ပင်လုံတွင် NLD လူငယ် ၇ သောင်းကျော်က ကြီးမှုးပြီး ပြည်ထောင်စုနေ့ ကျင်းပမည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပင်လုံမြို့နယ် ကျင်းပမည့် ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ လူငယ် ၇ သောင်းကျော်က ကြီးမှူးပြီး ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လူငယ် ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဦး က ပြောသည်။ နေပြည်တော်ရှိ စည်ပင် ဧည့်ရိပ်သာ၌ ဒုတိယအကြိမ် ညီလာညီလာခံကျင်းပရေး ဗဟိုကော်မရှင်၊ ဗဟိုလုပ်ငန်း ကော်မတီ (CWC) နှင့် ပြည်နယ်/တိုင်း ကော်မရှင် ဒုတိအကြိမ် တွေ့ဆုံပွဲကို ဇန်နဝါရီ ၃၁ ရက်နေ့ ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ ဦးမောင်မောင်ဦး က “ပါတီဝင် အနေနဲ့ ၇ သောင်းကျော်ရှိတယ်။ တနေရာနဲ့ တနေရာတေ့ာမတူဘူး။ ရန်ကုန်တိုင်း၊ မြို့နယ် ၄၄ မြို့နယ်မှာဆိုရင် ခေါင်းဆောင်အဆင့် ၆၇၅၀ ဦးရှိပါတယ်” ဟု အစည်းအဝေးအပြီးတွင် မီဒီများကို ပြောသည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပပြီး၊ ညပိုင်းတွင် တိုင်းရင်းသားရိုးရာ အကများနှင့် ဖျော်ဖြေပွဲများ ကျင်းပသွာမည် ဖြစ်ကြောင်း၊ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှု ရှိ မရှိမှာ မသေချာသေးကြောင်း ၎င်းက ဆက်ပြောသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဒုတိယအကြိမ် လူငယ်ကျင်းပရေး ကော်မရှင်ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၄ ရက် နေ့တွင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး၊ မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်၊ ခရိုင် လူငယ် ကျင်းပရေး ကော်မရှင်၊ တိုင်းနှင့်ပြည်နယ် လူငယ်ညီလာကျင်းပရေးကာ်မရှင်ဟူ၍ အဆင့်ဆင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဗဟိုလူငယ် လုပ်ငန်းကော်မတီ (CWC) သည် NLD ပါတီ၏ အနာဂတ်၏ မျိုးဆက်များ ဖြစ်ကြောင်း၊ လူငယ်များ တနိုင်ငံလုံး အနေဖြင့် ပါဝင်ကြပြီး မောင်တောဒေသ မှ လူငယ်များ ပါဝင်ခြင်း မရှိကြောင်း၊ ညီလာခံကျင်းပရသည့် ရည်ရွယ်ချက် မှာလည်း အနာဂတ် မျိုးဆက်သစ် ခေါင်းဆောင်များ ဖော်ထုတ်ပေးနိုင်ရန် အတွက် ကျင်းပရခြင်း ဖြစ်ကြောင်း ဦးမောင်မောင်ဦး က ပြောသည်။ ဒက္ခိဏသီရိမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း က “ဒီမိုကရေ စီစနစ်မှာ ပါတီ နိုင်ငံရေးဟာ အားကောင်းရမှာ ဖြစ်တဲ့ အတွက် လူငယ် မျိုးဆက်သစ်တွေ ကိုစနစ်တကျ ဖော်ထုတ်ပြီးတော့မှ ပါတီမှာ လူငယ် မျိုးဆက်သစ်တွေကို ဖော်ဆောင်ရတာ ဖြစ်ပါတယ်” ဟု ဧရာဝတီ သို့ပြောသည်။ ရှမ်းပြည်နယ် ပင်လုံမြို့ သမိုင်းဝင် ပင်လုံ ကျောက်တိုင်ရှေ့၌ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျင်းပသည့် နှစ် (၇၀) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပခဲ့သည်။ ထို့ပွဲသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ၁၉၄၇ ခုနှစ် သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား ကိုယ်စားလှယ်များ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးစီး ဖော်ဆောင် နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ကို ထောက်ခံကြောင်း ပြောဆိုခဲ့ကြသည်။ The post ပင်လုံတွင် NLD လူငယ် ၇ သောင်းကျော်က ကြီးမှုးပြီး ပြည်ထောင်စုနေ့ ကျင်းပမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2FBmVuF
via IFTTT
No comments:
Post a Comment