Monday, November 27, 2017

7Day News Journal

ပုပ်ရဟန်းမင်းကြီးကို ရိုမန်ကက်သလစ် ဘာသာဝင်များက ပြည်လမ်းနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် ကြိုဆိုနှုတ်ဆက်မည်။ ပုပ်ရဟန်းမင်းကြီး ကြွချီရာ လမ်းကြောင်းတစ်လျှောက် လမ်းများ ပိတ်ထားမည် မဟုတ်ဟုဆို ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယမန်နေ့က ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်နေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း ) မြန်မာနိုင်ငံသို့ လေးရက်ကြာ အလည်အပတ် လာ ရောက်မည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ယနေ့နိုဝင်ဘာ ၂၇ ရက်မွန်းလွဲ ၁ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ရာ ရိုမန်ကက်သလစ် ဘာသာဝင်များက ကြိုဆိုနှုတ်ဆက်မည်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးကို ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် အစိုးရအဖွဲ့ဝင်များနှင့် ရိုမန် ကက်သလစ် ဘာသာဝင်များက အခမ်းအနားဖြင့် ကြိုဆိုမည်ဖြစ် ပြီး လေယာဉ်ကွင်းမှ ပုပ်ရဟန်း မင်းကြီးနားနေမည့် သိမ်ဖြူလမ်းရှိ ကက်သလစ် ဂိုဏ်းချုပ်ဆရာ တော်ကြီးအိမ်တော်အထိ လမ်း တစ်လျှောက်တွင် ဘာသာဝင်များက စုရပ်ငါးနေရာခွဲကာ ကြိုဆိုကြမည် ဖြစ်သည်။ ပြည်လမ်းတစ်လျှောက်မှ ဗိုလ်ချုပ်လမ်းအထိ စုရပ်ငါးခုခွဲ၍ ကြိုဆိုမည်ဖြစ်ပြီး စုရပ်နေရာများ အဖြစ် ၉ မိုင် Ocean Supermar-ket အနီး၊ ၇ မိုင်၊ အင်းလျားကန် ဘေး တံတားဖြူမှတ်တိုင်အနီး၊ ပြည်သူ့ရင်ပြင်ရှေ့၊ ဆူးလေဘု ရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် ဆာကူရာတာဝါရှေ့တွင် ကြိုဆို ကြမည်ဖြစ်သည်။ ‘‘နယ်ကလာတဲ့တချို့ဘာ သာဝင်တွေလည်း ရောက်နေပြီ။ ရန်ကုန်ဘာသာဝင်တွေလည်း ကြိုကြမယ်။ လေဆိပ်ကထွက် လာပြီးရင် စုရပ်ငါးခုသတ်မှတ် ထားတယ်။ အဲဒီနေရာမှာ ကြိုဆို မယ့်သူတွေလာစုကြမယ်’’ ဟု ပုပ်ရဟန်းမင်းကြီးခရီးစဉ်ကြိုဆို နေရာချထားရေးဗဟိုကော်မတီ တာဝန်ခံ ကိုအန်ထော်နီက ပြောသည်။ လေဆိပ်မှ နားနေမည့်အိမ် သို့ ပုပ်ရဟန်းမင်းကြီးသွားရာ လမ်းတစ်လျှောက်တွင် ရန်ကုန် တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ် ဖွဲ့က လိုက်ပါပို့ဆောင်မည်ဖြစ်ပြီး ကားလမ်းများကို လမ်းလွှဲခြင်း၊ မဖြတ်သန်းရန် ခေတ္တပိတ်ထား ခြင်းမျိုးပြုလုပ်မည်မဟုတ်ဟု ရန် ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။ ကြိုဆိုရေးအစီအစဉ်အရ ပြည်လမ်းတစ်လျှောက်နှင့် ဗိုလ် ချုပ်လမ်းတစ်လျှောက်တွင် နိုဝင် ဘာ ၂၇ ရက်၌ ယာဉ်ကြောကျပ် တည်းနိုင်သဖြင့် ရန်ကုန်မြို့နေ ပြည်သူများ နားလည်သည်းခံ ပေးရန် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်လူ ထုဆက်ဆံရေးကော်မရှင်ဒါရိုက် တာ ဖာသာ မာရီရာနိုစိုးနိုင်က မေတ္တာရပ်ခံသည်။ ပုပ်ရဟန်းမင်းကြီးသည် နို ဝင်ဘာ ၂၈ ရက်တွင် နေပြည် တော်သို့ သွားရောက်မည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီ မိနစ် ၅၀ တွင် ၎င်း အား နိုင်ငံတော်သမ္မတအိမ်တော် ၌ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည် ဖြစ်သည်။ ယင်းနောက် နိုင်ငံ တော်သမ္မတနှင့် တွေ့ဆုံမည်ဖြစ် ပြီး ညနေ ၄ နာရီခွဲတွင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံမည်ဖြစ်သည်။ ညနေ ၅ နာရီ မိနစ် ၅၀ တွင် နေပြည်တော် MICC II ၌ အစိုးရအဖွဲ့ဝင်များ၊ သံတမန်များနှင့် လူမှုရေးအဖွဲ့ အစည်းခေါင်းဆောင်များအား မိန့် ခွန်းပြောကြားမည်။ နိုဝင်ဘာ ၂၉ ရက်နံနက် ၈ နာရီမှ ၁၁ နာရီခွဲခန့်အထိ ရန် ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ရိုမန် ကက်သလစ်ဘာသာဝင်များနှင့် တွေ့ဆုံကာ ဝတ်ပြုဆုတောင်းပွဲ ကျင်းပမည်ဖြစ်သည်။ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကမ္ဘာအေး နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံ ချစ်ကြည် ရေးအလည်အပတ်သွားရောက် မည်ဖြစ်သည်။ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်နေအိမ်၌ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ နိုဝင်ဘာ ၃၀ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စိန့်မေရီကာသီ ဒြယ်ဘုရားကျောင်း၌ လူငယ်တစ် ထောင်ကျော်နှင့် တွေ့ဆုံမည်ဖြစ် သည်။ ယင်းနေ့တွင် ပုပ်ရဟန်း မင်းကြီးသည် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံ မည်ဖြစ်သည်။ ထို့နောက် ပုပ် ရဟန်းမင်းကြီးသည် နိုဝင်ဘာ ၃၀ ရက်နေ့လယ် ၁၂ နာရီ ၄၅ မိနစ်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ လေးရက်ကြာ မြန်မာပြည်ခရီး နိုဝင်ဘာ ၂၇ ရက် -မွန်းလွဲ ၁ နာရီရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့စတင်ရောက်ရှိ -မွန်းလွဲ ၁ နာရီခွဲဝန်းကျင်လေဆိပ်မှ သိမ်ဖြူလမ်းရှိကက်သလစ်ဂိုဏ်းချုပ်ဆရာတော်နေအိမ်သို့အသွားလမ်းတစ်လျှောက်ဘာသာဝင်များအား နှုတ်ဆက် နိုဝင်ဘာ ၂၈ ရက် -မွန်းလွဲ ၃ နာရီ ၅၀ မိနစ်နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုဂုဏ်ပြုခြင်း၊ သမ္မတကြီးနှင့် တွေ့ဆုံ -ညနေ ၄ နာရီခွဲနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ -ညနေ ၅ နာရီ ၅၀ မိနစ်အစိုးရအဖွဲ့ဝင်များ၊ သံတမန်များနှင့်လူမှုရေးအဖွဲ့အစည်းခေါင်းဆောင်များအား MICC-II တွင် မိန့်ခွန်းပြောကြား နိုဝင်ဘာ ၂၉ ရက် -နံနက် ၈ နာရီခွဲမှ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်း ရိုမန် နေ့လယ် ၁၁ ခွဲကက်သလစ်ဘာသာဝင်များနှင့် ဝတ်ပြုဆုတောင်းခြင်း(ဆုတောင်းခြင်းမစတင်မီ ပုပ်ရဟန်းမင်းကြီးက လူထုအကြားလှည့်လည်နှုတ်ဆက်မည်) -မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ကမ္ဘာအေးရှိ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ ချစ်ကြည် ရေးအလည်အပတ်သွားရောက် -ညနေ ၅ နာရီ ၁၅ မိနစ်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်နေအိမ်တွင် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များနှင့်တွေ့ဆုံ နိုဝင်ဘာ ၃၀ ရက် -နံနက် ၁၀ နာရီ ၁၅ မိနစ်စိန့်မေရီကာသီဒြယ်တွင် လူငယ်များနှင့်အတူ ဝတ်ပြုဆုတောင်း -မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဘင်္ဂလားဒေ့ရှနိုင်ငံသို့ ထွက်ခွာ -နိုဝင်ဘာ ၃၀ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်နှင့် သီးသန့်တွေ့ဆုံမည်ဖြစ်ပြီး အချိန်အတိအကျကို သတင်းထုတ်ပြန်ထားခြင်းမရှိပေ။
Source : http://ift.tt/2i8Y8bo
via IFTTT

No comments:

Post a Comment