေသောင်ယံကမ်းခြေဒေသ တွင် ၂၀၁၇ ဒီဇင်ဘာလလယ်ခန့် က စတင်ကာ လေ့ကျင့်ခဲ့ခြင်းဖြစ် သည်။ ရွှေသောင်ယံကမ်းခြေဒေသ ကို စစ်ရေးလေ့ကျင့်သည့် နေရာ အဖြစ် ရွေးချယ်ရခြင်းသည် အုပ် ချုပ်ထောက်ပံမှုကောင်းသည့် ဒေသဖြစ်ပြီး အခြားကမ်းခြေဒေ သများသည် ဟိုတယ်ဇုန်ကဲ့သို့ အဆောက်အအုံများနှင့် မလွတ် ကင်းခြင်းကြောင့် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင် အေးက ပြောသည်။ ထို့အပြင် အမေရိကန်နိုင်ငံ က ဦးဆောင်ပြီး ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် မြွေဟောက်စစ်ဆင် ရေးသို့ ထိုင်းနိုင်ငံက ဖိတ်ကြား ထားရာ လေ့လာသူအနေဖြင့် တက်ရောက်ရန်ရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။
Source : http://ift.tt/2nFQdB3
via IFTTT

No comments:

Post a Comment